တရားရှုမှတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တုန့်ပြန် +တုံ့ပြန်)
စာကြောင်း ၁၉ -
[[ထေရဝါဒ]]ဗုဒ္ဓအယူဝါဒသည်တရားရှုမှတ်ခြင်းဖြင့်တွေးတောဆင်ခြင်မှုကိုတိုးတက်အောင်အာရုံစိုက်ခြင်းဖြစ်သည်။ [[အာနာပါန]]ကျင့်စဉ်သည် [[အိန္ဒိယနိုင်ငံ]]ရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် [[ဝိပဿနာ]] ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ [[ဝိပဿနာ]]ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။ စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ ([[အနိစ္စ]])၊ ဆင်းရဲခြင်း([[ဒုက္ခ]])နှင့် အစိုးမရသော([[အနတ္တ]]) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။
 
ဝိပဿနာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ပေသည်။ ကြိုးစားပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါလျှင် အားထုတ်သူ၏ နေ့စဉ်ဆင်းရဲ ပင်ပန်းမှုများမှ သက်သာစေပြီး ယခင်အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ်မှုမရှိသော တုန့်ပြန်မှုများတို့ဖြင့်တုံ့ပြန်မှုများတို့ဖြင့် နှစ်သက်သာယာဖွယ်၊ မနှစ်သက်သာယာဖွယ် ကိစ္စများ ကြုံရသောအခါ စိတ်ထဲတွင် ထုံးဖွဲ့ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲများစွာ ဖြစ်ပေါ်ခြင်းတို့မှ ဖြေလျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာပါလိမ့်မည်။ ဝိပဿနာကျင့်စဉ်သည် ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက်ဆိုင်သောကျင့်စဉ် ဖြစ်သည်။ စကြာဝဋ္ဌာရှိ အားလုံးသောလူတို့အတွက် ဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော နည်းလမ်းသာဖြစ်သည်။
 
ထေရဝါဒဗုဒ္ဓအယူဝါဒသည်နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါး၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်သတိတရား(ဥပမာသတိပဌာနသုတ်တွင်ကြည့်ပါ)နှင့်အာရုံစူးစိုက်မှု(သမာဓိကမ္မဌာနသုတ်တွင်ကြည့်ပါ)တို့၏ရှုမှတ်ခြင်းဖွံ့ဖြိုးလာမှုကိုဦးစားပေးဆောင်ရွက်သည်။ ထေရဝါဒဗုဒ္ဓအယူဝါဒသည်မူရင်းကျင့်စဉ်ဖြစ်ပြီး လူတစ်ဦးစီသည်မတူကွဲဟြးနေသည့် အတွက်ကြောင့်နိဗ္ဗာန်သို့သွားရာတွင် ကိုယ့်နည်းကိုယ့်ဟန်သုံးထားသည်။