ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၄ -
| ဆု= ဗိုလ်မှူးကြီး
}}
'''ဗထူး''' (၁၉၁၆ - ၁၉၄၅) သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ဖက်ဆစ် ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ကျော်ကြားခဲ့ သူဖြစ်သည်။
 
== ငယ်စဉ်ဘဝ ==
ဗိုလ်မှူးကြီး ဗထူး(၁၉၁၆ - ၁၉၄၅)သည် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အပိုင် လေသွန်းခံရွာ ဇာတိဖြစ်၍ ဦးဖိုးထွန်း ( အဖ ရွာသူကြီး ဦးဘထွန်း) ''' မြန်မာ့စွယ်စုံကျမ်း အတွဲ (၇) စာမျက်နှာ (၃၃၄) တွင်ဖော်ပြထားသော ဗိုလ်မှူးကြီး ဗထူး အတ္ထုပ္ပတ္တိ၌ ၎င်း၏ ဖခင်အမည် ကို ဦးဖိုးထွန်းဟု မှားယွင်းစွာ ဖော်ပြထားသည်။''' {{ref|a|A}} နှင့် ဒေါ်စိန်မြရင် တို့၏ သားထွေး ဖြစ်သည်။ မိဘများမှာ လယ်သမား အမျိုးအနွယ်များ ဖြစ်သည်။
 
ငယ်စဉ်က ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား ခဲ့ပြီးနောက် အဋ္ဌမတန်းသို့ ရောက်သောအခါ အလုပ် လုပ်လိုသဖြင့် ကျောင်းမှ ထွက်ခဲ့သည်။ မိဘများနှင့် မိတ်ဆွေ သူငယ်ချင်းများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း မရ၍ လက်လျှော့ခဲ့ရ၏။ သူ၏ မိဘများနှင့် ခင်မင်ရင်းနှီးသည့် ဟိန်းဒါး သတ္တုတွင်း (ဟိန်းဒါးမိုင်း) မှ အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် ဟိန်းဒါးမိုင်းတွင် အလုပ်ရခဲ့သည်။ ဗိုလ်ဗထူး၏ ရိုးသား ဖြောင့်မတ်ခြင်း၊ လုံ့လ ဝီရိယ ရှိခြင်း၊ ပေါင်းသင်း ဆက်ဆံမှု ကောင်းခြင်း၊ ခေါင်းဆောင်မှု ကောင်းခြင်းတို့ကြောင့် အလုပ်ဝင်ပြီး၍ မကြာမီပင် မန်နေဂျာ အဖြစ် လွှဲအပ်ခြင်း ခံရသည်။
 
== မိသားစုနှင့် မောင်ဗထူး ==
မိဘများနှင့် ခင်မင် ရင်းနှီးစွဲ ရှိသည့် [[ဟိန်းဒါး]]မိုင်း အိုဗာဆီယာချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏ သမီး မအုန်းတင်နှင့် ဗိုလ်ဗထူးသည် ထိမ်းမြား လက်ထပ်ခဲ့၍ သားကြီး မောင်ဖေဝင်း ('''[[မြင့်ထူး၊ ဗိုလ်မှူး| ဗိုလ်မှူးမြင့်ထူး]]-စစ်အစိုးရ ၏ ညှဉ်းပမ်း နှိပ်စက်မှုကြောင့် စစ်ကြောရေး စခန်းတွင် သေဆုံးခဲ့ရသူ''') {{ref|b|B}} ၊ သားငယ် မောင်စန်းဝင်း ('''ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်''') {{ref|c|C}}နှင့် သမီး မခင်ဝင်း ('''ဒေါ်မိမိလေး'''){{ref|d|D}} ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။
 
ဗိုလ်ဗထူးသည် အလုပ်တွင် တိုးတက်မှု ရရှိခဲ့သော်လည်း၊ အရင်းရှင် လက်အောက်က လစားတို့၏ ဘဝကို ခံစား တွေ့ကြုံလာရသော အခါတွင် ဆင်းရဲသား အလုပ်သမားတို့ အတွက် အခွင့်အရေး တောင်းဆိုခြင်းကို ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ပေး၏။ ထို့ကြောင့် အရင်းရှင် သတ္တတွင်း ကုမ္ပဏီ ပိုင်ရှင်များ၏ အမုန်းခံရကာ ၁၉၄၁ ခုနှစ် ကုန်လုလု အာရှစစ်ပွဲကြီးများ စတင်ခါနီး အချိန်တွင် အလုပ်မှ ထုတ်ပစ်ခြင်း ခံရလေသည်။
 
== တပ်မတော်တွင်း ဝင်ရောက်ခြင်း ==
Line ၅၅ ⟶ ၅၂:
မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည် သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်မှူးကြီး ဗထူးသည် ကျောက်ဆည်မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့သို့ ရောက်ခဲ့သည်။ ထိုအချိန်သည် မိုးဥတုလည်း ဖြစ်၍ ရာသီဥတုမှာလည်း ကြမ်းလှသဖြင့် ခရီးပန်း၊ လူပန်း ဖြစ်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးနှင့်တကွ ရဲဘော်တို့သည် ကျန်းမာရေး ချို့တဲ့၍ ဖျားနာခြင်းများ ဖြစ်ကုန်၏။ ဗိုလ်မှူးကြီး ဗထူးသည်လည်း အင်းတော်၊ ကလေးဝ စစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်ခဲ့သော [[ငှက်ဖျားရောဂါ]] ပြန်ပေါ် လာတော့သည်။ ရှိသမျှ ဆေးဝါးတို့ဖြင့် အစွမ်းကုန် ကုစား ငြားသော်လည်း နာလန် မထူတော့ဘဲ ဗိုလ်မှူးကြီး ဗထူးသည် ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည်တောင်ပိုင်း [[အောင်ပန်းမြို့နယ်]]၊[[မြင်းကြာဒိုးရွာ]]အနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။ တယ်လူစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြာဒိုး ရွာအနီး အိမ်ခြေ ၇ အိမ်ခန့်သာ ရှိသော ရွာသိမ် ရွာငယ်ကလေးသာ ဖြစ်ပေသည်။ တောကြို အုံကြား စစ်မျက်နှာတို့၌သာ အချိန် ကုန်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးသည် ကွယ်ချိန်အထိ သူ့အား ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့် ဂုဏ်ပြုသော [[ဗိုလ်ချုပ်အောင်ဆန်း]] ၏ အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီး ဗထူးကား ဗမာ့လွတ်လပ်ရေး တပ်မတော်တွင်း ဝင်ရောက်သည့်နေ့မှ စ၍ ဇနီး၊ သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက် ကြည့်ရူရန်ပင် အချိန် မရလောက်အောင် တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်များကို ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ကြီး တစ်ဦးပင် ဖြစ်လေသည်။
 
* အမှန်တကယ် ဗိုလ်မှူးကြီး ဗထူးသည် ငှက်ဖျားရောဂါနှင့် သေဆုံးခြင်း မဟုတ်ပဲ၊ ငယ်ပါကို ဗုံးဆံမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း မြင်းကြာဒိုးရွာရှိ ရှေးလူကြီးများ ပြောပြချက်အရ သိရသည်။ မြင်းကြာဒိုးရွာသည်လည်း အောင်ပန်းမြို့နယ်အတွင်းတည်ရှိခြင်း မဟုတ်ပဲ ရွာငံမြို့နယ်အတွင်းတွင် တည်ရှိပေသည်။
 
==[[ဗထူးတပ်မြို့]]==
Line ၆၉ ⟶ ၆၆:
 
၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွေင် စစ်တက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ပါဝင်သော ဗထူး တပ်မြို့ကို နိုင်ငံတော် ဝန်ကြီးချုပ် [[ဦးနု]] ဖွင့်လှစ်ခဲ့သည်။
 
== မိသားစုနှင့် မောင်ဗထူး ==
မိဘများနှင့် ခင်မင် ရင်းနှီးစွဲ ရှိသည့် [[ဟိန်းဒါး]]မိုင်း အိုဗာဆီယာချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏ သမီး မအုန်းတင်နှင့် ဗိုလ်ဗထူးသည် ထိမ်းမြား လက်ထပ်ခဲ့၍ သားကြီး မောင်ဖေဝင်း ('''[[မြင့်ထူး၊ ဗိုလ်မှူး| ဗိုလ်မှူးမြင့်ထူး]]-စစ်အစိုးရ ၏ ညှဉ်းပမ်း နှိပ်စက်မှုကြောင့် စစ်ကြောရေး စခန်းတွင် သေဆုံးခဲ့ရသူ''') {{ref|b|B}} ၊ သားငယ် မောင်စန်းဝင်း ('''ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်''') {{ref|c|C}}နှင့် သမီး မခင်ဝင်း ('''ဒေါ်မိမိလေး'''){{ref|d|D}} ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။
 
ဗိုလ်ဗထူးသည် အလုပ်တွင် တိုးတက်မှု ရရှိခဲ့သော်လည်း၊ အရင်းရှင် လက်အောက်က လစားတို့၏ ဘဝကို ခံစား တွေ့ကြုံလာရသော အခါတွင် ဆင်းရဲသား အလုပ်သမားတို့ အတွက် အခွင့်အရေး တောင်းဆိုခြင်းကို ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ပေး၏။ ထို့ကြောင့် အရင်းရှင် သတ္တတွင်း ကုမ္ပဏီ ပိုင်ရှင်များ၏ အမုန်းခံရကာ ၁၉၄၁ ခုနှစ် ကုန်လုလု အာရှစစ်ပွဲကြီးများ စတင်ခါနီး အချိန်တွင် အလုပ်မှ ထုတ်ပစ်ခြင်း ခံရလေသည်။
 
==ဆက်စပ်အကြောင်းအရာများ==