ကြည်အောင် (ကဗျာဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ကြည်အောင် စာမျက်နှာကို ကြည်အောင် (ကဗျာဆရာ) သို့ Ninjastrikersက ရွှေ့ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
စာကြောင်း ၁၃ -
ကြည်လင် ဆိုတာက သူ့အိမ် နာမည်၊ ကျောင်းနာမည်၊ ကျနော်တို့ ခေါ်တဲ့ နာမည်။ ကြည်အောင် ဆိုတာက သူ့ကလောင် နာမည်၊ စာပေဗိမာန် ကဗျာဆုရတဲ့ နာမည်။ သူ့နာမည်နဲ့ ပတ်သက်လို့ ပြောစမှတ် အဖြစ်အပျက် တခုကို ကြားဖူးသူများ ကြားဖူး ကြပါလိမ့်မယ်။
 
တက္ကသိုလ် ကျောင်းသား ဘဝ အချင်းချင်းတွေ တခါ ဆုံကြတုန်း လူငယ်တို့ ဘာသာဘာဝ ပျော်ကြ နောက်ကြရင်း ကဗျာ ဆရာ တင်မိုးက “တင်မိုး - ဗင်ဂိုး” လို့ကြွေးကြော် လိုက်ပါသတဲ့။ ဒီအခါမှာ ကိုကြည်လင် ကလည်း ချက်ခြင်းချက်ချင်း ဆိုသလို အညံ့ မခံဘဲ “ကြည်လင် - လီနင်ကွ” လို့ ပြန်ကြွေးကြော် လိုက်လို့ မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက် ကလေး တခု အဖြစ် အပေါင်းအသင်းများ အကြားမှာ ကျန်ရစ် ပါတယ်။ အဲဒါ သူ့ နာမည်ရင်းပါ။
 
ကျနော် ရေးမှာက သူ့ကျောင်းသား ဘဝပါ၊ စိတြ ကဗျာများ၊ လမင်းတရာ ကဗျာများနဲ့ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ ကဗျာများ တို့ကို ဖန်တီးတဲ့ ကာလက အကြောင်းအရာ တွေပါ။ ကျနော် သူ့ကို ရင်းနှီးတာက အဲဒီ ကာလ တွေသာ ဖြစ်ပါတယ်။