လယ်ရီ ပေ့ချ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တွက်ချက်ချင်း +တွက်ချက်ခြင်း)
စာကြောင်း ၃၃ -
ပေ့ချ်သည် မီချီကန်ပြည်နယ် အိုခခီမို့စ် ရှိ အိုခခီမို့စ် မွန်တီဆော်ရီ (Okemos Montessori )ကျောင်းတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ထိ ကျောင်းတက်ခဲ့ပြီး အိစ်လန်းဆင်း(East Lansing)အထက်တန်းကျောင်းမှ ကျောင်းပြီးခဲ့သည်။ ကွန်ပျူတာသိပ္ပံဘာသာရပ်ဖြင့် မီချီကန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဘွဲ့လွန်ဒီဂရီကို စတန်းဖို့တက္ကသိုလ်မှရရှိခဲ့သည်။ မစ်ချီကန် တက္ကသိုလ်တွင် ပညာသင်စဉ် လီဂို (lego) ပုံဆောင်ခဲများဖြင့် inkjet ပရင်တာ တစ်လုံးကိုဖန်တီးခဲ့သည်။၎င်းပရင်တာမှာ မျဉ်းကြောင်းများသာ ဆွဲပေးနိုင်သည်။ ၁၉၉၄ ခုနှစ်တွင် HKN ၌ကျောင်းသားခေါင်းဆောင်လုပ်ခဲ့သည်။ ဆိုလာ ကား အဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။
 
စတန်းဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဘွဲ့ရယူရန်ကျောင်းအပ်ပြီးနောက် ကမ္ဘာအနှံ့ အင်တာနက်ကွန်ရက် ချိတ်ဆက်မှုဆိုင်ရာ တွက်ချက်ချင်းနည်းပညာတွက်ချက်ခြင်းနည်းပညာ ကိုစာတမ်းပြုစုရန် ကြိုးစားခဲ့သည်။ သူစာတမ်းပြုစုရာတွင် ကြီးကြပ်ပေးသော တယ်ရီဝင်နိုဂရပ်(Terry Winograd) ကသူ၏အကြံဉာဏ်ကိုထောက်ခံခဲ့ပြီး ဆက်လက်ကြိုးစားအားထုတ်ရန် အားပေးခဲ့သည်။ နောက်ပိုင်းတွင် ပေ့ချ်က ထိုကြီးကြပ်သူပေးခဲ့သော အကြံဉာဏ်မှာ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
 
ထို့နောက်တွင် ပေ့ချ် သည် ဝက်ဘ်ပေ့ချ်(Web page) များ၏ရှေ့နောက်ဆက်နွယ်မှုကို လေ့လာခဲ့ပြီး ထိုမှတဆင့် တန်ဖိုးရှိသောသတင်းအချက်အလက်များကို မည်သို့ရရှိအောင် ပြုလုပ်မည်ဆိုသည့် ပြဿနာကို အဖြေရှာဖွေခဲ့သည်။ သူ၏သုတေသန စာတမ်းကို အမည်ပြောင်အဖြစ် “BackRub” ဟုခေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် [[စတန်းဖို့ဒ် တက္ကသိုလ်]]၌ ပါရဂူစာတမ်းပြုစုနေသော ဆာဂျီဘရင်းမ် နှင့်အတူတကွလုပ်ဆောင်ခဲ့သည်။