ဝီကီပီးဒီးယား:မြန်မာဝီကီပီးဒီးယား ဓာတ်ပုံပြိုင်ပွဲ: တည်းဖြတ်မှု မူကွဲများ

စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁ -
{{Wide image|Sagaing-Myanmar-01-Ayeyarwady bridge-gje.jpg|1200px|alt=ဆောက်လက်စ စစ်ကိုင်းတံတား}}
'''မြန်မာဝီကီပီးဒီးယား ဓာတ်ပုံပြိုင်ပွဲ''' သည် ၂၀၁၈ ခုနှစ်တွင် [[မြန်မာဝီကီပီးဒီးယား]]အဖွဲ့မှ ပြုလုပ်ကျင်းပသော [[မြန်မာနိုင်ငံ]]ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ခု ဖြစ်သည်။ ပြိုင်ပွဲကို '''မြန်မာနိုင်ငံ နေရာဒေသ'''နှင့် '''မြန်မာ့ယဉ်ကျေးမှု''' ဟူ၍ ခေါင်းစဉ်နှစ်ခုခွဲ ကျင်းပသည်။ နေရာဒေသ ပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင်းရှိ အထင်ကရ အဆောက်အအုံများ၊ မြို့ရွာ ဆိုင်းဘုတ်၊ မုခ်ဦးများ၊ ဘာသာရေး အဆောက်အအုံများ၊ မြို့ရွာ ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်သော မြင်ကွင်းကျယ်ရှုခင်းများ၊ မြစ်ချောင်းအင်းအိုင်၊ ရေတံခွန် အစရှိသော ပထဝီဝင်အမှတ်အသားများ စသည့်တို့၏ ပုံများကိုလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင်းရှိ ပွဲတော်များ၊ ပွဲလမ်းသဘင်များ၊ ရိုးရာအစားအစာနှင့် ရိုးရာဝတ်စုံများ၊ ဖျော်ဖြေရေးနှင့် ဂီတများ၊ လက်မှုပညာများ၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ စသည်တို့၏ ပုံများကို လည်းကောင်း ပေးပို့ ယှဉ်ပြိုင်နိုင်သည်။