စာပေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
No edit summary
စာကြောင်း ၇၁ -
 
== သုတစာပေ ==
သုတစာပေတွင်မူ စာရေးဆရာသည် သူသိသော အကြောင်းအရာ၊ သူသိသော ပညာဗဟု သုတတို့ကို သူသိသည့်အတိုင်း တင်ပြပါသည်။ ထိုအခါ စာဖတ်သူသည် အသိပညာကိိုလည်းကောင်း၊အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိပါသည်။ ဆောင်းပါး၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်း စသည်တို့သည် သုတစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။ ထို့ပြင် ဗဟုသုတကို တင်ပြလိုသည့် ရည်ရွယ်ချက်ဖြင့်ရေးသော ပညာပေး ကဗျာများသည်လည်း သုတစာပေတွင် ပါဝင်သည်ဟု ဆိုရ ပါမည်။ သုတစာပေကိုရေးရာ၌ တခါတရံ စာရေးဆရာသည် သူသိသော အသိပညာ၊ သူသိသော ဗဟုသုတတို့ကို စာဖတ်သူတို့ လက်ခံချင်လာအောင် သူ့စေတနာနှောလျက် ဖျောင်းဖျသွေးဆောင်၍ ရေးတတ်သည်လည်း ရှိပါသည်။ ထိုအခါ စာဖတ်သူသည် ပညာဗဟုသုတ ရသည့်အပြင် နှစ်သက် ခြင်းလည်း ဖြစ်ရပါသည်။ ထိုစာမျိုးကို သုတစာပေ၌ ထည့်သွင်းနိုင်သည် ဆိုသော်လည်း ရသသဘော နှောနေသဖြင့် ပညာရှင်အချို့က သုတ ရသစာပေဟု ဆိုကြပါသည်။
<ref>မင်းယုဝေ - မြန်မာ ကလေးသူငယ် သုတစာပေ</ref>
သုတ= knowledge (မသိသေးတဲ့ အချက်အလက် ပညာရပ် ကိုရှင်းလင်းအသိတိုးစေတာ) သက်သက် ရေးတဲ့စာ
"https://my.wikipedia.org/wiki/စာပေ" မှ ရယူရန်