သန့်ရှင်းသော သောက်သုံးရေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
စာကြောင်း ၁၃ -
ရေထဲမှ အနည်အမှုန့်များကို စစ်ထုတ်လိုက်ခြင်းသည် မြင်သာသည့် ရေညစ်ညမ်းမှုကို ဖယ်နိုင်သည်။ သို့သော် မျက်စိဖြင့် မမြင်နိုင်သော ရောဂါပိုးများ၊ ရေထဲပျော်ဝင်နေသော ဓာတ်သတ္တုများ ရှိနေနိုင်သည်။ ယင်းတို့ကို ဖယ်ရှားနိုင်မှ ကျန်းမာရေးနှင့် ညီညွတ်သော ရေကို ရရှိနိုင်သည်။
ရေထဲတွင် ပိုးအမျိုးမျိုးရှိနိုင်သည်။ ယင်းထဲတွင် လူ့မစင်က လာသည့် ပိုးများသည် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဝမ်းရောဂါ၊ ပိုလီယိုရောဂါ၊ အသည်းရောင်ရောဂါ၊ အူရောင်ငန်းဖျား၊ ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ရောဂါပိုးပါဝင်သည့် ရေကြောင့် ရောဂါများပျံ့နှံနိုင်ပြီး လူအများအပြားကို ကပ်ရောဂါသဖွယ် ကူးစက် နိုင်သည်။ ယင်းကြောင့် ရေထဲတွင် ရောဂါပိုးများကို ဖယ်ရှားရမည်။
===== (က) ရေကို ဆူပွက်အောင် ကျိုချက်ခြင်းကျိုချက်ချင်း =====
ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီး ရေနွေးအဖြစ် သောက်သုံးခြင်း၊ လက်ဖက်ရည်ကြမ်းအဖြစ် ၊ ရေကျက်အေးအဖြစ်သောက်သုံးခြင်းသည် ရောဂါပိုးများကို ကင်းစင်စေပြီး ကျန်းမာနိုင်သည်။
===== (ခ) ရေကို ကျောက်ချဉ်ခပ်သောက်ခြင်း =====
စာကြောင်း ၂၅ -
 
== ရေထဲမှ ကျန်းမာရေးထိခိုက်နိုင်သည့် ဓာတ်သတ္တုများကို ဖယ်ရှားခြင်း ==
ရေကို ကျိုချက်ခြင်းဖြင့်ကျိုချက်ချင်းဖြင့် ဓာတ်သတ္တု အချို့ကို ဖယ်ရှားနိုင်သည်။ ထုံးဓာတ်ကို ဖယ်ရှားနိုင်သည့်အတွက် ထုံးဓာတ်များသည့်ရေကို ကျိုချက်ပြီး သောက်သုံးသင့်သည်။
ရေကို လေဖြင့် ထိတွေ့စေခြင်းဖြင့် ဓာတ်သတ္တု အချို့ကို ဖယ်ရှားနိုင်သည်။ ရေထဲတွင် ပျော်ဝင်နေသည့် သံဓာတ်များကို ယင်းနည်းဖြင့် ဖယ်ရှားနိုင်သည်။ ရေကို လေဖြင့် ထိတွေ့စေနိုင်သည့် နည်းလမ်းများစွာရှိသည့်အနက် သဲရေစစ်အိုးများသည် အလွယ်ဆုံးဖြစ်ပြီး ငွေမကုန်ပဲ သံဓာတ်များ လျော့ပါးစေနိုင်သည်။ ရေကို အနည်ထိုင်စေခြင်းဖြင့် ဓာတ်သတ္တုအချို့အနည်ထဲသို့ ပါသွားသည်။ အခြားနည်းလမ်းများ ရှိသေးသော်လည်း လုပ်ကိုင်ရခက်ခဲသည်။
 
စာကြောင်း ၃၂ -
မြန်မာနိုင်ငံသည် လေထုညစ်ညမ်းမှုများသည့် နိုင်ငံမဟုတ်သည့်အတွက် မိုးရေသည် သန့်သည်။ မိုးပေါ်မှ ကျလာသောကြောင့် ရောဂါပိုးများလည်း မပါနိုင်ပေ။ အနည်အမှုန်များ၊ ဓာတ်သတ္တုများလည်း မပါဝင်ပေ။ မိုးရေခံသည့် ပစ္စသည်း သန့်ရှင်မှုမရှိလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်။ သက်ကယ်၊ ဓနိစသည့် အမိုးများနှင့် မိုးရေခံလျှင် အမှုန်များ၊ ဖုံများ၊ ငှက်ချေးများဖြင့် မိုးရေကို ညစ်ညမ်းစေနိုင်သည်။ မိုးဖြိုင်ဖြိုင်ရွာပြီးမှ သွပ်မိုးပေါ်က ခံယူသည့် မိုးရေ၊ စင်အောင် ဆေးကြောထားသည့် ပလပ်စတစ်ပေါ်မှ ခံယူထားသည့် မိုးရေတို့သည် သန့်ရှင်းနိုင်သည်။ မိုးရေခံခွက် သန့်ရှင်းရန်လည်း လိုအပ်သည်။
===== (ခ) စိမ့်စမ်းရေ =====
တောင်ပေါ်ဒေသများတွင် စမ်းပေါက်မှ ထွက်လာသည့် စမ်းရေသည် သန့်ရှင်းသည်။ သို့သော် စမ်းပေါက်ကို သန့်ရှင်းအောင် ကာကွယ်မထားခဲ့လျှင် ချက်ခြင်းညစ်ညမ်းသွားနိုင်သည်။ချက်ချင်းညစ်ညမ်းသွားနိုင်သည်။ စမ်းရေထွက်ပေါက်များအထက်ပိုင်းမှ လူ၊ တိရစ္ဆာန်များ၏ အညစ်အကြေးများရှိနေခဲ့လျှင် စမ်းရေထဲသို့ ရောဂါပိုးများ ဝင်ရောက်သွားနိုင်သည်။ စမ်းချောင်းတစ်လျှောက်တွင်လည်း အညစ်အကြေးများ၊ ရောဂါပိုးများ ဝင်ရောက်လာနိုင်သည်။
===== (ဂ) မြေအောက်ရေ =====
လက်ရိုက်တွင်း၊ အဝီစီတွင်းတူးပြီး မြေအောက်ရေကို ထုတ်ယူ အသုံးချနိုင်သည်။ လက်နှိပ်တုံကင် နှင့်ဖြစ်စေ၊ မော်တောတပ်နှင့်ဖြစ်စေ အလွယ်တကူ ငင်ယူနိုင်သည်။ မြေအောက်ထဲမှ လာသည့်အတွက် ရောဂါပိုးများ မပါဝင်ပါ။ သို့သော် မြေအနေအထားကို လိုက်ပြီး ထုံးဓာတ်၊ သံဓာတ်၊ အားဆင်းနစ်ဓာတ်နှင့် ဓာတ်ဆားများ ပါလာနိုင်သည့်အတွက် အန္တရယ်ကင်းကင်း ရေကို စစ်ကြည့်ပြီးမှ စိတ်ချလက်ချ အသုံးပြုသင့်သည်။ တုံကင်ကို သုံးတဲ့နေရာတွင် လူတွေ သန့်ရှင်းမှုမရှိလျှင် စက်ရေတွင်း၏ ပတ်ဝန်းကျင်တွင် ညစ်ပတ်နေလျှင် ရောဂါပိုးများ ဝင်နိုင်သည်ကိုလည်း သတိချပ်သင့်သည်။