မောင်စူးစမ်း (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
စာကြောင်း ၄၅ -
၁၉၄၆ - ၄၇ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား၊ ဗကသ တွဲဖက် အတွင်းရေးမှူး၊ အထွေထွေ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ၁၉၄၉ ခုနှစ်တွင် ဝိဇ္ဇာ (ခ) ဘောဂဗေဒ ဂုဏ်ထူးတန်း တက်နေစဉ် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တောခိုရာသို့ လိုက်ပါ သွားခဲ့သည်။
 
ထိုစဉ် ဦးချမ်းအေးသည် ရန်ကုန် ခရိုင် ဗကပ ယူဂျီ အဖြစ်နှင့် ရန်ကုန်သို့ မကြာခဏ ရောက်၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးမှ ကျောင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း၊ ဗကပ၏ သဘောထားကို ညွှန်ကြားစဉ် ဦးချမ်းအေးအား ၁၉၅၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖဆပလ အစိုးရနှင့် စေ့စပ် ဆွေးနွေးရန် ဗကပ ကိုယ်စားလှယ် အဖြစ် တာဝန်ပေး စေလွှတ်သည်။ စေ့စပ် ဆွေနွေးရာတွင် ဗကပ ဗဟိုက နိုင်ငံရေး အခြေခံဖြင့် ပြုလုပ်ရန် ညွှန်ကြားသော်လည်း ဦးချမ်းအေးက မလိုက်နာ သဖြင့် တိုင်းကော်မတီ အဆင့် တာဝန်မှ ရုပ်သိမ်းပြီး ပါတီဝင် အဖြစ်မှလည်း ၉ လ ရပ်စဲ ထားခဲ့သည်။ ထိုအခါ ဦးချမ်းအေးက ပါတီမှ နှုတ်ထွက်ခွင့်နုတ်ထွက်ခွင့် ပြုရန် ဗကပသို့ စာရေး တင်ပြရာ ဗဟိုက လက်မခံ ခဲ့ပေ။
 
ထိုအချိန် ခွင့်ဖြင့် နေထိုင်စဉ် ဦးချမ်းအေးသည် စစ်တမ်း တစောင် (နောင်တွင် ချမ်းအေး စစ်တမ်းဟု အမည် တွင်ခဲ့သည်) ကို ပြုစုပြီး ဗကပ ဗဟိုသို့ တင်ပြ ခဲ့သည်။ ထိုစစ်တမ်း၏ အနှစ်သာရမှာ ဗကပ ဗဟို၏ ၄၈ ခုနှစ်၊ ဇန်နဝါရီလ လမ်းစဉ် ဖြစ်သော လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည် သုံးသပ်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ပါလီမန် ဒီမိုကရေစီ နည်းအရ တိုက်ပွဲဝင်ရန် ဖြစ်သည်။ ထိုလမ်းစဉ်က်ို ဗကပ ဗဟိုက လက်မခံ ပယ်ချ ခဲ့သည်။
စာကြောင်း ၅၉ -
၁၉၆၄ ခုနှစ်တွင် တော်လှန်ရေး အစိုးရ ပြန်ကြားရေး၊ သမဝါယမနှင့် အမျိုးသား စီမံကိန်း ဝန်ကြီး ဌာန တို့တွင် အထူး အရာရှိ၊ ထိုမှ စီးပွားရေး တက္ကသိုလ် ကျောင်းသုံး ဆိုရှယ်လစ် ဘောဂဗေဒ စာအုပ်ကို ဦးတင်ရွှေ (ဘီအေ၊ ဘောဂဗေဒ ဂုဏ်ထူး၊ ဘီအယ်လ်) အမည်ဖြင့် ပြုစုခဲ့သည်။ ထို့ပြင် နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ် ဒါရိုက်တာ လူကြီး၊ စီးပွားရေး တက္ကသိုလ် ပညာရေး အဖွဲ့ဝင်၊ ပြင်ပ ကထိက စာစစ်မှူး တာဝန် တို့ကို ဆောင်ရွက် ခဲ့သည်။ တော်လှန်ရေး အစိုးရ၏ အစီအစဉ်ဖြင့် ဂျီနီဗာ ကူးသန်း ရောင်းဝယ်ရေး အဖွဲ့ဝင်များ အစည်းအဝေးနှင့် ၁၉၆၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သမဝါယမ နှီးနှော ဖလှယ်ပွဲ တို့ကို တက်ရောက် ခဲ့သည်။
 
၁၉၆၆ ခုနှစ်တွင် စီးပွားရေး စီမံကိန်းများ ရေးဆွဲခြင်းနှင့် ပတ်သက်၍ တော်လှန်ရေး ကောင်စီနှင့် အယူအဆ မကိုက်ညီ သဖြင့် အလုပ်မှ နှုတ်ထွက်၍နုတ်ထွက်၍ မော်လမြိုင်သို့ ပြောင်းရွှေ့ ပြီးနောက် ဗဟို တရားရုံး ရှေ့နေ အဖြစ် အသက်မွေးရင်း မောင်းစူးစမ်း အမည်ဖြင့် စာများ ရေးသားခဲ့သည်။
 
၁၉ရဝ ပြည့်နှစ်တွင် ပထမ ဇနီး ဒေါ်သန်းသန်း ကွယ်လွန် သွား၍ ယခု လက်ရှိ ဇနီး ဒေါ်ခင်ချစ် (အလယ်တန်းပြ ဆရာမ၊ ယခု အငြိမ်းစား) နှင့် ၁၉၇၃ ခုနှစ်တွင် လက်ထပ် ခဲ့သည်။ ဇနီးသည် ဒေါ်ခင်ချစ်နဲ့ သမီး တဦး ထွန်းကားခဲ့သည်။