ကျော်ရင်၊ ဦး (မီးပုံးပျံ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၇ -
 
နောက်ဆုံးတွင် တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပရေး ကော်မတီသည် ရန်ကုန်မြို့တွင် နေထိုင်သည့် မီးပုံးပျံ ဦးကျော်ရင်၏ သားများ ဖြစ်ကြသော ဦးကျော်လင်းနှင့် ဦးကျော်ဆန်း (ကာတွန်း ကျော်ဆန်း) တို့အား သွားရောက် တွေ့ဆုံ မေတ္တာ ရပ်ခံခဲ့ရသည်။ ညီအစ်ကို နှစ်ဦးသည် မီးထွန်းပွဲ ကျင်းပရေး ကော်မတီ၏ မေတ္တာရပ်ခံချက်ကို လက်ခံခဲ့ပြီးနောက် ၂ နိုဝင်ဘာ၊ ၁၉၆ဝ (တန်ဆောင်မုန်း လပြည့်နေ့) တွင် နတ်တလင်းမြို့ အထက်တန်းကျောင်းဝင်း အတွင်း၌ ဦးကျော်လင်း ကိုယ်တိုင် မီးပုံးပျံ စီးနင်း ပြခဲ့သည်။
 
[[Image:U kyaw yin.JPG|thumb|ဦးကျော်ရင်]]
ဦးကျော်လင်းသည် ပြည်ထောင်စု အလံတော်ကို ဝှေ့ရမ်းလျက် မီးပုံးပျံ အောင်မြင်စွာ စီးနင်း ပြသခဲ့ရာ နတ်တလင်းမြို့နေ လူထုက တခဲနက် အားပေးခဲ့ကြသည်။ ဤသတင်း ကို ၄၊ ၁၀၊ ၁၉၆ဝ ထုတ် မြန်မာ့အလင်း သတင်းစာ၌လည်း အကျယ်တဝင့် ရေးသား ဖော်ပြခဲ့သည်။ ဦးကျော်လင်းက ဖခင်အား ကျေးဇူးဆပ်သည့် အနေဖြင့် မီးပုံးပျံ စီးပြရခြင်း ဖြစ်ကြောင်း၊ ယခုခေတ် လူငယ်များ မီးပုံးပျံ စီးခြင်းကို မြင်ဖူး ကြားဖူးသူပင် အလွန် နည်းပါးသွားပြီ ဖြစ်ကြောင်း၊ နောင်တွင် ဤကဲ့သို့ ထပ်မံ စီးနင်းပြသရန် မရည်ရွယ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့၏။ <ref>Weekly Eleven News, No. 9, Vol. 4, December 10, Wednesday, 2008 နေ့ထုတ် ဂျာနယ်၊ 'ပုဂ္ဂိုလ်ထူးတို့၏ ဘဝတကွေ့' ကဏ္ဍမှာ ဖော်ပြပါရှိတဲ့ တင်နိုင်တိုးရဲ့ "မီးပုံးပျံ ဦးကျော်ရင်ကို အားကျကြသူများ" မှ</ref>