ငလျင်လှုပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
စာကြောင်း ၄၂၄ -
 
ကြီးမားသောငလျင်များသည် မကြာခဏ မဖြစ်ပွားပါ၊ ဆက်သွယ်ချက်ကို ထပ်ညွှန်းနှင့်ပြထားသည်- ဥပမာအားဖြင့်- သတ်သတ်မှတ်မှတ် အချိန်တစ်ခုအတွင်းတွင် ပမာဏ(၄)ထက်ကြီးသော ငလျင်များသည် ပမာဏ (၅)ထက်ကြီးသော ငလျင်များထက် အကြမ်းအားဖြင့် ၁၀-ကြိမ်ပို၍ ဖြစ်ပွားသည်။ ဗြိတိသျှနိုင်ငံ (အနိမ့်ပိုင်း မြေငလျင်မြို့) အတွင်းတွင်၊ ဥပမာ၊ ပျမ်းမျှအားဖြင့် အဖန်တလဲလဲ ဖြစ်ပေါ်ခြင်းများကို ဤသို့တွက်ချက်ကြသည်။ နှစ်စဉ် ၃.၇ - ၄.၆ ပမာဏရှိသော ငလျင်တစ်ခု၊ ၁၀-နှစ်တိုင်းတွင် ၄.၇ - ၅.၅ ပမာဏရှိသော ငလျင်တစ်ခုနှင့် နှစ် ၁၀၀ တိုင်းတွင် ၅.၆ သို့မဟုတ် ထို့ထက်ပိုကြီးသော ပမာဏရှိသည့် ငလျင်တစ်ခုဟူ၍ဖြစ်သည်။၎င်းအရာမှာ Gutenberg-Richter law (ဂူတင်း(န်)ဘတ်-ရစ်ချတာ) ဥပဒေ၏ ဥပမာတစ်ရပ်ဖြစ်သည်။
မြေငလျင်တိုင်းတာရေးစခန်းများ အရေအတွက်သည် ၁၉၃၁-ခုနှစ်တွင် စခန်းပေါင်း ၃၅၀ ခန့်ရှိရာမှ ယနေ့တွင် ထောင်ပေါင်းများစွာအထိ ရှိလာပြီဖြစ်သည်။ ရလာဒ်အားဖြင့်ရလဒ်အားဖြင့် အတိတ်ကာလကထက် ငလျင်လှုပ်ခြင်းများကို များစွာပို၍ သတင်းပို့နိုင်ပြီဖြစ်သည်။ သို့သော်၎င်းမှာ၊ ငလျင်အရေအတွက်တိုးလာသည့်အစား ပစ္စည်းကိရိယာ များသည် အလွန်တိုးတက်လာ၍ဖြစ်သည်။
 
၁၉၀၀ ခုနှစ်ကတည်းက ပျမ်းမျှအားဖြင့်ကြီးမားသော ငလျင်လှုပ်ခြင်း ၁၈-ခုရှိပြီး (ပမာဏ ၇.၀-၇.၉ ) နှစ်စဉ် ကြီးကျယ်သောငလျင်လှုပ်ခြင်း (ပမာဏ ၈.၀ သို့မဟုတ် ပို၍ကြီးသော) တစ်ခုလှုပ်လေ့ရှိသည်ဟု USGS မှခန့်မှန်းသည်။ ထိုပျမ်းမျှဖြစ်ခြင်းမှာ အတော်အတန် တည်ငြိမ်မှုရှိသည်။ မကြာသေးမီ နှစ်များအတွင်းတွင် စံနစ်တကျ ဦးတည်ရာတစ်ခုအစား ကိန်းဂဏန်း အချက်အလက် မတည်မငြိမ်ပြောင်းလဲခြင်း တစ်ခုဖြစ်နိုင်ချေရှိသည်ဟု ယူဆသော်လည်း၊ နှစ်စဉ်ကြီးမားသော ငလျင်လှုပ်ခြင်း အရေအတွက်မှာ ကျဆင်းခဲ့သည်။ ပမာဏနှင့် ငလျင်ကြိမ်နှုန်းများ၏ ပို၍အသေးစိတ်ကျသော ကိန်းဂဏန်းအချက်အလက်များကို USGS တွင်ရရှိနိုင်သည်။