သောမတ် မိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး မိုး ၊ သောမတ် ၊ ဆာ စာမျက်နှာကို သောမတ် မိုး သို့ NayiMuuက ရွှေ့ခဲ့သည်: name sort
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
စာကြောင်း ၆ -
အဌမဟင်နရီနန်းတက်သောအခါ၌ မိုးသည် ဆက်လက်၍အမှုတော်ထမ်းသည် မင်းပျိုမင်းလွင်ဖြစ်သော အဌမဟင်နရီဘုရင်သည် မိုး၏ အရည်အချင်းအစွမ်းအစကို သဘော ကျသဖြင့်အရေးပါလှသည့်ရာထူးကြီးများကို ထမ်းရွက်စေ၏။ တိုင်းတပါးသို့ သံတမန် အဖြစ်နှင့် ၁၅ဝ၉ ခုနှစ်တွင် စေလွှတ်ခဲ့လေသည်။ ၁၅၁၈ ခုနှစ်တွင် ပရီဗီကောင်စီတွင် အဖွဲ့ဝင်တဦးအဖြစ်၎င်း ၁၅၂၃ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်၎င်း ခန့်အပ်ခြင်းခံရ၏။ ၁၅၂၁ ခုနှစ်တွင် ဆာဘွဲ့အမည်ဖြင့် ချီးမြှင့်ခြင်းခံရသည် ၁၅၂၉ ခုနှစ်တွင် ကာဒင်နယ် ဝူလဇီ၏ နေရာတွင်ချန်စယ်လာခေါ် တရားဌာနဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရလေသည်။ ယခင်က ထိုရာထူးကို သာသနာရေးဘက်မှ ပုဂ္ဂိုလ်ကြီးများသာ ထမ်းရွက်ခဲ့ရလေသာ လူဝတ်ကြောင်ဖြင့် ပထမဦးစွာထမ်းရွက်ရသူမှာ မိုးပင်ဖြစ်လေ၏။
 
၄ နှစ်မျှကြာသောအခါ မိုးမှာ ကျန်းမာရေးချို့ယွင်းသည်ဟု အကြောင်းပြကာ ရာထူးမှနုတ်ထွက်လိုက်လေသည်။ စင်စစ်မူကား အဌမ ဟင်နရီဘုရင်သည် မိမိ၏ ကြင်ယာတော် အာရဂွန်မင်းသမီး ကက်သရင်းနှင့် ကွာရှင်းလိုမှုဖြင့် ဗရင်ဂျီဂိုဏ်းနှင့်အတိုက်အခံပြုခြင်းကို မလိုလားမနှစ်ခြိုက်သောကြောင့် ဆာတောမတ်မိုး နှုတ်ထွက်ခြင်းဖြစ်၏၊နုတ်ထွက်ခြင်းဖြစ်၏၊ မိုးကား ဗရင်ဂျီဂိုဏ်းဝင် စစ်စစ်ကြီးဖြစ်လေသည်။ ထို့ကြောင့် အင်္ဂလန်ပြည် သာသနာဂိုဏ်း၏ အထွတ်အထိပ်အဖြစ်ဖြင့် ဟင်နရီဘုရင်ခံယူသည့်အချက်ကို လက်ခံရန်ငြင်းပယ်ခဲ့လေသည်။ သို့ဖြစ်ရကား ဟင်နရီဘုရင်သည်။ မိုးနှင့်အပေါင်းဂိုဏ်းအုပ် ဖစ်ရှာတို့အား သစ္စာဖောက်မှုဖြင့် စွပ်စွဲဖမ်းဆီးပြီးသော် လန်ဒန်မြို့ရှိ မျှော်စင်ကြီး၌ ချုပ်နှောင်ထားခဲ့၏ မိုးမူကား သူ၏သဘောထားကိုပြောင်း၍ ဘုရင်အလိုကျအောင်အလျော့မပေးခဲ့ချေ။ သားမယားဆွေမျိုးမိတ်သင်္ဂဟများက အတန်တန်တောင်းပန်သော်လည်း ခေါင်းမာမြဲ မာနေခဲ့လေသည်။
 
ထို့ကြောင့် ၁၅၃၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ခေါင်းဖြတ်ကွပ်မျက်ခြင်းခံရလေ၏။ အရည်အချင်းနှင့်ပြည့်စုံသလောက်သတ္တိလည်းရှိသူဖြစ်လေရာ ဆာတောမတ်မိုးသည် ရဲရင့်တည်ကြည်စွာပင် အသတ်ခံလေသည်။ ဟင်နရီဘုရင်က မိုး၏ပစ္စည်းဥစ္စာများကိုလည်း ဘဏ္ဍာတော်အဖြစ် သိမ်းယူလိုက်၏။