၅၀၇၂၉
တည်းဖြတ်မှုများ
အရေးမကြီး (စာလုံးပေါင်း ပြင်ဆင်ခြင်း) |
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်, -ရုတ်သိမ်း +ရုပ်သိမ်း)) |
||
}}
'''ခြောက်ရက်စစ်ပွဲ''' ကို ဇွန်လစစ်ပွဲ၊ ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲ သို့ တတိယ အာရပ်-အစ္စရေး စစ်ပွဲ စသည်ဖြင့် ရည်ညွှန်းလေ့ ရှိကြပြီး ၁၉၆၇ ဇွန်လ ၅ ရက်နှင့် ၁၀ ရက် အတွင်း အစ္စရေး နှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ အစ္စရေးနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများ အကြား အလွန်အမင်းတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဇွန်လ ၅ရက်နေ့တွင် အစ္စရေးက အာရပ်တပ်များအား လေကြောင်းတိုက်ခိုက်မှု အမှတ်မထင် ရုတ်တရက် စတင်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။
တကယ်တမ်းဆိုသော် ဤစစ်ပွဲသည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တစ်ခုဟုဆိုနိုင်ပေ၏။ ဤစစ်ပွဲကို မည်သူကမျှ မတိုက်ချင်ခဲ့ကြဘဲ စစ်ပွဲကြီးအဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ရပေသည်။ ဤစစ်ကိုမီးမွှေးခဲ့သူ အဓိက တရားခံဟုဆိုနိုင်သူ အီဂျစ်သမ္မတ နာဆာ၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်အား အကျပ်ကိုင်ရန်သာဖြစ်၏။ အမေရိကန်ပြည်၏ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ အကူအညီများဖြင့် ရှင်သန်ရပ်တည်ခဲ့ရာမှ ဆိုဗီယက်ပြည်ထောင်စု၏ စစ်ရေးအထောက်အပံ့များဖြင့် ဒေသတွင်း အင်အားတောင့်တင်းလာပြီးနောက် အမေရိကန်ပြည်အပေါ် မိတ်ဆွေမဆန်သည့် ဆက်ဆံရေးများ ပြုလုပ်လာခဲ့သောကြောင့် အမေရိကန်ပြည်က အီဂျစ်နိုင်ငံအပေါ် စီးပွားရေးအထောက်အပံ့အားလုံး
အီဂျစ်နှင့် အစ္စရေးကြားနယ်စပ်၊ ဆိုင်းနိုင်းသဲကန္တာရအတွင်း တပ်စွဲထားသည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များအား
ထိုအခါ နာဆာသည် ပိုမိုအတင့်ရဲလာပြီး အစ္စရေး၏အသက်သွေးကြောဟုဆိုနိုင်သော တီရန်ရေလက်ကြားကို ပိတ်ဆို့လိုက်လေတော့သည်။ အာရပ်ကမ္ဘာတွင် နာဆာသည် သူရဲကောင်းကြီးဖြစ်သွားသော်လည်း အစ္စရေးအတွက်မူ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရလေတော့သည်။
|