ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၁ -
 
# သင်သည် [[WP:SIGNUP|မှတ်ပုံတင်ထားသော အသုံးပြုသူ]] ဖြစ်မှသာလျှင် ဆောင်းပါးသစ်ကို စတင်ဖန်တီးခွင့်ရှိသည် – သင့်အနေဖြင့် အသုံးပြုသူအမည်နှင့် စကားဝှက်ကို ရွေးချယ်ရန်သာ လိုအပ်သည်။ သင်သည် မှတ်ပုံတင်ခြင်း မပြုလုပ်လိုပါက မှတ်ပုံတင်အသုံးပြုသူများနှင့် မှတ်ပုံမတင်ထားသော အသုံးပြုသူများအနေဖြင့် သူတို့၏ ဆောင်းပါးများကို [[Wikipedia:မြန်မာဝီကီတွင် ရှိသင့်သော ဆောင်းပါးများ|ဖန်တီးရမည့် ဆောင်းပါးများ]] ပရောဂျက်စာမျက်နှာတွင် တင်သွင်းပြီး အခြားအသုံးပြုသူများက သုံးသပ်ဝေဖန်ကာ ဆောင်းပါးသစ်များကို လွှင့်တင်ဖန်တီးပေးနိုင်သည်။
# ဝီကီပီးဒီးယားသည် စိတ်ချသေချာရသော အကြောင်းအရာများအတွက်သာ ဖြစ်သည်။ ဝီကီးပီးဒီးယားအနေဖြင့် [[Wikipedia:Notabilityထင်ရှားအရေးပါမှု|"ထင်ရှားသတိထားရလောက်သော"]] ဆောင်းပါးများကိုသာ လိုအပ်ပါသည်။ ခေါင်းစဉ်သည် စွယ်စုံကျမ်းတစ်ခုအတွက် သင့်လျော်ပါက ဆက်လက်လုပ်ဆောင်ပါ။ သင့်အနေဖြင့် မသေချာမရေရာပါက သို့မဟုတ် ဆောင်းပါးသည် သင့်အကြောင်း (သို့) သင်နှင့် နီးစပ်ပတ်သက်သည့် အကြောင်းအရာဆိုပါက ဝီကီပီးဒီးယား [[WP:Teahouse|လက်ဖက်ရည်ဆိုင်]]တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
#'''[[Special:Search|ဝီကီပီးဒီးယားတွင် အရင်ဆုံး ရှာဖွေပါ]]''' - အကြောင်းအရာနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်သည် ''ရှိနှင့်ပြီးသား'' ဖြစ်နေနိုင်ကာ အခြားခေါင်းစဉ်ကွဲတစ်ခုအနေဖြင့်လည်း ရှိနေနိုင်ပါသည်။ အကယ်၍ ရှိနှင့်ပြီးသားဆောင်းပါး ဖြစ်ပါက ထိုဆောင်းပါးကို ပိုမိုကောင်းမွန်အောင် ပြုပြင်တည်းဖြတ်ခြင်းဖြင့် လေ့ကျင့်နိုင်ပါသည်။
# '''အလေ့အကျင့်ယူပါ။''' မစတင်မီ ရှိနှင့်ပြီးသော ဆောင်းပါးများကို တည်းဖြတ်ကြည့်ခြင်းဖြင့် စာရေးသားခြင်းနှင့် ဝီကီ markup များ အသုံးပြုခြင်းများကို ရင်းနှီးလာစေနိုင်ပါသည်။ – ကျွန်ုပ်တို့အနေဖြင့် သင့်အား [[WP:TUTOR|ဝီကီပီးဒီးယား တျူတိုရီရယ်]] ကို ပထမဆုံး ဝင်ရောက်ဖတ်ရှုလေ့လာရန် အကြံပြုလိုပါသည်။ သို့မဟုတ် တည်းဖြတ်ခြင်း အခြေခံကို လေ့လာနိုင်ရန် [[Wikipedia:Contributing to Wikipedia|ဝီကီပီးဒီးယားတွင် ပါဝင်ရေးသားခြင်း]] ကို ဖတ်ရှုစေလိုပါသည်။
စာကြောင်း ၅၁ -
 
; သင့်ကိုယ်သင်အကြောင်း၊ သင့်သူငယ်ချင်းများ၊ သင်၏ဝက်ဘ်ဆိုဒ်၊ သင်ပါဝင်သော အစုအဖွဲ့၊ သင်၏ ဆရာ၊ သင်ရေးသားသော ပုံပြင်များ စသည့် ဆောင်းပါးများ။ : ''သင်''သည် စွယ်စုံကျမ်းတွင် ပါဝင်နိုင်ရန် ထိုက်တန်သည်ဟု ယူဆပါက အခြားသူတစ်ယောက်မှ သင့်အကြောင်း ဆောင်းပါးကို ရေးသားပါစေ။ သင်၏သူငယ်ချင်းများအကြောင်းကို စွယ်စုံကျမ်းတစ်ခုတွင် ထည့်သွင်းခြင်းသည် အံ့အားသင့်ဖွယ်ရာ သို့မဟုတ် အပျင်းပြေဖွယ်ရာ ဟာသအနေဖြစ်သော်လည်း ထိုသို့သော ဆောင်းပါးများသည် [[Wikipedia:Articles for deletion|ဖယ်ရှားခြင်း]]ခံရနိုင်သည်။ ဤအခြေအနေသည် နာကျင်ဖွယ်ရာဖြစ်ပြီး ဆောင်းပါးကို ထပ်မံဖန်တီးရန် ကြိမ်ဖန်များစွာ ကြိုးစားပါက သင်သည်လည်း တည်းဖြတ်ခြင်းကို [[Wikipedia: Blocking Policy|ပိတ်ပင်ခြင်း]]ခံရနိုင်သည်။ ထိုအခြေအနေများကို သင့်၏ အမျှော်အမြင်ဖြင့် ရှောင်ကျဉ်နိုင်ပါသည်။ သင်သည် အမှန်တကယ် ထင်ရှားအရေးပါပြီး ဘက်မလိုက်စေရန် နှိမ့်ချမှုလုံလောက်စွာရှိပါက ဆောင်းပါးသည် ကျန်ရှိနိုင်ပါသည်။ သို့သော် စာကြမ်းရေးသားတင်သွင်းပြီး သဘောတူခွင့်ပြုချက်နှင့် လူထု၏ [[WP:CONSENSUS|အများဆန္ဒ]] တောင်းခံခြင်းက သည်အတိုင်းရေးသားတင်လိုက်သည်ထက် ပိုမိုကောင်းမွန်ပါသည်။
; ထင်ရှားအရေးပါမှုမရှိသော ခေါင်းစဉ်များ : လူများသည် စာမျက်နှာများကို စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်သင့်ရှိသော [[Wikipedia:Notabilityထင်ရှားအရေးပါမှု|အမှန်တကယ် ထင်ရှားအရေးပါမှု ရှိမရှိ]] ကို စဉ်းစားခြင်းမရှိပဲ မကြာခဏ ထည့်သွင်းလျက်ရှိကြသည်။ ဝီကီပီးဒီးယားသည် စာမျက်နှာအခြေပြုပုံနှိပ် စွယ်စုံကျမ်းများကဲ့သို့ နေရာကန့်သတ်ချက်မရှိခြင်းကြောင့် ကျွန်ုပ်တို့၏ [[WPWikipedia:Notabilityထင်ရှားအရေးပါမှု|ထင်ရှားအရေးပါမှု]] မူဝါဒနှင့် လမ်းညွှန်ချက်များသည် ဆောင်းပါးများကို ကျယ်ပြန့်သည့်အပိုင်းအခြားတစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ သို့ဖြစ်သော်လည်း ''ခေါင်းစဉ်တိုင်း'' ပါဝင်နိုင်ရန် ခွင့်ပြုထားခြင်းမရှိပေ။ ထင်ရှားသိသာကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသော သို့မဟုတ် တိကျခိုင်မာသည့်ရင်းမြစ်နှင့် အရေးပါမှုမရှိသော လူများအကြောင်း၊ ကုမ္ပဏီများ၊ အုပ်စုအဖွဲ့များ အကြောင်းစာမျက်နှာများကို ကျွန်ုပ်တို့၏ [[WP:SPEEDY|အလျင်အမြန် ဖျက်ပစ်ခြင်း]] မူဝါဒအရ ယင်းကဲ့သို့သော စာမျက်နှာများကို လျင်မြန်စွာ ဖျက်ပစ်ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောင်းပါးများဖန်တီးရာတွင် သင်ရွေးချယ်လိုက်သော ခေါင်းစဉ်သည် ဝီကီပီးဒီးယားအတွက် လုံလောက်သော ထင်ရှားအရေးပါမှုရှိခြင်းနှင့် ထင်ရှားအရေးပါမှုကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန် သို့မဟုတ် တိကျခိုင်မာသည့် ရင်းမြစ်များကို ကိုးကားခြင်းဖြင့် သင့်အကြောင်းအရာကို အရေးပါမှုပြသနိုင်ရန် ''ကျေးဇူးပြု၍'' စဉ်းစားပါ။ ဝီကီပီးဒီးယားသည် အရာအားလုံးပါဝင်တည်ရှိနေနိုင်သည့် [[WP:NOT|လမ်းညွှန်စာအုပ် မဟုတ်ပါ]]။
; ကြော်ငြာခြင်း : ကျေးဇူးပြု၍ [[Wikipedia:spam|သင့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ဈေးကွက်မြှင့်တင်ခြင်း]] မပြုလုပ်ပါနှင့်။ ဆောင်းပါးတစ်ခုတွင် ပါဝင်သင့်သည်ဟု ကြားနေအဖွဲ့တစ်ခုမှ ဆုံးဖြတ်ထားသည့် လင့်ခ်များမှလွဲ၍ သင်၏ စီးပွားရေးဝက်ဘ်ဆိုဒ်လင့်ခ်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ကျွန်ုပ်တို့တွင် [[:en:Kleenex|Kleenex]] သို့မဟုတ် [[:en:Sharpie (marker)|Sharpie]]s ကဲ့သို့သော ထုတ်ကုန်များအကြောင်း၊ သို့မဟုတ် [[:en:McDonald's|McDonald's]] ကဲ့သို့ သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ မရှိပါ။ သို့သော် သင်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ရေးသားမည်ဆိုပါက [[:en:Wikipedia:Neutral point of view|ဘက်မလိုက်သော အမြင်]]ဖြင့် ရေးသားရန် သတိပြုပါ။
; ကိုယ်ရေးကိုယ်တာ အက်ဆေးများ သို့မဟုတ် သုတေသနစာတမ်းများ : ဝီကီပီးဒီးယားသည် ''ရှိနှင့်ပြီးသော'' လူ့ဗဟုသုတများအတွက် ဖြစ်သည်။ ကိုယ်ပိုင်ဖန်တီးမှုများကို ရေးသားလွှင့်တင်ရန် နေရာမဟုတ်ပေ။ လက်ခံနိုင်ဖွယ်ရာ အကိုးအကားများ ''ထောက်ပြပေးနိုင်လျင်တောင်မှ'' သင်၏ ကိုယ်ပိုင် [[:en:Wikipedia:No original research|မူလသီအိုရီများ၊ ထင်မြင်ချက်များ၊ သို့မဟုတ် ထိုးထွင်းအမြင်များ]] ပါဝင်သည့် ဆောင်းပါးများကို မရေးပါနှင့်။ မှားယွင်းလေ့ရှိသည်မှာ ဆောင်းပါးတစ်ခုတွင်းတွင် ဆန်းသစ်သော ပေါင်းစပ်အတွေးအခေါ်များ ထည့်သွင်းခြင်းဖြစ်သည်။ မှတ်ယူရန်မှာ၊ အချက်အလက် "အေ" နှင့် အချက်အလက် "ဘီ" နှစ်ခုစလုံးမှန်ကန်သောကြောင့် "အေ" သည် "ဘီ"၏ အကြောင်းရင်းခံဖြစ်သည် သို့မဟုတ် အပြန်အလှန်အားဖြင့် ဟု မဆိုလိုပေ (ယုတ္တိအမှား)။
စာကြောင်း ၁၁၃ -
 
; Breaking news ဖြစ်ရပ်များ
: ဝီကီပီးဒီးယားသည် သိသာထင်ရှားသည့် မကြာမီက အဖြစ်အပျက်များအကြောင်း ဆောင်းပါးများကို လက်ခံသော်လည်း ကြာရှည်မခံသည့် ထင်ရှားမှုမျိုးအဖြစ်ပျက်များအကြောင်း breaking news ဆောင်းပါးများမှာမူ [[WP:NOTNEWS|ကျွန်ုပ်တို့ ပရောဂျက်အတွက် မသင့်တော်ပေ]]။ ထိုကဲ့သို့သော ဆောင်းပါးများကို ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက် [[Wikinews|ဝီကီသတင်း]]တွင် ရေးသားရန် စဉ်းစားပါ။ နောက်ထပ် အချက်အလက်များအတွက် [[WP:en:Wikipedia:Notability (events)EVENT|အရေးပါထင်ရှားသော ဖြစ်ရပ်များ]] တွင် ဖတ်ရှုပါ။
 
;မှားယွင်းသော စာမျက်နှာတွင် တည်းဖြတ်ခြင်း