ဟေမာနေဝင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကထဲက +ကတည်းက)
စာကြောင်း ၂၃ -
ဟေမာနေဝင်းသည် ငယ်စဉ်က အနုပညာဝါသနာပါသော်လည်း ဗီဇကို သိသိသာသာ မပြခဲ့ချေ။ အနုပညာရှင် ဖခင်ကြီးကလည်း သူမအား တိုက်တွန်းခြင်း၊ ဆွဲခေါ်ခြင်း မရှိခဲ့ချေ။ သို့သော် သူမသည် ငယ်စဉ်ကပင် သီချင်းများကို အကြားဖြင့် အလွတ်ရ၍ သီဆိုနေတတ်ခဲ့သည်။ ဖခင်ဆုံးပါးသည့်အချိန်တွင် ဂရုဏာသက်ကြသော ဖခင်၏ အပေါင်းအသင်းမိတ်ဆွေများက သူမအား တေးစီးရီးထုတ်ရန် ကမ်းလှမ်းခဲ့ကြသည်။ ထိုမှစတင်၍ သီချင်းများ စတင်အသံသွင်း သီဆိုဖြစ်သည်။
 
အသက်ငယ်ရွယ်သေးချိန် ဂီတလောကထဲကိုဂီတလောကတည်းကို စတင်ဝင်ရောက်သည့်အခါတွင် L.P.J တေးဂီတအဖွဲ့မှ [[သိန်းတန်]](မြန်မာပြည်)က သူမအား စတိတ်ရှိုးများ ခေါ်ဆိုခဲ့သည်။ ဟေမာနေဝင်းသည် [[မေဆွိ]]၏ “ဘင်ဘို” သီချင်းကို စင်ပေါ်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် [[ကိုင်ဇာ]]ရေးဖွဲ့ပေးသည့် “လိပ်ပြာ”သီချင်း၊ [[သုခမိန်လှိုင်]]ရေးဖွဲ့ပေးသည့် “အချစ်ဘယ်ကစ” သီချင်းများကို သီဆိုခဲ့သည်။ ပထမဦးဆုံး သူမ၏ တေးအယ်လ်ဘမ်မှာ “ချစ်လူဆိုး” ဟု အမည်ရသည်။ သူမကို ပရိသတ်များ သိသွားသည့် သီချင်းမှာ “ယုံလား” ဖြစ်သည်။ ထိုသီချင်းကို မြန်မာ့ရုပ်မြင်သံကြား တေးဂီတအစီအစဉ်တွင် ရိုက်ကူးထုတ်လွှင့်ရာမှ သီချင်းကိုရော အဆိုတော်ကိုပါ ပရိသတ်များက အားပေးနှစ်သက်ခဲ့ကြသည်။
 
ဟေမာနေဝင်းသည် အဆိုတော်သက်တမ်းတစ်လျှောက် တစ်ကိုယ်တော် အယ်လ်ဘမ်များ၊ စုံတွဲသီချင်းများ အရေအတွက်များပြားစွာ သီဆိုထုတ်ဝေခဲ့သည်။ မြန်မာသံစဉ် သီချင်းများလည်း သီဆိုခဲ့သည်။