မြက်ဖျာလုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၄ -
 
မြက်ဖျာရက်လုပ်မှုတွင် လက်လုပ်သစ်သားလက်ခတ် ၁၉-ပေါက်ပါအရွယ်အစား၊ ၂၁-ပေါက်ပါ အရွယ်အစားများ အဖြစ် နှစ်မျိုး ရက်လုပ်ပြီး ထန်းလက်ဖြင့် လွန်းပြုလုပ်ကာ ရက်လုပ်ကြရသည်။ ယခင်က ကြိုးများကို သီးသန့်ရက်လုပ်သော်လည်း လက်ရှိကာလတွင် ပလတ်စတစ်ကြိုးကို အသုံးပြုကာ ရက်လုပ်ကြသည်။ ရက်လုပ်သည့် နည်းစနစ်တွင် လက်ခတ်မှ အပြီးအစီး ကြိုးအထက် အောက်စနစ်ကို ပြုလုပ်ပေးထားပြီး လူတစ်ဦး တစ်နေ့လျှင် မြက်ဖျာ ၇-ချပ် အထိပြီးစီးသည်။ မြက်ဖျာရက်လုပ်မှုတွင် အဆင်ဒီဇိုင်းလှပရန်အတွက် မြာဟုခေါ်သော မြက်ကို ချည်ဆိုးဆေးများဖြင့် အနီ၊ အစိမ်း၊ ခရမ်း၊ အပြာနှင့် အခြားအရောင်များဆိုးကာ တစ်ထွာခြားထည့်သွင်းရက်လုပ်ကာ အကွက်ဖော်လေ့ရှိသည်။ ဈေးကွက်တွင် ရောင်းချသော မြက်ဖျာများကို အလျား သုံးတောင်နှင့် တစ်ထွာ၊ အနံ နှစ်တောင်အရွယ်အစား ရက်လုပ်ပြီး တန်းလျားခုံ၊ ထိုင်ခုံများ ခင်းရန်အတွက် သီးသန့်ရက်လုပ်ပေးခြင်းများလည်း ပြုလုပ်ပေးလျက် ရှိသည်။
 
မြက်ဖျာရက်လုပ်မှုတွင် ဆီမီးတိုင် (ခေါ်) ရှင်မွေးလွန်းမြက်ဖြင့် ရက်လုပ်သည့် မြက်ဖျာအကြမ်းနှင့် မြာမြက်ဖြင့် ရက်လုပ်သော မြက်ဖျာအနုဟူ၍ နှစ်မျိုးရက်လုပ် ရောင်းချလျှက် ရှိသည်။ မြက်ဖျာအနု တစ်ချပ်လျှင် ငွေကျပ် ၄၅၀၀ ဖြင့် ရောင်းချပြီး မြက်ဖျာအကြမ်းတစ်ချပ်လျှင် ငွေကျပ် ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀ အထိ လက်ရာအလိုက် ဈေးအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိသည်။
 
<ref>မန္တလေးနေ့စဉ်သတင်းစာ၊ ၄-၈-၂၀၁၈။ စာ-၁၈</ref>