ခြေဆယ်ချောင်းသတ္တဝါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
စာကြောင်း ၆ -
ကဏန်းသည် မိမိနှင့် အမျိုးတော်စပ်သော [[ကျောက်ပုဇွန်]]၊ ပုဇွန်ထုပ်ကြီးများနှင့် ဆင်တူသည်။ ဆင်တူပုံမှာ အဆိုပါ ရေသတ္တဝါများကဲ့သို့ပင် ကဏန်း၌ အာရုံမှင်၊ မျက်စိနှာတံ၊ မေးရိုး၊ ထူးဆန်းသော ပါးစပ်၊ ကိုယ်ဖုံး အခွံမာနှင့် ခြေထောက် ၅ စုံစီ ပါရှိကြသည်။ သို့သော် ပုဇွန်တို့ကဲ့သို့ ဝမ်းပိုက်မကြီးချေ။
 
ကဏန်းသည် ရေသတ္တဝါပင် ဖြစ်သော်လည်း ကုန်းပေါ်၌ ဟိုမှသည်မှ လျှောက်သွားရန် နှစ်သက်သည်။ အခြားရေသတ္တဝါ များနည်းတူ ပါးဟက်ဖြင့် ရေထဲ၌ အသက်ရှူသော်လည်း ကုန်းပေါ်တွင် အတန်ကြာကြာ နေနိုင်သည်။ နေနိုင်ခြင်းမှာ ယင်းတို့၏ ပါးဟက်များကို စွတ်စိုမြဲစွတ်စိုအောင် ပြုလုပ်ထားနိုင်သောကြောင့် ဖြစ်၏။ ရေကျသွားသည့်အချိန်တွင် ကမ်းပါးသဲသောင်ပြင်ပေါ်တွင် လျှောက်သွားကာ အစာရှာဖွေနေသော ကဏန်းအုပ်ကို မြင်ရသည်မှာ အလွန်ရယ်စရာကောင်းသည်။ သောင်ပြင်ပေါ်တွင် ငါးသေတစ်ကောင်ရှိလျှင် ကဏန်းသည် အလွန် အနံ့ခံကောင်းသည့်အတိုင်း ထိုနေရာသို့ ချက်ခြင်းရောက်သွားသည်။ချက်ချင်းရောက်သွားသည်။ ပြိုင်ဖက်နှင့် တွေ့ပါက အလုအယက် ဝေစုခွဲကြရာ တစ်ခါတစ်ရံ ကဏန်းငယ်များမှာ အားကြီးသောကဏန်းတို့၏ ကိုက်သတ် စားသောက်ခြင်းကိုပင် ခံကြရရှာသည်။
 
ကဏန်းတွင် အမျိုးပေါင်းများစွာရှိ၍ အသေးငယ်ဆုံးသော ကဏန်းကလေးမျိုးမှာ ခရုခွံ၊ ကမာခွံထဲတွင် ဝင်နေနိုင်လောက်အောင် သေးငယ်သည်။ ဂျပန်ပင်လယ်၌ တွေ့ရသော ပင့်ကူ ကဏန်းကြီးများမှာမူ ကိုယ်အရှည် ၁၈ လက်မ၊ ပြက်အကျယ် ၁၂ လက်မခန့်အထိပင် ရှိတတ်သည်။ အမျိုးအစားအလိုက် ပြုမူကျင့်ကြံကြပုံချင်းလည်း မတူကြပေ။ အချို့ ကနန်းမျိုးသည် လူရိပ်လူယောင် တွေ့ရသည်နှင့် တပြိုင်နက် ကပျာကသီ တွင်းထဲသို့ ဝင်ရောက်ပုန်းအောင်း၍ နေတတ်သည်။ အချို့ကား နောက်ခြေထောက်များပေါ်တွင် မာန်ပါပါ ရပ်ပြီးသော် ယင်းတို့၏ သန်မာလှသော လက်မကြီးများဖြင့် ရန်သူကို အပြင်းအထန် ခုခံတတ်သည်။
စာကြောင်း ၁၂ -
ကဏန်းတို့သည် များသောအားဖြင့် ရေထဲတွင်သာ နေလေ့ရှိကြသည်။ ကုန်းပေါ်၌ နေထိုင်ကျက်စားသော ကုန်းကဏန်းများပင်လျှင် ဥ ဥချိန်တွင် ပင်လယ်သို့ထွက်ကြသည်၊ ရေနေကဏန်းမျိုးသည် ပါးဟက်ဖြင့် အသက်ရှူကြ၍ ကုန်းကဏန်းမျိုးတွင် ပါးဟက်အစား အသက်ရှူရန် အဆုတ်နှင့်တူသော အင်္ဂါတစ်မျိုး ပါရှိသည်။ အချို့ကဏန်းမျိုးမှာမူ ကုန်းရေနှစ်ဌာန စလုံးမှာပင် လွယ်ကူစွာ နေနိုင်ကြသည်။
 
ကဏန်းပေါက်စကလေးများမှာ အမိအဖဖြစ်သော ကဏန်းကြီး များနှင့် ပုံပန်းလုံးဝ မတူကြချေ။ မိခင်ကဏန်းမကြီးသည် မိမိ ကိုယ်အောက်တွင် ဥများကိုကပ်၍ လုံခြုံစွာ သယ်ယူသွားလေ့ရှိ၏။ သို့သော် ဥမှပေါက်ဖွား လာသော သားငယ်အပေါ်၌ တစ်စုံတစ်ရာ စိတ်ဝင်စားခြင်း မရှိတော့ဘဲ ပင်လယ်အောက်ခင်းပေါ်တွင် ထိုအတိုင်းပင် ပစ်ထားလေ့ရှိသည်။ ကဏန်းပေါက်စတို့၏ အရွယ်မှာ မီးခြစ်ဆံခေါင်းမျှ လောက်မျှသာရှိ၍ ယင်းတစ်ကောင်စီကို အလင်းပေါက် အရေခွံတစ်မျိုးဖြင့် ရစ်ပတ်ဖုံး အုပ်လျက်ရှိသည်။ ထိုအရေခွံကို ကဏန်း ပေါက်စလေးများသည် ချက်ခြင်းလိုလိုပင်ချက်ချင်းလိုလိုပင် ဆောင့်ကန် ရုန်းထွက်ပြီးနောက် ရေအောက်မြေပြင်မှ ရေပေါ်သို့ တက်လာကြသည်။
 
ကဏန်းပေါက်စကလေးတို့သည် ကျယ်ဝန်းလှသော ရေလောကတွင် ပျော်မဆုံးအောင် ကူးခတ်သွားလာ လျက်ရှိစဉ် များသောအားဖြင့် ငါးတို့၏ ပါးစပ်တွင်းသို့ သက်ဆင်းသွားကြသည်။ ငါးမစားဘဲ အသက် ရှင်သန်နေသော ကဏန်းကလေးများမှာ အကြိမ်ကြိမ် အရေလဲခြင်းဖြင့် တဖြည်းဖြည်း ကြီးမားလာကြသည်။ အတန်ငယ် ကြီးလာသောအခါ ကဏန်းကြီးများနှင့် သဏ္ဌာန်တူလာ၍ ထိုအချိန်တွင် ရေမကူးတော့ဘဲ ရေတိမ်ရာအရပ်နှင့် ရေစပ်ကမ်းပါးသို့ ချဉ်းကပ်လာကြသည်။