အခြေခံအမှုန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed Category:ရူပဗေဒ using HotCat
No edit summary
စာကြောင်း ၁ -
[[အမှုန်ရူပဗေဒ]]တွင် '''အခြေခံအမှုန်''' ({{lang-en|Elementary particle}}) ဆိုသည်မှာ ၎င်း၏ အတွင်းဖွဲ့စည်းပုံကို မသိရှိသော၊ ဤအကြောင်းကြောင့် အတွင်းပိုင်းတွင် မည်သည့် အမှုန်များဖြင့် ဖွဲ့စည်းထားသည်ကို မသိရှိသော အမှုန်များကို ဆိုလိုသည်။ ယနေ့သိရှိထားသော အခြေခံအမှုန်များမှာ [[ဖာမီယွန်]] အုပ်စုဝင် ဒြပ်ဆောင်အမှုန်များဖြစ်သည့် [[ကွာ့]]၊ [[လက်ပတွန်]]၊ [[ဆန့်ကျင်ကွာ့]] နှင့် [[ဆန့်ကျင်လက်ပတွန်]] များ၊ ဖာမီယွန်ခြင်း [[အပြန်အလှန်သက်ရောက်မှု]]ကို ဖြစ်စေသည့် အားဆောင်အမှုန်များဖြစ်သော [[ဘိုဆွန်]] အုပ်စုဝင် [[ဂလူယွန်ဘိုဆွန်]] နှင့် [[ဟစ်ဂစ်ဘိုဆွန်]]များ စသည်တို့ဖြစ်သည်။ အခြေခံအမှုန် နှစ်ခုုနှင့်အထက်နှစ်ခုနှင့်အထက် ပါဝင်ဖွဲ့စည်းထားသော အမှုန်ကို [[ပေါင်းစပ်အမှုန်]]ဟုခေါ်သည်။
 
နေ့စဉ်မြင်တွေ့နေရသော [[ရုပ်ဒြပ်]]များကို [[အက်တမ်]]များဖြင့် ဖွဲ့စည်းထားသည်။ တစ်ချိန်က အက်တမ်များကို အခြေခံအမှုန်ဟု ယူဆခဲ့ကြသည်။ နောင်အခါတွင် အက်တမ်ကို အခြားသော [[ပရိုတွန်]]၊ [[နျူထရွန်]]နှင့် [[အီလက်ထရွန်]] အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း သိရှိလာကြသည်။ [[ကွမ်​တမ်​သီ​အို​ရီ]]အရ နျူထရွန်နှင့် ပရိုတွန်များတွင် [[အပ်ကွာ့]]နှင့် [[ဒေါင်းကွာ့]]ဟူသော ကွာ့အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိရပြီး ၎င်းကွာ့ အမှုန်များအား ယနေ့တွင် အခြေခံအမှုန်များအဖြစ် ယူဆထားကြသည်။ [[မော်လီကျူး]]များတွင်းရှိသော အီလက်ထရွန်များတွင် [[ကွာစီအမှုန်များ]]ဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆနိုင်သော်လည်း လွတ်လပ်စွာ ရွေ့လျားနေသည့် အီလက်ထရွန်သည် ဖြိုခွဲ၍ မရနိုင်သော အခြေခံအမှုန်အဖြစ် ယူဆထားသည်။