ဘုန်းကြီးကျောင်း: တည်းဖြတ်မှု မူကွဲများ

"'''ဘုန်းကြီးကျော..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၁ -
'''ဘုန်းကြီးကျောင်း'''သည် ဘုန်းကြီး၊ ရဟန်း၊ သံဃာများ သီတင်းသုံးရာ နေရာ အဆောက်အဦကို ခေါ်သည်။ တစ်ချို့ဘုန်းကြီးကျောင်းများသည် ကိုရင်များ၊ အနီးအနားမှ ကလေးသူငယ်များကို စာသင်ပေးလေ့ ရှိသည်။ ရှေးခေတ်ကာလကတည်းက ဘုရင်နှင့် မိဖုရား၊ မှူးကြီးမတ်ရာ၊ သူဌေးသူကြွယ်များက မိမိတို့၏ကိုးကွယ်ရာ ရဟန်းသံဃာတော်များကို ဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းလေ့ ရှိကြသည်။ ဘုန်းကြီးကျောင်းများတွင် အရုံတက်ချိန်၊ ဆွမ်စားချိန်များ သိရန်အတွက် တီး၍ ရသော အုန်းမောင်းကို ထားရှိသည်။ ဥပုသ်နေ့များတွင် လူများ သီလဆောက်တည်ရန်၊ ညနေစောင်း ဝတ်တက်ရန်အတွက် ဓမ္မာရုံ ရှိကြသည်။ တစ်ချို့ဘုန်းကြီးကျောင်းဝင်းများတွင် ဘိနပ်စီး မဝင်ရပေ။ စစ်ကိုင်းတောင် ဒေသများတွင် ဘုန်းကြီးကျောင်းများကို ချောင်ဟုလည်း ခေါ်ဆိုကြသေးသည်။ မြန်မာနိုင်ငံတဝန်းတွင် ဗုဒ္ဓဝင် အကြောင်းအရာများကို သစ်ထွင်းပန်းပုများနှင့် ထုလုပ်ထားသော ဘုန်းကြီးကျောင်းများလည်း ရှိပြီး ထိုကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်တွင်လေသည်။ အရပ်ဒေသတစ်ခုတွင် ဘုန်းကြီးကျောင်းသည် အတော်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။
 
[[Category:မြန်မာ့ ဓလေ့ထုံးစံ]]