ဂယ်လီလီယို: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုတ်သိမ်း +ရုပ်သိမ်း) |
||
စာကြောင်း ၃၂ -
ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရေးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုန်မှု (The Dialogue Concerning The Two Chief World Systems) အမည်ရှိ ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်၏ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရသည်။ သို့သော် အဆိုပါစာအုပ်သည် ကော်ပါးနိကပ်စ်၏ သီအိုရီများကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆေးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်သည်။
ဂယ်လီလီယိုကဲ့သို့ ကျော်ကြားသည့် ပညာရှင်ကို ပြစ်ဒဏ်ချရန်မှာ ခက်ခဲသည့်အလျှောက် ခေတ်ကာလ ကျောင်းတော်ဥပဒေ (Current Chuch Law) အရ အပြစ်အတိအကျမရှိ ဟုဆိုကာ အာစက်ထရီ (Arcetri) ခေါ် နေအိမ်အကျယ်ချုပ်ဖြင့် ထားစေသည်။ [[ဥပဒေ]]အရ ဧည့်သည်လက်ခံတွေ့ဆုံခြင်း မပြုရဟုဆိုသော်လည်း တင်းကျပ်မှုမရှိသဖြင့် အလွယ်တကူပင် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် ရပါသည်။ အခြားပစ်ဒဏ် တစ်ရပ်မှာ "နေကိုကမ္ဘာက ပတ်သည်"ဟူသည့် အဆိုကို လူသိရှင်ကြား
တရားရုံးတွင် သူသည် ထိုအယူအဆ မှားယွင်းကြောင်းကို ဝန်ခံရပြီးနောက် ဇာတိရပ်ရွာသို့ပြန်၍ နေထိုင်ရသည်။ ထိုအရပ်တွင် ယခင်က ကြိုးစား၍ လေ့လာဆည်းပူးခဲ့သော မက္ကင်းနစ်ပညာရပ်အကြောင်းကို ရေးသားကာ စာအုပ်ထုတ်ဝေလေသည်။ ဂယ်လီလေအိုသည် ပညာဉာဏ်စူးရှ၍ လက်တွေ့စမ်းသပ်လုပ်ကိုင်လေ့ရှိသဖြင့် ထိုခေတ်က ထူးချွန်သော သိပ္ပံပါရဂူတစ်ဦး ဖြစ်ခဲ့သည်။ လူအများပင် ယုံကြည်နေကြသော [[အယ်ရစ္စတိုတယ်]] ရေးသားချက်များကို မှားသည်ဟု ရဲဝံ့စွာ ပြောဆိုခဲ့၏။
|