ဘသန်း (ရှင်မဟာဗုဒ္ဓဃောသ): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး removed ZWSP |
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၁ -
==ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း==
ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်းဟု လူသိများသော သတင်းစာဆရာ၊ စာရေးဆရာ ဦးဘသန်းကို စစ်ကိုင်းတိုင်း၊ စာရေးကလေးရွာအပိုင် ကန်ကြီးကုန်းကျေးရွာ ၌ ၁၈၉ရခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် အဖ ဦးရွှေအင်းနှင့် အမိဒေါ်ညိုတို့က ဖွားမြင်သည်။ ဦးဘသန်းသည် ဓနုဖြူမြို့ ဂန္ဓာရုံတိုက်၌ ပိဋကတ်စာပေများကို သင်ကြားခဲ့သည်။ ရဟန်းဘဝနှင့် မန္တလေး မဟာသိသုဒ္ဓါရုံတိုက်၊ ပခုက်ကူတိုက်ဟောင်းတို့တွင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို သင်ကြားခဲ့သည်။
အသက် (၃၀) အရွယ်တွင် လူဝတ်လဲပြီး ဓမ္မစကြာတရား သတင်းစာကို ရန်ကုန်မြို့၌ ထုတ်ဝေခဲ့သည်။
ဦးဘသန်းသည် ရန်ကုန်မြို့ နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့တွင်လည်း ဒုတိယစာပြင်မှူးအဖြစ် (၁၂)နှစ် အမှုထမ်းခဲ့သည်။ ထိုဌာနမှ အငြိမ်းစားယူပြီးနောက် မြို့မအထက်တန်းကျောင်းတွင် အထက်တန်း မြန်မာစာပြဆရာအဖြစ် နှစ်နှစ် အမှုထမ်းခဲ့ပြန်သည်။ ဦးဘသန်းသည် နိုင်ငံတော်အစိုးရက အပ်နှင်းသော ဝဏ္ဏကျော်ထင်ဘွဲ့ကိုရရှိခဲ့သည်။ ဦးဘသန်းသည် တိုးတက်ရေး၊ ကြီးပွားရေး၊ ရှုမဝ၊ မြဝတီမဂ္ဂဇင်းတို့တွင် သုတ ရသစာပေများကို ရေးသားခဲ့သည်။ ရေးသားပြုစုခဲ့သော စာအုပ်များအနက် ထင်ရှားသောစာအုပ်များမှာ 'မင်္ဂလာသင်ခန်းစာ'၊ 'မော်လမြိုင်ရာဇဝင်'(၁၉၅၀)၊ ၁၉၅၇-၅၈ ခုနှစ်တွင် စာပေဗိမာန်ဆုရ 'နွယ်မြက်သစ်ပင် ကျေးဇူး'၊ 'ရွှေကျင် သာသနာ နှစ်တစ်ရာ'(သမိုင်း)(၁၉၆၂)၊ 'မဟာစည်ထေရ်မြတ်အတ္ထုပ္ပတ္တိ'(သမိုင်း)(၁၉၆၇)တို့ဖြစ်သည်။
ဦးဘသန်းသည် စာပေလုပ်သားအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စာဆိုတော်နေ့ သက်ကြီးစာပေပညာရှင်အဖြစ် ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၃ခုနှစ်အထိ (၄)ကြိမ် ပါဝင်ကန်တော့ခံခဲ့ရသည်။
ဦးဘသန်းသည် ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ယဉ်ကျွေနှင့် သားသမီးလေးယောက် ကျန်ရစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၅)၊ စာ-၁၉၆ ၊ ၁၉၇။</ref>
==ကျမ်းကိုးစာရင်း==
|