ဖေ၊ ဆရာ၊ အချုပ်တန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{cleanup|date=၃ ဩဂုတ် ၂၀၁၈}}
[[File:saya pe.jpg|thumb|အချုပ်တန်းဆရာဖေ(၁၂ဝဝ-၁၂၅၆) ပန်းချီ-ဦးရဲသောင်း သရုပ်ဖော် ရေးဆွဲသည်။]]
 
 
သည်ခေတ်တွင် သည်ကာလ-ချီ ငွေမျက်နှာဖွဲ့ တေးထပ်ရေးသူ '''အချုပ်တန်း ဆရာဖေမှာဆရာဖေ'''မှာ ၁၂၀၀-ပြည့်၊ ဝါဆိုလဆန်း (၇)ရက်နေ့တွင် [[အမရပူရ]]မြို့တော်၌ မွေးဖွားသည်ဟု ထင်မှတ်ရသည်။ ဖခင်မှာပုဂံမင်းလက်ထက် အသုံးစာရေး(အသုံးတော်ခံ) ရာထူး၌ ခန့်ထားခြင်းခံရသူ ဦးရောက်ဖြစ်ပြီး မိခင်မှာ မထင်ရှားသော သဘင်သည်မျိုး ဖြစ်ကြောင်း သိရပါသည်။၁၂၂၂-ခုနှစ်အတွင်း အမိအဖများနှင့်အတူ မန္တလေးမြို့ရိုးတောင်ဘက် ဘုရင့်မြင်းတပ်တော်ကြီးအတွက် ကုန်းနှီးများ တင်သွင်းချုပ်လုပ်ရာ အရပ်ဖြစ်သောကြောင့် အချုပ်တန်းဟု ခေါ်တွင်သောအရပ်တွင် အဖအလုပ်အကိုင်ဖြစ်သည့် ရွှေချည်ငွေချည်ထိုးလုပ်ငန်းများကို လုပ်ကိုင်စားသောက်နေထိုင်ရသည်။ ၁၂၂၆-ခုနှစ် လောက်မှစ၍ ဦးဖေသည် [[မက္ခရာမင်းသား]] အထံတော်တွင် အမှုထမ်းခွင့်ရသည်။
[[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]]တွင် မက္ခရာမင်းသား နောက်တော်မှနေကာ အမှုတော်ကိုကြိုးစားထမ်းရွက်သည့် အလျောက် အောင်မြင်မှုရလေသည်။ နောက် [[ကနောင်မင်းသား]]၏ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော်[[မင်းတုန်းမင်း]]ကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ထွက်ခွာသွားသောအခါတွင်လည်း မက္ခရာမင်းသား၏ အမိန့်တော်နှင့် ပတိမ်းစား၏ရန်ကို တွန်းလှန်ရာ၌ ပါဝင်ရလေသည်။
၁၂၃၆-ခုနှစ်သို့ ရောက်သောအခါ [[အိန္ဒိယဘုရင်ခံချုပ်]]သည် [[စင်္ကာပူကျွန်း]]၊ [[ကပ္ပလီကျွန်း]]သို့ တိုင်းခန်းလှည့်လည်သောအခါ မြန်မာဘုရင်များနည်းတူ ထီးဖြူတော် နှစ်ချက်မိုး၍ ခမ်းနားကြီးကျယ်စွာ လှည့်လည်ရာတွင် ကပ္ပလီအကျဉ်းသားတဦးက သက်တော်စောင့်အလစ်တွင် ဘုရင်ခံချုပ်အား ထားဖြင့်နှစ်ချက်ထိုးလေသည်။ ဤသတင်းကို ဆရာဖေကြားသောအခါ “ထီးဖြူရုံပြသာဒ်နှင့်၊ မအပ်သည့်အရာ၊ လပ်ဆိုသည့်မိစ္ဆာ၊ ပိတ်ရှာပြီဇီဝိ(ပ) မင်းတူတု၊ ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ” စသော တေးထပ်ကို ရေးသဖြင့် [[အင်္ဂလိပ်]]တို့က ကန့်ကွက်သောကြောင့် မဟာမိတ် မပျက်စေရန်အတွက် စာဆိုရှင် ဦးဖေအား အပြစ်ပေးသော အားဖြင့် အချုပ်ချထားခြင်းခံရလေသည်။ အကြာမီပင် အချုပ်မှလွတ်လေ၏။