သခင်ကိုယ်တော်မှိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Converting bare references, using ref names to avoid duplicates, see FAQ
စာကြောင်း ၆၉ -
၁၉၂၈-၂၉ ခုနှစ်များတွင် တောပုန်းကြီး စံဖဲ ကြိုးမိန့်ကျသည့် အမှုတွင် အယူခံ ကိစ္စကို ဆရာကြီး ဦးဆောင်ပေးခဲ့ပြီး မြင်းခြံထောင်အထိသွားကာ စံဖဲကို တွေ့ဆုံအားပေးခဲ့ သည်။
 
၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့် အခါ သူရိယ သတင်းစာတွင် ဂဠုန် ဒီပနီ ဆောင်းပါးများရေးသားကာ တောင်သူလယ်သမား သူပုန်များဘက်မှလွတ်လပ်ရေးအတွက် ဆရာကြီးတော်လှန်သူများ ဘက်မှဆရာကြီး မားမားရပ်ခဲ့သည်။
 
၁၉၃၄ ခုနှစ်တွင် ရေနံချောင်းမြို့တွင် ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံသို့ တက်ရောက်ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်းလဲခဲ့သည်။ ထိုနှစ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြားသို့ သခင်လူငယ်များနှင့်အတူ တရားဟောထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များ ပါဝင်ယှဉ်ပြိုင်ကြရာ လူငယ်များနှင့် အတူ ဆရာကြီး လိုက်လံ တရားဟောသည်။
စာကြောင်း ၇၈ -
 
၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လည်း ဆရာကြီးသည် တပည့် သခင်များနှင့် အတူ ရှောင်တိမ်း ပုန်းအောင်းနေရပြန်သည်။
 
== ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ ==
၁၉၅၃ ခုနှစ်တွင် [[တရုတ်ပြည်]]၊ မွန်ဂိုးလီးယား၊ ဟန်ဂေရီ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးအား ငြိမ်းချမ်းရေး စတာလင်ဆု အပ်နှင်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ် နှင့် အိန္ဒိယ နိုင်ငံများသို့ ငြိမ်းချမ်းရေး ကွန်ဖရက် တက်ရောက်ရန် သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ကို ဆရာကြီးအားအပ်နှင်းခဲ့သည်။ ထိုနှစ်တွင်ပင် အရှေ့ ဂျာမနီ သို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။