၅၀၇၂၉
တည်းဖြတ်မှုများ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)) |
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရံပုံငွေ +ရန်ပုံငွေ)) |
||
[[တယ်လီဖုန်း]]၊ တေး[[ဂီတ]]၊ [[ရုပ်ရှင်]] နှင့် ရုပ်မြင်သံကြားကဲ့သို့ ထုံးတမ်းစဉ်လာ လူထုဆက်သွယ်ရေးများ သည် အင်တာနက်အားဖြင့် အသွင်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ် တဖန်ပြောင်းလဲလာကြသည်။ သတင်းစာ၊ စာအုပ် နှင့် အခြားပုံနှိပ်လုပ်ငန်းများသည် Websites ဝက်(ဘ်)ဆိုဒ်များ Blogs ဘလော့များနှင့် ကိုက်ညီအောင် ပြုပြင်လာကြသည်။ အမြန်သတင်းပို့ဆက်သွယ်ခြင်း (instant messaging), အင်တာနက် စုပေါင်းဆွေးနွေးခန်းများ (Internet Forums) နှင့် [[လူမှုရေး]]ကွန်ယက်များ (social networking) များတို့မှတစ်ဆင့် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အသွင်သစ်များကို အင်တာနက်က စွမ်းဆောင်ပေးသည် သို့မဟုတ် အရှိန်မြှင့်တင်ပေးသည်။ အဓိက လက်လီအရောင်းဆိုင်ခွဲ များ၊ လက်လုပ်လက်စား ဈေးသည်များ ၊ ကုန်သည်များ အတွက် အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း (online shopping) လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ အင်တာနက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်ဆံမှု နှင့် ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ က စက်မှုလုပ်ငန်းတစ်ခုလုံး ထုတ်ကုန်စီးဆင်းမှု ကို အကျိုး သက်ရောက် စေသည်။
၁၉၆၀ခုနှစ်များက ပုဂ္ဂလိကနှင့် [[အမေရိကန်ပြည်ထောင်စု]]စစ်တပ် နှစ်မျိုးလုံး၏ ကြံ့ခိုင်ပြီး တော်ရုံအမှားခံနိုင်သော၊ ဖြန့်ဝေပေးသည့် ကွန်ပျူတာ ကွန်ယက်များအကြောင်း သုတေသန ပြုခြင်းများသည် အင်တာနက်၏ မူလအစ ဖြစ်ခဲ့သည်။ အမျိုးသား [[သိပ္ပံ]]ရေးရာ ဖောင်ဒေးရှင်း က ပံ့ပိုးသော အမေရိကန်ပြည်ထောင်စု၏ ကွန်ယက်နောက်ကျောရိုးသစ် အတွက်
နည်းပညာဆိုင်ရာ အကောင်အထည်ဖော်ခြင်းတွင်လည်းကောင်း ရယူခြင်းနှင့် အသုံးပြုခြင်းအတွက် ပေါ်လစီများတွင်လည်းကောင်း အင်တာနက်ကို ဗဟိုမှ ထိန်းချုပ်မှုမရှိပါ၊ ပေါင်းစပ်ပါဝင်သော ကွန်ယက်တစ်ခုစီသည် ၎င်း၏ ကိုယ်ပိုင် စံချိန်စံညွှန်းများကို သတ်မှတ်သည်။ အင်တာနက်တွင် အမည်နေရာပေးခြင်းဆိုင်ရာ နိယာမနှစ်ခုဖြစ်သည့် အင်တာနက် ပရိုတိုကော(လ်) လိပ်စာ နေရာနှင့် ဒိုမိန်း အမည် စနစ် တို့၏ လှည့်စားသော အဓိပ္ပါယ်သတ်မှတ်ချက်များကိုသာ ထန်းသိမ်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော Internet Corporation for Assigned Names and Numbers (ICANN)က ညွှန်ကြားသည်။ အဓိက ပရိုတိုကော(လ်)များ(IPv4 နှင့် IPv6)၏ နည်းပညာဆိုင်ရာ နောက်မှထောက်ပံ့ခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းသည် Internet Engineering Task Force (IETF)၏ လှုပ်ရှားမှုဖြစ်သည်။ ၎င်းသည် နည်းပညာ ကျွမ်းကျင်မှုကို ထည့်ဝင်ခြင်းအားဖြင့် မည်သူမဆို ပါဝင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ပါဝင်သူများကို အဖွဲ့ဝင်အဖြစ် လျော့ရဲစွာ လက်ခံသော အကျိုးအမြတ် မရည်ရွယ်သော အဖွဲ့အစည်းဖြစ်သည်။
|