လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စိန်ဝင်း (ဝန်ကြီး)
စာကြောင်း ၁ -
လေကြောင်းရန်ကာကွယ်အရာရှိချုပ်ရုံး
 
လက်ရှိ လေကြောင်းရန်ကာကွယ်အရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း (ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၆၄) ဖြစ်ပြီး ဒုတိယလေကြောင်းရန်ကာကွယ်အရာရှိချုပ်မှာ ဗိုလ်ချုပ်အောင်မျိုးထွန်း (စစ်တက္ကသိုလ်အပတ်စဉ်-၂၆) ဖြစ်သည်။ လက်ထောက်လေကြောင်းရန်ကာကွယ်အရာရှိချုပ်များအဖြစ် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးချုပ်အဆင့်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားသည်။ [[မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန]] ၏ ပြည်ထောင်စုဝန်ကြီး [[စိန်ဝင်း (ဝန်ကြီး)|ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း]] သည်ယခင်က လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သည်။<ref>http://www.elevenmyanmar.com/opinion/interesting-story-behind-article-‘who-will-be-new-military-chief’</ref>
 
လေကြောင်းရန်ကာကွယ်အရာရှိချုပ်ရုံး၏လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း(၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်(၉)ခု ရှိသည်။ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်မှူးများမှာ ဗိုလ်မှူးချုပ်အဆင့်ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီးအဆင့်တစ်ဦးမှ တာဝန်ယူသည်။