ဖိုးပါကြီး: တည်းဖြတ်မှု မူကွဲများ

Cat-a-lot: Moving from Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ to [[Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆော...
No edit summary
စာကြောင်း ၁ -
[[File:kyin02.jpg|thumb|ဖိုးပါကြီး]]
အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီးတွင် ရွှေရတုခေတ်မှသည် စိန်ရတုခေတ် အထိ [[ဝဏ္ဏကျော်ထင်ဘွဲ့|ဝဏ္ဏကျော်ထင်]] အကယ်ဒမီ နှစ်ထပ်ကွမ်း ဟာသထိပ်သီး '''ဖိုးပါကြီး''' အဖြစ် ထင်ရှားလာမည့် သူကို [[မြောင်းမြမြို့]] ကြေးတိုင် အင်စပက်တော် ဦးစံဖေ၊ ဒေါ်လှတို့၏ သားဖြစ်ရာ မွေးချင်းသုံးယောက် အနက် ဒုတိယ မြောက်သား ဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၁၂၇၉ ခုနှစ် ဖြစ်၏။ ငယ်စဉ်က သူ့ကို အပါဟု ခေါ်ခဲ့ကြပြီးနောက် မောင်ညွန့်လှိုင် ဟုခေါ်ကြသည်။
 
ဖိုးပါကြီးသည် စင်စစ်အားဖြင့် လူတစ်ဖက်သားကို ပြုံးရွှင်အောင် လုပ်နိုင်ခဲ့သော်လည်း သူ့ဘဝမှာ ကြေကွဲစရာပင် ဖြစ်သည်။ ငယ်စဉ်က မိဘ အချင်းချင်း ပဋိပက္ခ ဖြစ်၍ အဒေါ်နှင့် ဆင်းဆင်းရဲရဲ နေခဲ့ရသည်။ အဒေါ်၏ ညှင်းပမ်း နှိပ်စက်မှုကြောင့် အိမ်ပြေး ဘဝ ဖြစ်ခဲ့ရပြီး လူပျို ဘဝအထိ [[ပုသိမ်မြို့]] နိဂျောဒါကျောင်း ဘုန်းတော်ကြီး ဦးသုမန လက်ထဲ ကြီးပြင်းခဲ့သည်။ နောင်မှ သူသည် [[ရန်ကုန်မြို့|ရန်ကုန်]]တွင် အဖေနှင့် အမေတို့ကို ပြန်လည် တွေ့ဆုံခွင့် ရသော်လည်း ထိုအချိန်တွင် အဖေနှင့် အမေပါ နောက်အိမ်ထောင်များနှင့် အသီးသီး ဖြစ်နေကြရာ အဖေ့ထံတွင် နေခွင့် ရသော သူသည် အမေနှင့် တွေ့လိုသော်လည်း အဖေ့ကို ကြောက်ရသဖြင့် ခိုးဝှက် တွေ့ခဲ့ရ၏။