ဝီကီပီးဒီးယား:မြန်မာဝီကီပီးဒီးယား ဓာတ်ပုံပြိုင်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Protected "Wikipedia:မြန်မာဝီကီပီးဒီးယား ဓာတ်ပုံပြိုင်ပွဲ" ([ပြင်ဆင်ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] (အနန္တ) [ရွှေ့ရန်=စီမံခန့်ခွဲသူများသာ] (အနန္တ))
No edit summary
စာကြောင်း ၁ -
'''မြန်မာဝီကီပီးဒီးယား ဓာတ်ပုံပြိုင်ပွဲ''' သည် ၂၀၁၈ ခုနှစ်တွင် [[မြန်မာဝီကီပီးဒီးယား]]အဖွဲ့မှ ပြုလုပ်ကျင်းပသော [[မြန်မာနိုင်ငံ]]ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ခု ဖြစ်သည်။ ပြိုင်ပွဲကို '''မြန်မာနိုင်ငံ နေရာဒေသ'''နှင့် '''မြန်မာ့ယဉ်ကျေးမှု''' ဟူ၍ ခေါင်းစဉ်နှစ်ခုခွဲ ကျင်းပသည်။ နေရာဒေသ ပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင်းရှိ အထင်ကရ အဆောက်အအုံများ၊ မြို့ရွာ ဆိုင်းဘုတ်၊ မုခ်ဦးများ၊ ဘာသာရေး အဆောက်အအုံများ၊ မြို့ရွာ ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်သော မြင်ကွင်းကျယ်ရှုခင်းများ၊ မြစ်ချောင်းအင်းအိုင်၊ ရေတံခွန် အစရှိသော ပထဝီဝင်အမှတ်အသားများ စသည့်တို့၏ ပုံများကိုလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင်းရှိ ပွဲတော်များ၊ ပွဲလမ်းသဘင်များ၊ ရိုးရာအစားအစာနှင့် ရိုးရာဝတ်စုံများ၊ ဖျော်ဖြေရေးနှင့် ဂီတများ၊ လက်မှုပညာများ၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ စသည်တို့၏ ပုံများကို လည်းကောင်း ပေးပို့ ယှဉ်ပြိုင်နိုင်သည်။
{{Underconstruction}}
 
မြန်မာနိုင်ငံ နေရာဒေသ ဓာတ်ပုံပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှု ဓာတ်ပုံပြိုင်ပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်သည်။
 
== နောက်ခံ ==
[[ဝီကီပီးဒီးယား]]တွင် မြန်မာနိုင်ငံ၏ နေရာဒေသများနှင့် [[မြန်မာ့ ယဉ်ကျေးမှု|ယဉ်ကျေးမှု]]များနှင့် သက်ဆိုင်သော ဓာတ်ပုံများ များပြားလာစေရန် ရည်ရွယ်၍ ဤဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
 
== ပြိုင်ပွဲဝင် ဓာတ်ပုံများ ==
* [[:commons:Category:Images from Myanmar Settlement Photo Contest|မြန်မာနိုင်ငံ နေရာဒေသ ပြိုင်ပွဲဝင် ဓာတ်ပုံများ]]
* [[:commons:Category:Images from Myanmar Culture Photo Contest|မြန်မာ့ယဉ်ကျေးမှု ပြိုင်ပွဲဝင် ဓာတ်ပုံများ]]
 
== ဦးဆောင်အဖွဲ့အစည်း ==
ဤဓာတ်ပုံပြိုင်ပွဲကို မြန်မာဝီကီပီးဒီးယားမှ စေတနာ့ဝန်ထမ်းများက ဦးဆောင် ကျင်းပသည်။
 
== ပေးအပ်မည့် ဆုများ ==
ပြိုင်ပွဲ တစ်ခုချင်းစီအတွက် အောက်ပါတန်ဖိုးဖြင့် ညီမျှသော ဖုန်းဘေလ်များကို ပေးအပ်သွားမည် ဖြစ်သည်။
* ပထမဆု
* ဒုတိယဆု
* တတိယဆု
* နှစ်သိမ့်ဆု (၁၀) ဆု
 
== ယှဉ်ပြိုင်နိုင်သော ပုံအမျိုးအစားများ ==
 
=== မြန်မာနိုင်ငံ နေရာဒေသ ဓာတ်ပုံပြိုင်ပွဲ ===
မြန်မာနိုင်ငံတွင်းရှိ
* မြို့/ရွာ၏ အထင်ကရ နေရာများနှင့် အဆောက်အဦးများ (ဥပမာ ကျောက်တိုက်၊ ကြေးရုပ်၊ ဈေး၊ ကျောင်း စသည်)
* မြို့/ရွာ၏ အဝင်အထွက် ဆိုင်းဘုတ်များ၊ မုခ်ဦးများ
* ဘာသာရေး အဆောက်အဦးများ
* မြို့/ရွာ ပတ်ဝန်းကျင်ကို မြင်ရသည့် သာယာလှပသော မြင်ကွင်းကျယ် ရှုခင်းများ
* မြစ်ချောင်း အင်းအိုင်၊ တောတောင်၊ ရေတံခွန် စသည့် ပထဝီဝင် အမှတ်အသားများ
* ဆည်၊ တံတား၊ စက်ရုံ စသော အထင်ကရ အဆောက်အဦးများ
 
=== မြန်မာ့ယဉ်ကျေးမှု ဓာတ်ပုံပြိုင်ပွဲ ===
မြန်မာနိုင်ငံတွင်းရှိ
* ပွဲတော်များ၊ ပွဲလမ်းသဘင်များ
* ရိုးရာအစားအစာများနှင့် ရိုးရာဝတ်စုံများ
* ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ
* လက်မှုပညာများ
* ဖျော်ဖြေရေးနှင့် ဂီတ
 
== စည်းကမ်းချက်များ ==
# ကိုယ်တိုင်ရိုက်ကူးထားသည့် ပုံဖြစ်ပြီး ကြည်လင်ပြတ်သားမှု ရှိရမည်။
# ပုံအရွယ်အစားမှာ အနည်းဆုံး 2 megapixel ရှိရမည်။
# ပုံ၏ အမည်ကို အင်္ဂလိပ်စာနှင့် ရေးသားပြီး၊ ပုံ၏ အကြောင်းအရာကို အင်္ဂလိပ်စာနှင့် ဖြစ်စေ၊ မြန်မာစာနှင့် ဖြစ်စေ ရေးသား ဖော်ပြရမည်။
# ရေးသားထားသော အကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြနိုင်သော ပုံ ဖြစ်ရမည်။
# ပုံပေါ်တွင် ရေစာ (watermark) များ မထည့်သွင်းရ။
# အလင်းအမှောင်ကို အနည်းငယ် ချိန်ညှိခြင်း၊ crop လုပ်ခြင်းမှလွဲ၍ ပြင်ဆင်ထားသော ပုံ မဖြစ်ရ။
# မိမိတင်သော ဓာတ်ပုံများသည် တစ်ပုံနှင့်တစ်ပုံ ဆင်တူယိုးမှား မတူညီစေရ။
# လူပုံ မပါစေရ။ ပုံတွင် လူပုံများ ပါရှိခဲ့ပါက ၎င်းတို့ကို အသားပေး ရိုက်ထားသောပုံများ မဖြစ်စေရ။
# Wikimedia Commons တွင် မိမိတင်လိုက်သော ပုံများသည် [https://creativecommons.org/licenses/by-sa/4.0/ Creative Common License 4.0] နှင့် အညီ အများပြည်သူသို့ လွတ်လပ်စွာ အသုံးပြုခွင့်ပေးပြီးဖြစ်သည်ဟု မှတ်ယူရမည်။
# ပြိုင်ပွဲကာလပြီးဆုံးသည့်အချိန်တွင် [https://www.facebook.com/250212975330742 Myanmar Wikipedia Facebook] စာမျက်နှာ၏ Message box သို့ မိမိ၏ username နှင့် တင်ထားသော ဓာတ်ပုံအရေအတွက်ကို အကြောင်းကြားရမည်။
# ဆုနှင့် ပတ်သက်၍ Myanmar Wikipedia Community ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
 
== ယှဉ်ပြိုင်ရမည့် ပုံစံ ==
ဓာတ်ပုံများကို Wikimedia Commons ၏ [[:commons:Special:UploadWizard|ပုံတင်သည့် wizard]] မှလည်းကောင်း၊ [https://play.google.com/store/apps/details?id=fr.free.nrw.commons မိုလ်ဘိုင်းအပလီကေးရှင်း]မှ လည်းကောင်း upload တင်နိုင်သည်။
 
== ဆုရွေးချယ်ခြင်း ==
စည်းကမ်းချက်များနှင့် အညီ ပြိုင်ပွဲဝင်ထားသော ဓာတ်ပုံအများဆုံးတင်နိုင်သည့် အရေအတွက်အလိုက် ဆုချီးမြှင့်ပေးသွားမည် ဖြစ်သည်။
 
== ပြင်ပလင့်ခ်များ ==
 
 
 
[[Category:မြန်မာဝီကီပီးဒီးယား]]