လက်ဖက်ရည်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
စာကြောင်း ၁၄ -
 
== တာဝန် ==
လက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများက နေ့ညမပြတ် ရေနွေးများကို တည်ထားရသည်။ ဘုရင်မင်းတရား အလိုတော်ရှိလျှင် ချက်ခြင်းဆိုသလိုချက်ချင်းဆိုသလို ရေနွေးဆက်ကြရသည်။ ဘုရင်မင်းမြတ်သည် နေ့ညီလာခံ ပြီးသည့်အခါ မှန်နန်းဆောင်၏ တောင်ဘက်ရှိ ရွှေနန်းတော်ဆောင်သို့ ကူးပြောင်းစံနေတော်မူတတ်သည်။ ထိုအခါ လက်ဖက်ရည်တော်များ ဆက်သရသည်။ တခါတရံ အလယ်နန်းမတော် တည်ခင်းကျွေးမွေးသော လက်ဖက်ရည်တော်ကို သုံးဆောင်တော်မူသည်။ တခါတရံ ရေနွေး၊ ရေပူကို အလိုရှိသည့်အခါ လက်ဖက်ရည် တော်ဆောင်ကို မှာကြားရသည်။
 
ဘုရင်မင်းတရားကြီး နံနက်မျက်နှာသစ်တော်မူချိန် (နံနက်ခြောက်နာရီခွဲ<ref>မင်းတုန်းမင်း၏ တစ်နေ့တာ</ref>) မှစ၍ လက်ဖက်ရည်တော်ဆောင်တွင် ရေနွေးကြိုထားရသည်။ မျက်နှာသစ်တော်မူချိန်တွင် ရေပူ ရေနွေးကို အလိုရှိတော်မူသည်။ သားတော်များသည် ခမည်းတော်မင်းတရားကြီး စက်တော်ရာမှ မနိုးမှီ [[ဗောင်းတော်ဆောင်]] တွင် လာရောက်စုရုံး စောင့်နေကြရသည်။ ဘုရင်မင်းတရားကြီး စက်တော်ရာမှ နိုးလျှင် ရေပူ ရေနွေးများကို ရွှေဖလားနှင့် ခပ်၍ မျက်နှာသစ်တော်ရေ ဆက်ရ၏။ ဤသို့အားဖြင့် ရေနွေးသည် အချိန်မရွေး လိုလျက်ရှိသည်။