ကျောက်ဖြူခရိုင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
စာကြောင်း ၄၈ -
ခရိုင်သစ် ဖွင့်စအခါက ခရိုင်တစ်ခုလုံးတွင် တောတောင် ထူထပ်လှသဖြင့် လယ်ယာစိုက်ပျိုးရန် နေရာများစွာ မရှိလှချေ။ ဝီရိယကောင်းသူများသာ တောကြီးများကို ခုတ်ထွင်ရှင်းလင်းကာ တာတမံများ ဆည်ဖို့၍ အသင့်အတင့် စိုက်ပျိုးကြ၏။ ယခုအခါတွင်မူကား တစ်ခရိုင်လုံး ခုတ်ထွင်ရှင်းလင်းပြီး
လယ်ယာပြုပြင် စိုက်ပျိုးလာခဲ့ကြသဖြင့် မြေပြန့်လွင်ပြင်များတွင် လယ်များအနှံ့အပြား ရှိနေပေပြီ။ သို့သော် ခရိုင်နယ်နိမိတ် အကျယ်အဝန်းနှင့် နှိုင်းစာလျှင် လယ်ကွက်များ နည်းပါးသည်ဟု ဆိုရပေမည်။ မြေပြန့်လွင်ပြင်ဖြစ်သော မာန်အောင်ကျွန်း၌မူ ဆန်စပါး ကောင်းစွာဖြစ်ထွန်းသဖြင့် ကျောက်ဖြူခရိုင်တွင် စပါးအကောင်းဆုံးနှင့် အများဆုံး ထွက်ရာဒေသ ဖြစ်သည်။ မြေပုံမြို့နယ်၌ မြစ်ရေရောက်ရှိရာ ကမ်းစပ်မြေများကို ခုတ်ထွင်တိုးချဲ့၍ ရေကာဆည်ကြီးများ
ပြုလုပ်ကာ စပါးများ စိုက်ပျိုးလေ့ရှိသည်။ ပြည်တော်သာ စီမံကိန်းများအရ ကျောက်ဖြူ ခရိုင်အတွင်း၌ ဆည်ကတုတ်များ ပြုလုပ်ကာ စပါးစိုက်ပျိုးရေးကို အထူးကြိုးပမ်းလျက်ရှိသဖြင့် ရှေ့နှစ်များတွင် စပါးများ ပိုမိုထွက်ရှိလာမည် ဖြစ်ပေသည်။ မြေအိုးမြေခွက်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စက္ကူထီး လုပ်ငန်းများ အသင့်အတင့်ရှိ၏။ အခြားထင်ရှားသော လုပ်ငန်းများမှာ ပိုးထည်ခြည်ထည်များ ရက်လုပ်ခြင်း၊ ကြံသကာချက်ခြင်း၊ကြံသကာချက်ချင်း၊ ဆားချက်ခြင်းတို့ဆားချက်ချင်းတို့ ဖြစ်၏။ ခရိုင်အတွင်း
စိုက်ပျိုးရရှိသော သီးနှံများမှာ ဆန်စပါး၊ ကြံ၊ ဝါဂွမ်း၊ ပိုက်ဆံပင်၊ ဆေး၊ ကွမ်း၊ ဓနိ၊ ငရုတ်၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နှင့် အုန်းများ ဖြစ်ကြ၏။ ကျောက်ဖြူခရိုင်အတွင်းမှ ထွက်သော မာန်အောင်ဆေး၊ ဂန့်ဂါဆားနှင့် ရဲကျွန်းကြက်သွန်တို့မှာ ထင်ရှားသောထွက်ကုန်များဖြစ်၍ ရခိုင်တိုင်းအနှံ့အပြားသို့
တင်ပို့ ရောင်းချရသည်။