စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
အရေးမကြီးNo edit summary
စာကြောင်း ၃ -
လွတ်လပ်ရေး မော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးချုပ် နှင့် အငြိမ်းစား နိုင်ငံတော် ဝန်ကြီးချုပ် [[သီရိပျံချီ]] ဦးစိန်ဝင်း ကို အဖ [[တိုက်ပိုင်ရဲမှူးကြီး]] သင်းမြိုင်၊ အမိ ဒေါ်ဖွားကြူတို့က ၁၉၁၉ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် [[မော်လမြိုင်]]မြို့ ဒညင်းကုန်းရပ် ၌ မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက် ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် ဖခင်ကွန်လွန်သွား၍ [[ထားဝယ်]]မြို့ အနောက်ရပ်ရှိ အဘိုးအဘွားများ နှင့်အတူ အရွယ်ရောက်သည် အထိ နေထိုင်ခဲ့သည်။
 
မူလတန်း ပညာကို ထားဝယ်မြို့ ဦးပြုံးရင် ကျောင်းတွင် လည်းကောင်း၊ ငါးတန်းမှ ခုနှစ်တန်း အထိ အမျိုးသမီးအလယ်တန်း နေရှင်နယ်ကျောင်း တွင်လည်းကောင်း၊ ခုနှစ်တန်းမှ ၁၀တန်းအထိ ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်း တွင် လည်းကောင်း ပညာသင်ယူသည်။ ၁၀တန်း ပထမနှစ် ကျရှုံးသဖြင့် ၁၉၃၈ခုနှစ်တွင် မော်လမြိုင်မြို့ရှိ မိခင်နှင့်အတူပြန်လည်နေထိုင်ပြီး [[အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်|ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း]] တွင် ၁၀တန်း ပညာ ဆက်လက် သင်ယူသည်။ ထိုနှစ်တွင် [[ဗိုလ်အောင်ကျော်|ဗိုလ်အောင်ကျော် သပိတ်]] ပေါ်ပေါက်ခဲ့ရာ ကျောင်း၏ သပိတ်မှောက် ကော်မတီတွင်ပါဝင်ပြီး [[ကျိုက်သံလန်စေတီ|ကျိုက်သံလန်]] သပိတ်စခန်းတွင် ခရိုင် ကော်မတီဝင် အဖြစ် ဆောင်ရွက်သည် သပိတ် လှန်ပြီးနောက် ၁၀တန်း စာမေးပွဲ ဖြေဆို အောင်မြင်သဖြင့် ထားဝယ်မြို့သို့ပြန်၍ နေထိုင်သည်။
 
== ရဲအုပ်ဘဝ ==