စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁၅ -
အစရှိသော(၁၄)ချက်ပါဝင်သည့်အသင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုပြီးနောက် အုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် လူကြီး (၁၂) ဦးကို ရွေးချယ် တင်မြှောက်ရာတွင် ဝန်ကြီးချုပ် [[ဦးနု]] မှာ ဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့လေသည်။
 
၁၉၄၈ ခု၊ မေလတွင် ရန်ကုန်မြို့ [[ပြည်လမ်း]]ရှိ ဆိုရန်တိုဗီလာ အဆောက်အအုံကို အသင်းတည်ရာ အဖြစ် သတ်မှတ်ပြီး ထို အဆောက်အအုံကို ‘စာပေဗိမာန် အဖြစ် အမည်ပေးခဲ့သည်။ အသင်း၏ ဆောင်ပုဒ်မှာ '''အမှောင်ခွင်း၍ အလင်းဆောင်အံ့''' (Light, where Darkness was) ဟူ၍ပင် ဖြစ်သည်။ အသင်းကို တည်ထောင်စဉ်က အသင်းသားများ စည်းရုံးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဝင်ကြေး နှစ်စဉ်ကြေးများ သတ်မှတ်ပြီး အသင်းသားများ စည်းရုံးခဲ့သေး၏။ နောင်တွင် အသင်းသားစနစ်ကို ဖျက်ခဲ့၏။ဘာသာပြန်စာပေအသင်းဟု အမည်ခံထားစေကာမူ ဖွဲ့စည်းပုံမှာ အသင်းအဖွဲ့ပုံစံမဟုတ်။ ဘာသာပြန်လုပ်ငန်းမှာလည်း ထိုဌာန၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။
 
စတင်တည်ထောင်ကာစက လူထုအလင်းစာစဉ်၊ လူထုအိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ် ဟူသော စာစဉ်အမည်များဖြင့် စာအုပ်များ စတင်ထုတ်ဝေခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များတွင် ဆိုင်ရာဘာသာရပ်များကို မြန်မာစာဖြင့် သင်ကြားရန်အတွက် [[ကျောင်းသုံးစာအုပ်]]များ ဘာသာပြန် ပြုစုရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့၏။ ထိုစာအုပ်များ ပြုစုတည်းဖြတ်ရေး အတွက် ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာန ဟူ၍ ခွဲထားခဲ့သည်။