သခင်သန်းထွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နေ့လည် +နေ့လယ်)
စာကြောင်း ၄၇ -
ကမ္ဘာဦး သမ္မတခေတ်က အနုမြူခေတ် အထိ လူ့နေထိုင်မှု စနစ်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ၊ မှန်ကန်စွာ လေ့လာ ရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လို လုပ်လျင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆ တွေးခေါ်ကာ ယုံကြည်ချက် အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။
 
လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များ ဖိတ်၍ နေ့လည်နေ့လယ် စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် ၂ ပြားမျှ ပြည့်အောင် မရှိသူနှင့် အပို ရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင် အပ်ထားသူ စသည်ဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓာတ် ပညာ ထွန်းကားနေသည့် အကျိုးကို လူတိုင်း ခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့လောက ကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ် နိသျနှင့် သွားတွေ့ကြပေသည်။
 
ဥပမာ - တိုင်းပြည်တွင် လူ ၁ဝဝ ရှိသည် ဆိုကြပါစို့၊ ထိုပြည်၏ တနေ့ ဝင်ငွေသည် ၁ဝဝ ကျပ် ဆိုကြပါစို့။ လူ ၁ဝ ယောက်မှာ ဓနရှင်များ ဖြစ်၍ သူ၏ အလုပ်သမား၊ လယ်သမားများကို လုပ်ခိုင်းရာမှ ၈ဝ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန်လူ ၉ဝ ၏ ဝင်ငွေမှာ ၂ဝ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏။) ဤကဲ့သို့ မညီမျှသော ၈ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁ဝဝ စလုံး အလုပ်လုပ်၍ ဝင်ငွေ ၁ဝဝ ရသည်ဆိုလျှင် တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။
စာကြောင်း ၁၈၁ -
“သခင် သန်းထွန်း ဒီဟာလေး ဝတ်ထားပါ” ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။
 
ဒိုင်အိုကျောင်းရှိ ပြည်သူ့ ဆေးရုံ အပေါ်ထပ် အခန်းတွင် သခင် သန်းထွန်းသည် မကျန်းမာသဖြင့် ဆေးဝါး မှီဝဲ နေသည်။ နေ့လည်ဆိုလျှင်နေ့လယ်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် ဆုံလှ၏။
 
ဆရာမ ဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ အစ်မ) သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမ ဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။