ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉ -
| ကလောင်အမည်၁=
| ပုံ = Kolinda Grabar-Kitarovićile (34771463620).jpg
| ဓာတ်ပုံစာတမ်းဓါတ်ပုံစာတမ်း = ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
| တာဝန် ထမ်းဆောင်ရာဌာန ၁ = ခရိုအေးရှားနိုင်ငံ သမ္မတ
| ရာထူး ၁ = စတုတ္ထမြောက်
စာကြောင်း ၆၆ -
 
ဂရာဘာ-ကီတာရိုဗစ်ချ်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မခံရမီက အစိုးရဆိုင်ရာနှင့် သံတမန်ရေးရာတို့၌ ရာထူးအချို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၀၃ မှ ၂၀၀၅ ခုနှစ် အထိ ဥရောပရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၈ ခုနှစ် အထိ နိုင်ငံခြားရေးရာနှင့် ဥရောပ ပေါင်းစည်းရေးဆိုင်ရာ ပထမဆုံး အမျိုးသမီး ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် အိုင်ဗိုဆနာဒါ၏ ပထမနှင့် ဒုတိယ အစိုးရ အဖွဲ့ နှစ်ခုစလုံးတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ မှ ၂၀၁၁ အထိ အမေရိကန်နိုင်ငံတွင် ခရိုအေးရှား သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နေတို့းအဖွဲ့တွင် အများပြည်သူဆိုင်ရာ သံတမန်ရေးရာ ကဏ္ဍ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂၀၁၁ မှ ၂၀၁၄ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ <ref name="natobio">{{cite web|url=http://www.nato.int/cps/en/natolive/who_is_who_76170.htm|title=NATO – Biography: Kolinda Grabar-Kitarovic, Assistant Secretary General for Public Diplomacy|author=NATO|date=29 August 2014|work=NATO}}</ref>
 
 
ဂရာဘာ-ကီတာရိုဗစ်ချ်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ခရိုအေးရှား သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၄ ဦး အနက် တစ်ဦးတည်းသော အမျိုးသမီး အဖြစ် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ပြီး ပထမအဆင့်တွင် ဒုတိယ နေရာရရှိခဲ့ကာ ဒုတိယ အဆင့်တွင် လက်ရှိသမ္မတ အိုင်ဗိုဂျိုဆီပိုဗစ်အား မဲအနည်းငယ်မျှ အသာဖြင့် အနိုင်ရခဲ့သည်။ ပထမအဆင့်တွင် သူမ၏ အနိုင်ရမှုအား အများစုက မမျှော်လင့်ထားကြပဲ ထင်မြင်ယူဆချက်များကို မဲအနေဖြင့် ကောက်ခံရာတွင် အများစု၌ လက်ရှိ သမ္မတ ဂျိုဆီပိုဗစ်အနေနှင့် အပြတ်အသတ် အနိုင်ရမည်ဟု ခန့်မှန်းကြပြီး အချို့ဆိုလျှင် လိုအပ်သည့် မဲ ၅၀% ကျော်ကို တစ်ခါတည်းဖြင့် ရရှိလိမ့်မည်ဟု ထင်မြင်ချက်ပေးကြသည်။ ဒုတိယအဆင့်တွင် ဂရာဘာ-ကီတာရိုဗစ်ချ်သည် ဂျိုဆီပိုဗစ်အား အနီးစပ်ဆုံး ရာခိုင်နှုန်းအသာဖြင့် အနိုင်ရရှိခဲ့ပြီး ၁.၄၈% မျှသာ ဖြစ်သဖြင့် ယနေ့အထိ ခရိုအေးရှားတွင် ကျင်းပပြုလုပ်သော ရွေးကောက်ပွဲများတွင် အနည်းဆုံး အသာရမှုဖြစ်ပြီး အရွေးချယ်ခံပြီးခဲ့သမျှ သမ္မတများတွင် အနည်းဆုံး မဲအရေအတွက်ဖြစ်သော ၁.၁၁၄ သန်း မျှ သာ ရရှိခဲ့သည်။ ထို့ပြင် နိုင်ငံတွင် ယခင်က ၂၀၀၉ မှ ၂၀၁၁ အထိ အမျိုးသမီး ဝန်ကြီးချုပ် ဂျန်ဒရာကာ ကိုဆော် ရှိခဲ့သဖြင့် ဂရာဘာ-ကီတာရိုဗစ် သမ္မတအဖြစ် အရွေးချယ်ခံရချင်းကြောင့် ခရိုအေးရှားနိုင်ငံသည် အမျိုးသမီး နိုင်ငံ့ဥသျှောင် နှင့် အစိုးရခေါင်းဆောင် နှစ်ခုစလုံး ရှိခဲ့ဖူးသော ပါလီမန် သမ္မတနိုင်ငံ အနည်းငယ်တွင် စာရင်းဝင်ခဲ့သည်။
 
ဂရာဘာ-ကီတာရိုဗစ်ချ်သည် ၁၉၉၃ မှ ၂၀၁၅ အထိ ရှေးရိုးစွဲသော ခရိုအေးရှန်း ဒီမိုကရက်တစ် သမဂ္ဂ ပါတီ၏ ပါတီဝင် ဖြစ်ခဲ့သည်။ <ref>{{cite web|url=http://www.jutarnji.hr/kolinda-se-javila-sefu-karamarku--izlazim-iz-hdz-a/1292459/|title=Kolinda se javila šefu Karamarku: Izlazim iz HDZ-a|publisher=Jutarnji.hr|accessdate=6 March 2015}}</ref> ဂျပန် အနောက်ဥရောပနှင့် မြောက်အမေရိကတို့ ပူးပေါင်းဆောင်ရွက်သော ထရိုင်လက်ထရယ် ကော်မရှင် အဖွဲ၏ ခရိုအေးရှား အဖွဲ့ဝင် သုံးဦးတွင် တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။<ref>{{cite web|url=http://www.narodni-list.hr/posts/29685001|title=Kolinda Grabar Kitarović - nova nada Hrvatske|work=Narodni List|accessdate=6 March 2015}}</ref> သို့သော်လည်း သမ္မတ ဖြစ်လာသော အခါတွင် ထိုနှစ်နေရာစလုံးမှ နှုတ်ထွက်ခဲ့ရသည်။ အကြောင်းမှာ ခရိုအေးရှား သမ္မတ အနေနှင့် နိုင်ငံရေး ရာထူး နှင့် ပါတီဝင် အဖြစ် သမ္မတ တာဝန်ထမ်းဆောင်နေစဉ် လုပ်ဆောင်ခွင့် မပြုသောကြောင့် ဖြစ်သည်။<ref>{{cite web|author= |url=http://www.index.hr/vijesti/clanak/kolinda-vise-nije-clanica-rockefellerove-trilaterale--jedne-od-najmocnijih-grupa-na-svijetu/813710.aspx |title=Kolinda više nije članica Rockefellerove Trilaterale, jedne od najmoćnijih grupa na svijetu - Vijesti |publisher=Index.hr |date= |accessdate=2015-09-06}}</ref> ၂၀၁၇ ခုနှစ်တွင် ဖော်ဘီ မဂ္ဂဇင်းမှ ဂရာဘာ-ကီတာရိုဗစ်အား ကမ္ဘာပေါ်တွင် ၃၉ ယောက်မြောက် ဩဇာအာဏာ အရှိဆုံး အမျိုးသမီး အဖြစ် စာရင်းသွင်း ဖော်ပြခဲ့သည်။<ref>{{cite web|url=http://www.jutarnji.hr/vijesti/hrvatska/forbesov-izbor-kolinda-grabar-kitarovic-je-39-najmocnija-zena-na-svijetu/6707679/|title=FORBESOV IZBOR Kolinda Grabar-Kitarović je 39. najmoćnija žena na svijetu|publisher=|accessdate=6 February 2018}}</ref>
 
 
==ကိုးကား==