"ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
Bot: Converting bare references, using ref names to avoid duplicates, see FAQ
အရေးမကြီး (Bot: Converting bare references, using ref names to avoid duplicates, see FAQ)
'''ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့''' ({{lang-en|World Wide Fund for Nature}}; အတိုကောက် WWF) သည် ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက်တွင် စတင် တည်ထောင်ပြီး ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးနှင့် လူသားတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေနေမှုများအား လျှော့ချရေး ဆိုင်ရာ နယ်ပယ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ [[အစိုးရ မဟုတ်သော အဖွဲ့အစည်း|အစိုးရမဟုတ်သော အဖွဲ့အစည်း]] တစ်ခု ဖြစ်သည်။ ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ ဟုယခင်က ခေါ်တွင်ခဲ့ပြီး ကနေဒါနှင့် အမေရိကန် နိုင်ငံများတွင် ယင်းအမည်ကို ယနေ့ထက်တိုင် အသုံးပြုနေဆဲ ဖြစ်သည်။
 
ယင်းသည် ကမ္ဘာ့အကြီးဆုံး[[ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့|ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့]] ဖြစ်ပြီး ကမ္ဘာအဝှမ်း ထောက်ခံပံ့ပိုးသူပေါင်း ၅ သန်းကျော် ရှိကာ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းပေါင်း ၁၃၀၀ ခန့် <ref>[http://www.panda.org/about_wwf/where_we_work/project/ WWF conservation projects around the world | WWF<!-- Bot generated title -->]</ref> ကို ပံ့ပိုးပေးနေပါသည်။ WWF သည် ၂၀၁၄ ခုနှစ်အတွင်း လူပုဂ္ဂိုလ်များနှင့် သေတမ်းစာဖြင့် ချန်ထားခဲ့သည်များမှ ရန်ပုံငွေ ၅၅%၊ ([[ကမ္ဘာ့ဘဏ်]]၊ [[DFID]]၊ [[USAID]] တို့ကဲ့သို့သော) အစိုးရ အရင်းအမြစ်များထံမှ ၁၉% နှင့် စီးပွားရေး ကော်ပိုရေးရှင်းကြီးများထံမှ ၈% ရရှိသော ဖောင်ဒေးရှင်း<ref>{{cite web |title=How is WWF run? |url=http://wwf.panda.org/who_we_are/organization/ |accessdate=21 July 2011}}</ref> တစ်ခု ဖြစ်ပါသည်။<ref name="WWF-INT Annual Review">{{Template:Cite book|title = WWFN-International Annual Review|year = 2014|publisher = World Wide Fund for Nature|url = http://d2ouvy59p0dg6k.cloudfront.net/downloads/ar2014_v13_final_lr_sp.pdf|accessdate = 2015-09-17|page = 44}}</ref>
 
အဖွဲ့၏ ရပ်တည်ချက်သည် "ဂြိုဟ်ကမ္ဘာ၏ သဘာဝပတ်ဝန်းကျင် ယုတ်လျော့ပျက်ယွင်းလာနေမှုကို တားဆီးရန်နှင့် လူသားများနှင့် သဘာဝ သဟာဇာတ ဖြစ်စွာ နေထိုင်ကြသည့် အနာဂတ်တစ်ခု တည်ဆောက်ရန်" ဖြစ်ပါသည်။<ref name=quickfacts>[http://www.panda.org/wwf_quick_facts.cfm WWF quick facts]</ref> လက်ရှိအချိန်တွင် ကမ္ဘာ့ ဇီဝမျိုးစုံမျိုးကွဲများ အဓိက နေထိုင် ကျက်စားကြရာ အစိတ်အပိုင်းကြီး ၃ ခုဖြစ်သည့် [[သမုဒ္ဒရာ]]နှင့် [[ကမ်းရိုးတမ်း]]ဒေသများ၊ [[သစ်တော]]များနှင့် [[ရေချိုဒေသ]]များ၏ [[ဂေဟစနစ်]]များအား ထိန်းသိမ်းခြင်းကို အဓိက အာရုံစိုက်ထားသည်။
၄၁၈၁၈

တည်းဖြတ်မှုများ