လင်ခန်းမယားခန်း ပြတ်စဲခြင်း: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အခန်းအနား +အခမ်းအနား)
စာကြောင်း ၁၀၈ -
ယခင်က လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်များ၌ တံဆိပ်တော် ခွန် ၂၅-ကျပ် ထမ်းဆောင်ကြရသည်။ မကြာမီက တံဆိပ်တော်ခွန်တန်ဖိုး(အနည်းငယ်) တိုးမြှင့်လိုက်ရာ လက်ထပ် ၂၅၀-ကျပ်၊ ကွာ ၂၅၀ဝကျပ်ထိ ၁၀ဝ-ရာခိုင်နူန်း တက်သွားသည်။
 
လက်ထပ်လျှင် ကွာရှင်းလျှင်လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်အရ အခန်းအနားမလို၊အခမ်းအနားမလို၊ စာချုပ်စာတမ်း မလိုသော်လည်း ပေါင်းသင်း ကွာရှင်းသော လင်နှင့် မယားတို့၌ အရေးအကြောင်းကြုံပါက အထောက်အထား သက်သေခံစာရွက်စာတမ်း တင်ပြရန် အခက်အခဲ ရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ကွာရှင်းပြီးသူ အချင်းချင်းကိုလည်း မယုံကြည်ရပါ။ ကွာရှင်းစဉ်ကတစ်မျိုး၊ နောင်ကျလျှင် တစ်မျိုးပြောတတ်၊ လုပ်တတ်ကြပါသည်။ ကွာရှင်းပြီးသည့်ယောကျာ်း နောက်မိန်းမယူသည့်အခါ လက်ထပ်မည့်အခါမျိုး၌ “ကျွန်မသာလျှင် မယားကြီးဖြစ်ပါသည်”ဟု သတင်းစာ၌ ကြေညာတတ်သည်။ မိမိနောက်ယူမည့် ယောကျာ်းကိုလည်း ယခင်လင်ဟောင်းက “ဘယ်မလဲကွာရှင်းစာချုပ် မယားခိုးမူဖြစ်သွားချင်သလား”ဟု ခြောက်စား၊ ဟောက်စား လုပ်တတ်သည်။ ပွဲဖျက်တတ်ပါသည်။ မယုံရပါ။ ထို့ကြောင့် စာချုပ်စာတမ်းနှင့် ပေါင်းကြ၊ ကွာကြစေလိုပါသည်။ အတွေ့အကြုံအရ “ရန်ငြိုးအကြီးဆုံးပြိုင်ဘက်နှစ်ယောက်”အား ပြပါဆိုလျှင် မချစ်တော့၍ ကွာရှင်း ပြတ်စဲ၊ ပစ္စည်းခွဲဝေကြသော လင်နှင့်မယားကိုပြပါမည်။ ထို့ပြင် “အမုန်းဆုံး၊ အနာကျည်းဆုံးခံစားနေရသော လူတစ်စုကို” ပြပါဆိုလျှင် အမွေမူဖြစ်နေဆဲ၊ ဖြစ်ခဲ့ပြီးသော အမွေဆိုင်ညီအစ်ကို မောင်နှမအရင်းများကို ပြပါမည်။ အလွန်ရင်းနှီးသူအချင်းချင်း အမူအခင်းဖြစ်ကြသည့်အခါများ၌ တိုက်ပွဲသည် ပို၍ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာ ရမူ့များလှကြောင်း တွေ့ရသည်။