ဒေးဗစ် ခို့ချ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
စာကြောင်း ၃၅ -
ကော့ချ်သည် လေဘာတေးယီးယန်း ပါတီဝင်ဖြစ်ပြီး ၁၉၈၀ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်း အက်ဒ်ကလာ့ခ်နှင့်အတူ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။ ထိုစဉ်က ကလာ့ခ်နှင့် ကော့ချ်အတွဲက ၎င်းတို့ရွေးချယ်ခံရပါက လူမှုဖူလုံရေးကိစ္စများ၊ လူမှုရေးအာမခံချက်များ၊ အနိမ့်ဆုံးလုပ်ခဥပဒေများ၊ ဗဟိုဘဏ်အဖွဲ့အစည်း၊ ကော်ပိုရေးရှင်းခွန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အပံ့များ နှင့် အမေရိကန်နိုင်ငံရှိ ဖက်ဒရယ်အဖွဲ့အစည်းများဖြစ်သော အက်စ်အီးစီ၊ အီးပီအေ၊ အိုင်စီစီ၊ အက်ဖ်တီစီ၊ အိုရှာ၊ အက်ဖ်ဘီအိုင်၊ စီအိုင်အေ နှင့် ဒီအိုအီး (SEC, EPA, ICC, FTC, OSHA, FBI, CIA, DOE) စသည်တို့ကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်းကတိပေးခဲ့သည်။
 
ထို့ပြင် ပြည့်တန်ဆာလုပ်ငန်း၊အပျော်တမ်းမူးယစ်ဆေးဝါးသုံးခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းတို့ကို တရားဝင်ဥပဒေပြုပေးရန် လည်းကတိပြုခဲ့သည်။ ထိုရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာအရ ထောက်ခံမဲ ၁.၀၆% (ဆန္ဒမဲအရေအတွက် ၉၂၁,၁၂၈ မဲ) ရရှိခဲ့သည်။ ထိုရလာဒ်မှာထိုရလဒ်မှာ ယခုအချိန်အထိ လေဘာတေးယီယန်းပါတီအတွက် အကောင်းဆုံးကြိုးပမ်းမှု ဖြစ်သည်။
 
ရွေးကောက်ပွဲအပြီးတွင် ရီဇင်မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးဖြစ်သူ ဘရိုင်ယန် ဒိုဟာတီရေးသားသော စာအုပ်တွင် ဒေးဗစ်နှင့် သူ့ညီ ချားလ်စ်တို့၏ နိုင်ငံရေးသမားများအပေါ် အမြင်ကို ဤသို့ဖော်ပြခဲ့သည်။ သူတို့က “ နိုင်ငံရေးသမားများသည် ပေါ်လစီအိုင်ဒီယာများကို ထုတ်ဖော်ပေးလေ့ရှိသော အကယ်ဒမီများနှင့် ဦးနှောက်အဖွဲ့အစည်းများ (သင့်ခ်တန်ခ့်)တို့ကို ဩဇာအရှိန်အဝါဖြင့် လွှမ်းမိုးထိန်းချုပ်ပြီး မိမိတို့လိုချင်သော နိုင်ငံရေးဇာတ်ညွှန်းများရရှိအောင် လုပ်ဆောင်ပြီးနောက် ထိုဇာတ်ညွှန်းအတိုင်းကကြသော သရုပ်ဆောင်များ” ဟု ရှုမြင်ကြောင်း သိရသည်။