အရှင်နာဂသေန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရှင်ပြခြင်း
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၆ -
===ရှင်သာမဏေပြုခြင်း===
ထိုအခါ နာဂသေနသူငယ်သည် မိဘတို့အား မန္တန်များကို သင်ကြားရန် ရဟန်းပြုခွင့် တောင်း၏။ မိဘတို့သည် “သင်ယူရန် ခွင့်ပြု၏၊ သင်ယူပြီးပါက တစ်ဖန်ပြန်လာလိမ့်မည်” ဟု ထင်မှတ်ကာ ခွင့်ပြု၏။ ထိုအခါ အသျှင်ရောဟဏသည် နာဂသေနသူငယ်ကို ဝိဇမ္ဘဝတ္ထုကျောင်းတိုက်၊ ဝတ္တနိယကျောင်းသို့ ခေါ်ဆောင်သွား၏။ တစ်ညဉ့်နေပြီးနောက် ရက္ခိတကုန်းပြင်တွင် ရဟန်းများစွာတို့၏ အလယ်၌ နာဂသေနသူငယ်ကို ရှင်ပြုပေး၏။ ထို့နောက် အသျှင်နာဂသေသည် အဘိဓမ္မာ (၇) ကျမ်းကို ခုနစ်လအတွင်း အကျယ်သင်ယူပြီးမြောက်၏။<ref name="မိလိန္ဒပဉှာ"/>
 
==သောတာပန်ဖြစ်တော်မူခြင်း==
အရှင်နာဂသေနသည် အသက်နှစ်ဆယ်ပြည့်သော် ရဟန်းပြု၏။ တစ်နေ့သောအခါ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်ရောဟဏနှင့်အတူ ဆွမ်းခံထွက်၏။ ထိုအချိန်တွင် အရှင်နာဂသေန
သည် “ငါ၏ ဆရာသည် ငါ့အား အဘိဓမ္မာမှ ကြွင်းသောတရားတို့ကို ရှေးဦးစွာ သင်ပေး၏၊ ငါ၏ ဆရာသည် အချဉ်းနှီးပေတကား” ဟု တွေး၏။ ထိုအခါ အရှင်ရောဟဏသည် အရှင်နာဂသေန၏ စိတ်အကြံကို သိတော်မူသဖြင့် ထိုသို့ကြံစည်ခြင်းသည် မသင့်တော်ကြောင်း ပြော၏။ ထိုအခါ အရှင်နာဂသေနသည် “သည်းခံတော်မူရန်” လျှောက်၏။ ထိုအခါ အရှင်ရောဟဏသည် သာဂလမြို့တွင် အမေးပုစ္ဆာတို့ကို မေး၍ ရဟန်းသံဃာကို ညှဉ်းဆဲနေသော မိလိန္ဒမင်းအား ဆုံးမပါက သည်းခံမည်ဟု မိန့်တောမူ၏။ ထို့နောက် အရှင်ရောဟဏသည် အရှင်နာဂသေနအား ဝါတွင်းကာလတွင် အရှင်အဿဂုတ္တထံသို့ သွားရောက်နေထိုင်ရန် မိန့်တော်မူ၏။
 
ထို့နောက် အရှင်နာဂသေနသည် အရှင်အဿဂုတ္တထံသို့ ရောက်သွား၏။ တစ်နေ့သော် ဒါကာမတစ်ဦးသည် အရှင်နာဂသေနနှင့် အရှင်အဿဂုတ္တအား ဆွမ်းလုပ်ကျွေး၏။ ဆွမ်းစားပြီးသော် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ဆွမ်းအနုမောဒနာတရား ဟောကြားရန် မိန့်တော်မူကာ ကြွသွား၏။ အရှင်နာဂသေနသည် ဒါကာမအား တရားဟောကြားတော်မူရာ ထိုနေရာတွင်ပင် ဒါယိကာမသည် သောတာပန် ဖြစ်၏။ အရှင်နာဂသေနသည်လည်း မိမိဟောကြားသော တရားကို ပြန်လည်ဆင်ခြင်သုံးသပ်သော် သောတာပန်ဖြစ်တော်မူ၏။
 
==ပိဋကတ်သင်ကြားတော်မူခြင်း==
ထို့နောက်တွင် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ယူဇနာတစ်ရာဝေးသော ပါဋလိပုတ်ပြည်၊ အသောကာရုံကျောင်းတွင် အရှင်ဓမ္မရက္ခိတ ရှိ၏။ သူ့ထံတွင် မြတ်စွာဘုရား၏ စကားတော်များကို သင်ကြားပါဟု လွှတ်လိုက်၏။
 
အရှင်ဓမ္မရက္ခိတထံသို့ ရောက်သော် ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်၏။ အရှင်ဓမ္မရက္ခိတသည် အရှင်နာဂသေနအား “နွားကျောင်းသားသည် နွားတို့ကို ထိန်းကျောင်းရ၍ အခြားသော သူတို့သည် နွားနို့မှဖြစ်သော အရသာကို သုံးဆောင်ကြရကုန်သကဲ့သို့ နာဂသေန သင်သည် ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို ဆောင်သော်လည်း မဂ်ဖိုအစု ရရှိသူ မဖြစ်ခဲ့” ဟု မိန့်၏။ ထိနောက် ထိုညဉ့်တွင်ပင် အရှင်နာဂသေနသည် ရဟန္တာဖြစ် ောတာ်မူ၏။
 
 
==ကိုးကား==