သရက်သီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁၀ -
သရက်သီးတို့သည်အမျိုးအစားလိုက်၍ အရွယ်အစား စားပုံသဏ္ဌာန်အမျိုးမျိုး ရှိကြလေသည်။ အငယ်ဆုံးအမျိုး အစားသည် ဆီးသီးခန့်မျှသာရှိ၍ အချို့အမျိုးအစားသည် တစ်လုံးလျှင်တစ်ပိသာ ကျော်ခန့်ပင်အလေးချိန်စီးအောင်ကြီးမား သည်။ အချို့အသီးများသည် ဘဲဥပုံဖြစ်၍ အချို့သည်လုံးဝန်းသည်။ အချို့သည်အရင်းကား၍ အဖျားရှူးပြီးလျှင် အချို့တို့သည် ရှည်လျားလျားပုံသဏ္ဌာန် ဖြစ်ကြသည်။ များသောအားဖြင့် အသီး၏အဖျားပိုင်းသည် ငှက်နှုတ်သီးကဲ့သို့ ခပ်ကောက်ကောက်ရှိတတ်လေသည်။ သရက်သီးများမှည့်လာလျှင်အသီးခွံသည်လှပစွာဝါဝင်းလာသည်။ အနံ့လည်းမွှေးလာသည်။ အချို့အသီးမှည့်များသည်အနီတစ်ပိုင်းအဝါတစ်ပိုင်းဖြင့်တစ်မျိုးတစ်ဖုံလှပကြ ပေသည်။ အချို့သရက်မျိုးတို့ကားမှည့်နေသည်တိုင်အောင်အစိမ်းပုပ်ရောင်ပင်ရှိနေတတ်လေသည်။
 
သရက်သီးကို အသီးများ၏ဘုရင်ဟုတင်စားခေါ်ဆိုကြသည်။ သရက်ကို မြန်မာတစ်နိုင်ငံလုံးရှိ အိမ်တိုင်းလိုလိုစိုက်ပျိုးကြသည်။ သရက်ပင်ဆိုသည်မှာ အလွန်အေးသောနေရာများ အထူးသဖြင့် ပေ၄၀၀၀ အထက်နေရာများတွင် မဖြစ်ထွန်းပါ။

==သရက်အမည်များ=
ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အစိုက်အများဆုံးသရက်မျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ နှင့်မချစ်စုမျိုးတို့ဖြစ်ကြသည်။
 
မြန်မာနိုင်ငံတွင် သရက်မျိုးကောင်းများစွာရှိသည်။ အချို့သည် တစ်နိုင်ငံလုံး၌ ကျော်ကြားထင်ရှားသောအမျိုးအစားဖြစ်သော်လည်း အချို့မှာမူ ဆိုင်ရာနယ်ပယ်၌သာ ကျော်ကြားကြသည်။ တစ်ခါတစ်ရံ သရက်တစ်မျိုးတည်းပင် တစ်နယ်တွင်နာမည်တစ်မျိုးစီဖြင့် ကျော်ကြားနေသည်ကို တွေ့ကြရလေသည်။ တစ်နိုင်ငံလုံးတွင်သာမက အရှေ့အာရှတိုက်တွင်ပါ ကျော်ကြားသော မြန်မာသရက်မျိုးတို့မှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ မန္တလေးနက်တဲ့ နှင့် အောက်မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆံစုမေ့သရက် တို့ ဖြစ်ပေသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ နာမည်ကျော်အခြားသရက်များမှာ ရာဇမတ်၊ အောင်ဒင်နှင့် ပလူအိုက်တို့ ဖြစ်ကြသည်။ ဝါဆိုသရက်၊ ရွှေစာရံသရက်တို့ သည်လည်း သရက်မျိုးကောင်းများတွင် ပါဝင်သည်။ အောက်ပိုင်းတွင် ဆံစုမေ့အပြင်တလဖက်၊ ဥသျှစ်၊ မချစ်စု၊ ပန်းဆွဲတို့သည်လည်း နာမည်ကျော်ကြား သောသရက်မျိုး ကောင်းများဖြစ်ကြပေသည်။ စိုင်သရက်မျိုးကား အသီးနုစဉ်ကပင် အနံ့မွှေး၍တို့စားရာ၌ ကြွပ်သောကြောင့်အသီးစိမ်းကို ပို၍ နှစ်ခြိုက်ကြလေသည်။
 
အခြား မြန်မာသရက်မျိုးတို့မှာ ဂျပ်ပြား၊ ကောက်ချိတ်၊ ချမ်းသာအိုး၊ ငှက်ပြာ၊ စိမ်းစား၊ ဆင်ပေါင်၊ တလုပ်ထော်တမောက်၊ တောစာ၊ တောင်စွန်းရင်ကွဲ၊ ထိပ်နီ၊ ထိပ်ပေါက်၊ ထိပ်လုံး၊ မနော်နွယ်၊ ပါးနီ၊ ပျို့တငုံ ၊မင်းကြီး၊ မယ်တော်လက်သည်း၊ မရမ်းကြောင်၊ မိကျောင်းခေါင်း၊ မျောက်ခေါင်း၊ ရင်ကွဲ၊ ရေနံ၊ ရေဝင်၊ရွှေပေ၊ ရွှေလက်ရုံး၊ ရွှေလက်ဝါး၊ ရွှေလောက်စာ၊ ဝက်ခေါက်၊ သကြားဩဇာ၊ သရက်ညို၊ သရက်နီ၊ ငရက်ဖြူ၊ သလပ်ညို၊ သလပ်ဖြူ၊ ညိုကြီး၊ သုံးနှစ်၊ အစေ့စုတ်၊ အိုးတုတ်၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ စသည်တို့ပင်တည်း။ အိန္ဒိယနိုင်ငံမှသရက်မျိုးတို့ကိုလည်း မျိုးယူစိုက်ပျိုးကြရာ ထိုသရက်မျိုးတို့ကို ဗင်္ဂလားဟုခေါ်ကြသည်။ ဗင်္ဂလား သရက်မျိုးပေါင်းလည်း အများအပြားရှိလေသည်။
 
==ပုံစံမျိုးစုံ စားသုံးနိုင်သော သရက်သီး==