အံ့ကျော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 2 edits by Wai Yan Minn (talk) to last revision by Ninjastrikers. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး →‎ရုပ်ရှင်လောက
စာကြောင်း ၂၁ -
 
==ရုပ်ရှင်လောက==
ရုပ်ရှင်လောကသို့ ရောက်ရှိသည့်အခါ သူ၏ မိဘသဖွယ် လက်ဦးဆရာများမှာ ဒါရိုက်တာ [[ချင်းစိန်၊ချင်းစိန် ဦး(ရွှေညာမောင်)|ဦးချင်းစိန်]]၊ ဒါရိုက်တာ [[တင်ယု၊ ဦး(ဒါရိုက်တာ)|ဦးတင်ယု]]နှင့် ဒါရိုက်တာ [[ဦးမောင်မောင်မြင့်]]တို့ ဖြစ်ကြသည်။ ဦးအံ့ကျော်သည် ၎င်းဒါရိုက်တာကြီးများ၏ ညွှန်ကြားပြသ ပြောဆိုမှုများကို စိတ်ရှည်လက်ရှည်ဖြင့် တစ်သဝေမတိမ်း လုပ်ဆောင်လေ့ရှိသည်။ သူသည် လူကြမ်းမင်းသားခန်းများတွင် သရုပ်ဆောင်ရသော်လည်း ပင်ကိုယ်စရိုက်မှာ ပျော်ပျော်နေတတ်သည်။
 
၁၉၆၇-ခုနှစ်တွင် ဒေါ်နှင်းရည်အောင်(ရထားပို့ဆောင်ရေးဝန်ကြီးဌာန-ငြိမ်း)နှင့် အိမ်ထောင်ပြုပြီး သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် [[အမျိုးသား စာပေဆု]]ရ [[မင်းကျော် (စာရေးဆရာ)|မင်းကျော်]]၏ [[မြဝတီမဂ္ဂဇင်း]]ပါ အခန်းဆက် [[ဝတ္ထုရှည်]]ကို ဒါရိုက်တာ [[သုခ၊ ဦး (ဒါရိုက်တာ)|ဦးသုခ]] ရိုက်ကူးသော ''ဘယ်သူပြိုင်လို့ လှပါတော့နိုင်'' ဇာတ်ကားတွင် ဇာတ်ပို့ဆုဖြင့် [[မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု|အကယ်ဒမီဆု]]ကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ ထိုဇာတ်ကားတွင် စာမတတ် ပေမတတ် ထန်းတက်သမား ကိုချစ်စရာအဖြစ် ရိုးသားနုံအသော တောသားတစ်ယောက်၏ သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြနိုင်ခဲ့သည်။