ယူရေးနပ်စ်ဂြိုဟ်၏ ဂြိုဟ်ရံလများ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Uranus moons.jpg|300px|thumb|ယူရေးနပ်စ်နှင့် အကြီးဆုံး ဂြိုဟ်ရံလ ၆ စင်း၊ ဘယ်မှ ညာသို့ - [[ပက်ခ် (ဂြိုဟ်ရံလ)|ပက်ခ်]] [[မီရန်ဒါ (ဂြိုဟ်ရံလ)|မီရန်ဒါ]]၊ [[အဲရီယယ် (ဂြိုဟ်ရံလ)|အဲရီယယ်]]၊ [[အမ်ဘရီယယ် (ဂြိုဟ်ရံလ)|အမ်ဘရီယယ်]]၊ [[တိုက်တေနီးယား (ဂြိုဟ်ရံလ)|တိုက်တေနီးယား]] နှင့် [[အိုဘရွန် (ဂြိုဟ်ရံလ)|အိုဘရွန်]]]]
 
[[ယူရေးနပ်စ်ဂြိုဟ်]]သည် [[နေအဖွဲ့အစည်း]]၏ ၇ ခုမြောက်ဂြိုဟ်ဖြစ်ပြီး [[ဂြိုဟ်ရံလ]] ၂၇ စင်း တည်ရှိကာ အားလုံးကို [[ရှိတ်စပီးယား|ဝီလီယံ ရှိုက်စပီးယား]]နှင့် အလက်ဇန္ဒားပုဒ်တို့၏ ဇာတ်ကောင်အမည်ဖြင့် အမည်ပေးထားသည်။<ref name="Gazetteer" /> ယူရေးနပ်စ်၏ ဂြိုဟ်ရံလများကို ၃ ပိုင်းခွဲထားသည်။ ၁၃ စင်းအား အတွင်းပိုင်း လများ၊ ပင်မ ဂြိုဟ်ရံလ ၅ စင်းနှင့် ပုံမှန်မဟုတ်သော ဂြိုဟ်ရံလ ၉ စင်းတို့ဖြစ်ကြသည်။ အတွင်းပိုင်း ဂြိုဟ်ရံလများသည် နက်မှောင်သော အရောင်အဆင်း၊ သေးငယ်သော အရွယ်အစားများဖြင့် ဂုဏ်အင်လက္ခဏာများ ဆင်တူကြသည်။ ပင်မဂြိုဟ်ရံလ ၅ စင်းမှာ hydrostatic equilibrium အဖြစ်ရောက်ရှိလောက်အောင် ကြီးမားကြပြီး မျက်နှာပြင်၌ မီးတောင်များရှိသည့် လက္ခဏာအား တွေ့ရှိရသည်။<ref name="Smith Soderblom et al. 1986" /> အကြီးဆုံများထဲမှ [[တိုက်တေနီးယား (ဂြိုဟ်ရံလ)|တိုက်တေနီးယား]]သည် အချင်းအားဖြင့် ၁၅၇၈ ကီလိုမီတာရှိပြီး နေအဖွဲ့အစည်းတွင် ၈ ခုမြောက် အကြီးဆုံးဖြစ်ကာ လကမ္ဘာ၏ ၂၀ ပုံ ၁ ပုံရှိသည်။ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလများမူကား ယူရေးနပ်စ်နှင့် ဝေးကွာသော ပတ်လမ်းကြောင်း၌ တည်ရှိကြသည်။<ref name="Sheppard2005" /> [[ဝီလီယံ ဟာရှယ်]]က ၁၇၈၇ ခုနှစ်တွင် [[တိုက်တေနီးယား (ဂြိုဟ်ရံလ)|တိုက်တေနီးယား]]နှင့် [[အိုဘရွန် (ဂြိုဟ်ရံလ)|အိုဘရွန်]]တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး William Lassell က ၁၈၅၁ ခုနှစ်တွင် [[အဲရီယယ် (ဂြိုဟ်ရံလ)|အဲရီယယ်]]၊ [[အမ်ဘရီယယ် (ဂြိုဟ်ရံလ)|အမ်ဘရီယယ်]]နှင့် ၁၉၄၈ ခုနှစ်တွင် Gerard Kuiper က [[မီရန်ဒါ (ဂြိုဟ်ရံလ)|မီရန်ဒါ]]တို့အား အသီးသီး ရှာဖွေတွေ့ရှိခဲ့သည်။<ref name="Gazetteer" /> ကျန်သော ဂြိုဟ်ရံလများကိုမူ ၁၉၈၅ ခုနှစ်တွင် [[ဗွိုင်ယေဂျာ ၂]] အာကာသယာဉ် သို့မဟုတ် ကမ္ဘာအခြေစိုက် မြေပြင်တယ်လီစကုပ်များ၏ အကူညီဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။<ref name="Smith Soderblom et al. 1986" /><ref name="Sheppard2005" />