ဆူဟာတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နေ့လည် +နေ့လယ်)
စာကြောင်း ၁၁၃ -
သမ္မတဘဝမှ အနားယူပြီးနောက်ပိုင်းတွင် ဆူဟာတိုသည် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အူရောဂါများဖြင့် ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရသည်။ ထိုရောဂါများကြောင့်ပင် အစိုးရမှ တရားရုံးတွင် အကြိမ်ကြိမ်အစစ်ခံရန် ဆင့်ခေါ်သော်လည်း သူ့ရှေ့နေများက ငြင်းဆန်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။
 
၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဆူဟာတိုကို ဂျာကာတာရှိ ပါတာမီနာဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။ နှလုံးအားနည်းပြီး ခြေလက်နှင့်ဝမ်းဗိုက်များဖောယောင်လာသည်။ ကျောက်ကပ်ကလည်း ကောင်းကောင်းအလုပ် မလုပ် တော့ပေ။ ၂၀၀၈ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရောဂါအခြေအနေပိုဆိုးလာခဲ့သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည်နေ့လယ် ၁ နာရီ ၁၀ မိနစ် တွင် ကွယ်လွန်သွားခဲ့သည်။
 
သူ့အလောင်းကို လေယာဉ်ဖြင့် ၂၈ ရက်နေ့တွင်သယ်ဆောင်သွားပြီး ဂီရီဘန်ဂန်သင်္ချိုင်းရှိ အသက် ၄၉ နှစ် အရွယ်တွင် ကွယ်လွန်သွားသော ဇနီးဖြစ်သူ၏ဂူဘေးတွင် ပြင်ဆင်ထားခဲ့သည်။ သူ့ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်ပေးပြီး စစ်ဘက်၊ အရပ်ဘက်မှပုဂ္ဂိုလ်များ လာရောက်ဂါရဝပြုကြသည်။ လက်ရှိသမ္မတ ယူဒိုယိုနိုကိုယ်တိုင် ကြီးမှူးကျင်းပပေးသည့် ဈာပနပွဲလည်းဖြစ်သည်။