ရှိတ်စပီးယား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုတ်သိမ်း +ရုပ်သိမ်း)
စာကြောင်း ၂၄ -
နှစ်အနည်းငယ်အတွင်း နန်းတွင်း အမှုထမ်းအဖြစ် ဘုရင်မ အဲလိဇဘတ် ထံတွင်အခစားဝင်သည်။ ထိုမှစကာ နိုင်ငံရေးအရ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရင်းနှီးလာခဲ့ပြီး ဘုရင်မ၏ အရေးပေးခြင်းကိုလည်း ခံခဲ့ရသည်။ အသက် ၂၁ နှစ်တွင် အကြီးတော်၏ သမီး အန်းစီလ်စီနှင့် အိမ်ထောင်ပြုခဲ့သည်။ အသက် ၂၄ နှစ်တွင် [[ပြင်သစ်]]၊ [[ဂျာမနီ]]၊ အီတလီ အစရှိသဖြင့် [[ဥရောပ]]တခွင် လှည့်လှည် ခရီးထွက်ခဲ့သည်။ ထိုနောက် ပြင်သစ်မှ အင်္ဂလန်သို့အပြန် ရေလက်ကြားတွင် ပင်လယ်ဓါးပြများ ဖမ်းဆီးသည်ခံရပြီးနောက် ဘုရင်မနှင့် ရင်းနှီးသူ ဆွေကြီးမျိုးကြီး ဖြစ်သဖြင့် ပြန်လွတ်မြှောက်လာသည်။
 
အင်္ဂလန်ပြန်ရောက်ပြီးနောက် ဇနီးသည်မှာ ကလေးတစ်ယောက်နှင့် စောင့်နေသည်ကို သိရပြီး ကလေး၏ ဖခင်အရင်းမှာ မိမိမဟုတ်၊ ဇနီးက ဖောက်ပြန်ပြီးမွေးထားသည့် ကလေးဖြစ်သည်ဟုဆိုကာ လင်မယားကွဲသည်။ နောက် ၅ နှစ်ကြာပြီးမှသာ စွပ်စွဲချက်များကို ပြန်ရုတ်သိမ်းပြီးပြန်ရုပ်သိမ်းပြီး အန်းနှင့် ပြန်ပေါင်းသည်။
 
အိမ်ထောင်ကွဲအဖြစ် နေထိုင်နေစဉ်အတွင်း နန်းတွင်းအပျိုတော်တစ်ဦးနှင့် ငြိစွန်းပြီး ကိုယ်ဝန်ရကြောင်း ဘုရင်မကသိသဖြင့် ရာဇမာန်ရှကာ ၂ လနီးပါး ထောင်ချထားခဲ့သေးသည်။ ထိုနန်းတွင်းသူ မိန်းမပျိုဖက်မှ မခံမရပ်နိုင်သူများ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် နှစ်ဖက်အသိုင်းအဝန်းများ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် ဘုရင်မက သတိပေးတားမြစ်ရပြန်သည်။