မအူပင်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆ -
မအူပင်မြို့မှ ခရိုင်အတွင်းရှိ မြို့များသို့ သွားလာရာတွင် ရေလမ်းကို အားကိုးရ၏။ မအူပင်မှ အနောက်ဘက် ၉ မိုင်ကွာဝေး သည့် ရေလဲကလေးရွာသို့ ကျောက်ခင်းလမ်းရှိ၏။
 
မအူပင်မြို့၏ လူဦးရေမှာ ၁၉၆၂ ခုနှစ် ခန့်မှန်း [[သန်းခေါင်စာရင်း]]အရ ၂၄၂၄၁ ဖြစ်၏။ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးမှာ အများစုဖြစ်သည်။ မအူပင်မြို့တွင် ထင်ရှားသော ဘုရားမှာ ရွှေဘုန်းမြင့်စေတီ[[ရွှေဘုန်းမြင့်]]စေတီ ဖြစ်၏။ မအူပင်မြို့သည် ရှေးအခါက တံငါရွာကလေးမျှသာဖြစ်၏။ ခရစ် ၁၈၇၆ ခုနှစ်တွင် မအူပင်ကို သုံးခွခရိုင်၏ ရုံးစိုက်မြို့အဖြစ် ရွေးချယ်လိုက်သည်။ ၁၉ဝ၃ ခုနှစ်တွင် ခရိုင်နယ်ပယ်များ ပြန် လည်ဖွဲ့စည်း၍ သုံးခွခရိုင်ကို မအူပင်ခရိုင်ဟု အမည်ပြောင်း လိုက်သောအခါ မအူပင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ်လာသည်။ ထိုနောက်တွင် မြို့သည်လည်း တဖြည်းဖြည်း စည်ကားတိုးတက် လာခဲ့၏။
 
မအူပင်မြို့ဟု အမည်တွင်ရခြင်းအကြောင်းမှာ မြို့တွင်းရှိ [[မအူပင်]]ကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်ဟု ဆို၏။ ထိုအပင်သည် ရှေးဂျင်မခါနာကလပ်အနီးတွင် ရှိ၏။ မူရင်းအပင်မှာ ညောင်ပင်တစ်ပင်က မျိုလိုက်သောကြောင့် သေသွားခဲ့၏။ သို့သော် ၁၉ဝဝ ပြည့်နှစ်တွင် ထိုစဉ်ကအရေးပိုင်ဖြစ်သော မေဂျာ အေ၊ အက်စ်၊ ရောဗတ်က ထိုအပင်ဟောင်းအနီးတွင်
မအူပင်သစ်တစ်ပင်ကို ထပ် ၍စိုက်စေသည်။ ထိုမအူပင်၏ အရိပ်အောက်တွင် မြို့စောင့်နတ် ကွန်းရှိလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
== ကိုးကား ==
<references/>