ကလျာဏီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Ninjastrikers moved page ကလျာဏီ​ကျောက်စာ to ကလျာဏီကျောက်စာ: -zwsp
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:01p14521.jpg|thumb|ကလျာဏီ ကျောက်စာ]]
ကလျာဏီကျောက်စာမှာ [[မြန်မာ သက္ကရာဇ်|ကောဇာသက္ကရာဇ်]] ၈၄၁ ခုနှစ်တွင် [[ဟံသာဝတီ]]ဘုရင် [[ဓမ္မစေတီ]]မင်းကြီး ထိုးစိုက်ခဲ့သော ကျောက်စာဖြစ်၍ ယခုအခါ [[ပဲခူးမြို့]] အနောက်မျက်နှာ မဇင်းချောင်းရပ်ကွက် ရွှေသာလျောင်းဘုရားလမ်း [[ကလျာဏီသိမ်တော်ကြီး]]၏ တောင်ဘက်အနီးတွင် တည်ရှိသည်။
 
ဓမ္မစေတီမင်းသည် ဟံသာဝတီသား မထေရ်ကြီးများကို တောင်းပန်၍ သက္ကရာဇ် ၈၃၇ ခုနှစ် တပို့တွဲလတွင် [[သီဟိုဠ်ကျွန်း]]သို့ စေလွှတ်ကာ သိက္ခာသစ် တင်စေသည်။ မထေရ်ကြီးများသည် သက္ကရာဇ် ၈၃၈ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြတ်စွာဘုရား ရေသုံးသပ်တော်မူခဲ့သော ကလျာဏီမြစ်၌ မဟာဝိဟာရဝါသီဂိုဏ်းမြတ်၏ အဆက်အနွယ်ဖြစ်သော ရဟန်းသံဃာတော်များထံမှ ရဟန်းအဖြစ် ထပ်မံခံယူလျက် နတ်တော်လဆန်း ၈ ရက် တနင်္ဂနွေနေ့တွင် ဟံသာဝတီသို့ ပြန်ရောက်လာ၍ ကလျာဏီသိမ်ကို သမုတ်ကြသည်။ ယင်းကို အကြောင်းပြု၍ ဓမ္မစေတီမင်းက ကျောက်စာစိုက်ထူထားရာ ကလျာဏီကျောက်စာဟု တွင်သည်။