အရှင်နာဂသေန: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၁ -
သည် “ငါ၏ ဆရာသည် ငါ့အား အဘိဓမ္မာမှ ကြွင်းသောတရားတို့ကို ရှေးဦးစွာ သင်ပေး၏၊ ငါ၏ ဆရာသည် အချဉ်းနှီးပေတကား” ဟု တွေး၏။ ထိုအခါ အရှင်ရောဟဏသည် အရှင်နာဂသေန၏ စိတ်အကြံကို သိတော်မူသဖြင့် ထိုသို့ကြံစည်ခြင်းသည် မသင့်တော်ကြောင်း ပြော၏။ ထိုအခါ အရှင်နာဂသေနသည် “သည်းခံတော်မူရန်” လျှောက်၏။ ထိုအခါ အရှင်ရောဟဏသည် သာဂလမြို့တွင် အမေးပုစ္ဆာတို့ကို မေး၍ ရဟန်းသံဃာကို ညှဉ်းဆဲနေသော မိလိန္ဒမင်းအား ဆုံးမပါက သည်းခံမည်ဟု မိန့်တောမူ၏။ ထို့နောက် အရှင်ရောဟဏသည် အရှင်နာဂသေနအား ဝါတွင်းကာလတွင် အရှင်အဿဂုတ္တထံသို့ သွားရောက်နေထိုင်ရန် မိန့်တော်မူ၏။
 
ထို့နောက် အရှင်နာဂသေနသည် အရှင်အဿဂုတ္တထံသို့ ရောက်သွား၏။ တစ်နေ့သော် ဒါကာမတစ်ဦးသည် အရှင်နာဂသေနနှင့် အရှင်အဿဂုတ္တအား ဆွမ်းလုပ်ကျွေး၏။ ဆွမ်းစားပြီးသော် အရှင်အဿဂုတ္တသည် အရှင်နာဂသေနအား ဆွမ်းအနုမောဒနာတရား ဟောကြားရန် မိန့်တော်မူကာ ကြွသွား၏။ အရှင်နာဂသေနသည် ဒါကာမအား တရားဟောကြားတော်မူရာ ထိုနေရာတွင်ပင် ဒါယိကာမသည် သောတာပန် ဖြစ်၏။ အရှင်နာဂသေနသည်လည်း မိမိဟောကြားသော တရားကို ပြန်လည်ဆင်ခြင်သုံးသပ်သော် သောတာပန်ဖြစ်တော်မူ၏။<ref name="မိလိန္ဒပဉှာ"/>
 
==ပိဋကတ်သင်ကြားတော်မူခြင်း==