ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
{{Infobox လူ
=ကင်းဝန်မင်းကြီး=
| အမည် = ဦးကောင်း
(၁၁၈၃-၁၂၇၀)
| ပုံ = ukaung.jpg
မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင် ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရ ဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ ကင်းဝန်မင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှားလှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ ဖြစ်ကြသော မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက် မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ အဖြစ်မှန်ကို မသိသူအချို့က “ '''ဦးကောင်းလိမ်ထုတ် သီပေါပြုတ် '''” ဟူသော စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့လက်သို့ လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။
| caption =
| အမည်ရင်း = မောင်ချင်း
| မွေးရက် = ၁၁၈၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်
| ဌာနေ =
| သေရက် = ၁၂၇၀-ခုနှစ် ဝါဆိုလဆန်း ၃-ရက် အင်္ဂါနေ့ နံနက် ၅-နာရီ ( အသက်အားဖြင့် ၈၆-နှစ် ၄-လနှင့် ၂၂-ရက် )
| နိုင်ငံသား = [[Image:Flag of Myanmar.svg|25px ]] မြန်မာနိုင်ငံ
| လူမျိုး = ဗမာလူမျိုး
| ပညာ =
| လုပ်ငန်း = စာပေပညာရှိကြီး၊ အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး
| မွေးဖွားရာ =
| အမည်အရည် =
| အရပ် =
| အလေး =
| သွေးအုပ်စု =
| ကြင်ဖော် =
| သားသမီး =
| မိဘ = ဦးမှို- ဒေါ်စီ
|ကွယ်လွန်ရက်=
| လက်မှတ် =
| ဝဘ်​ဆိုက်​ = http://www.aungsan.com/
}}
 
မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင် ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရ ဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ ကင်းဝန်မင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှားလှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ ဖြစ်ကြသော မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက် မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ အဖြစ်မှန်ကို မသိသူအချို့က “ '''ဦးကောင်းလိမ်ထုတ် သီပေါပြုတ်မင်းဆက်ပြုတ် '''” ဟူသော စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့လက်သို့ လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။ <ref>http://en.wikipedia.org/wiki/Kinwon_Min_Gyi</ref>အထက်ပါ လင်္ကာ၏ အနက်မှာ ဦး = တနင်္ဂနွေနံ = ၁ ၊ ကောင်း= တနင်္လာနံ = ၂ ၊ လိမ် = ဗုဒ္ဓဟူးနံ = ၄ ၊ ထုတ် = သောကြာနံ= ၇ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အေဒီ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဦးကောင်း ကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည့် အဓိပ္ပယ်အား ရည်ညွန်း ချိုးနိုမ်ထားခြင်းဖြစ်သည်။ <ref>သီပေါမင်း ပါတော်မူခြင်း-အမျိုးသား ပညာဝန်ဦးဖိုးကျား</ref>
 
အမှန်မှာ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မှီတိုးတက်လျက်ရှိသော အခြား နိုင်ငံတို့နှင့် ရင်ဘောင်တန်းနိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင် ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီးများတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။
 
[[Image:ukaung.jpg | right | thumb| ကင်းဝန်မင်းကြီး ဦကောင်း]]
 
 
Line ၁၈ ⟶ ၄၁:
မောင်ချင်း ၇-နှစ်သား အရွယ်သို့ရောက်လျှင် အမိအဖတို့က မုန်တိုင်ပင်ရွာ၏ မြန်မာခရီး ၁-တိုင်ခန့်ကွာသော ငှက်ပျောတောရွာ ကျောင်းထိုင် ပုဂ္ဂိုလ်ဦးဆန်းထံတွင် စာပေသင်ကြားရန် အပ်နှံကြလေသည်။ သက္ကရာဇ် ၁၁၉၃-ခုနှစ် အသက် ၁၀-နှစ်သားအရွယ်သို့ရောက်လတ်သော် မောင်ချင်းကို ထိုကျောင်း၌ပင် သျှင်သာမဏေပြုကြ၍ ဆရာ-ဘုန်းတော်ကြီးဦးဆန်းက “အာသဘ” ဟု ဘွဲ့ချီတော်မူလေသည်။
 
သက္ကရာဇ် ၁၁၉၈-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် သျှင်အာသဘသည် ဆရာမိဘတို့ထဲမှ ခွင့်ပန်၍ စစ်ကုန်းရွာကျောင်း ဆရာ-ဘုန်းတော်ကြီး ဦးအာသဘထံ၌ အဘိဓာန်၊ဆန်း၊အလင်္ကာ ပါဌ်အနက်များကို ကြိုးစားအားထုတ် ကျက်မှတ် သင်ကြားသည်။ ထို့နောက်မှလည်း ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမထံ၌၄င်း၊ ငါးရံ့အို-မြစ်စုတ်ရွာကျောင်း ဘုန်းတော်ကြီး ဦးကျော်ခေါင်ထံ၌၄င်း၊ ပြောင်းရွှေ့နေထိုင်ပြီးသကာလ သင်ရိုး-ပိဋကတ်ကျမ်းဂန်များကို နှ့ံစပ်အောင်နှံ့စပ်အောင် အားထုတ်သင်ကြားသည်။ ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကား နောင်သောအခါ ဦးရန်ဝေးဟု ထင်ရှား ကျော်စောလာသူ၏ ဦးရီးဖြစ်လေသည်။ထိုစဉ်အခါကလည်း ပဒူးရွာသား ဦးရန်ဝေးသည် ထိုပဒူးရွာကျောင်း၌ပင်လျှင် ဦးပဥ္စင်းဦးပဉ္စင်း ဦးသုဒ္ဓအဖြစ်နှင့် ရှိသောကြောင့် သျှင်အာသဘနှင့် လွန်စွာ ခင်မင်ရင်းနှီးသော ဆရာတပည့် အဖြစ်သို့ရောက်ခဲ့ သည်။
 
==ရဟန်းဘဝ==
 
သက္ကရာဇ် ၁၂၀၃-ခုနှစ် အသက် ၂၀-ပြည့်လေသော် ငါးရံ့အို-မြစ်စုတ်ရွာကျောင်းမှ ငှက်ပျောတော ရွာကျောင်း ငယ်ဆရာ ဘုန်းတော်ကြီးဦးဆန်းထံသို့ ပြန်ခဲ့၍ ရဟန်းအဖြစ်သို့ ရောက်တော်မူလေသည်။ ရဟန်းအဖြစ်သို့ ရောက်တော်မူ ပြန်သောအခါ၌လည်း ငှက်ပျောတောရွာကျောင်း၌ ကြာရှည်စွာ သီတင်းသုံးတော်မမူ။ ငါးရံ့အို-မြစ်စုတ်ရွာကျောင်းသို့ပင် ပြန်ကြွတော်မူကာ မာတိကာ ဓာတုကထာ ယမိုက် ပဌာန်းဟု ဆိုအပ်သော ညဝါကျမ်းများကို ကြိုးပမ်း သင်ကြားတော ်မူလေသည်။သင်ကြားတော်မူလေသည်။
 
သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဥ္စင်းဦးပဉ္စစင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။ ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။
 
==မင်းမှုထမ်းဘဝ==
Line ၅၈ ⟶ ၈၁:
ထိုနှစ် သက္ကရာဇ် ၁၂၃၅-ခုနှစ်အတွင်း ပြင်သစ်နိုင်ငံသို့ သံတော်ကြီးအရာနှင့်ပင် ထပ်မံစေလွှတ်ခြင်းခံ ရပြန်လေရာ ပြင်သစ်သို့အသွားလမ်းခရီးအကြားတွင် “အဋသံခိပ် ဓမ္မသတ်” တွင် ကြွင်းကျန်ရှိနေသည့် မြေမှုခန်း ရောင်းဝယ်မှုခန်း အစရှိသည့် တရားအဆုံးအဖြတ်များကို “ဗွာဒိတျံန” ချီ “ပကိဏ္ဏက ဓမ္မသတ်-လင်္ကာ” ပုဒ်ရေ-၂၈ ကို စီကုံးရေးသားပြန်လေသည်။
 
သက္ကရာဇ် ၁၂၃၆-ခုနှစ်တွင် ရွှေမြို့တော်သို့ ပြန်လည် ဆိုက်ရောက်လာခဲ့၏။ ထိုအခါ ဥရောပနိုင်ငံများသို့ သွားရောက်ကာ အလိုတော်မြတ်ရှိသည်အရာတို့ကို ကုံတွင် ပြီးမြောက်အောင် ဥရောပနိုင်ငံများသို့ နှစ်ကြိမ်နှစ်ခေါက် သွားရောက် ထမ်းရွက်ခဲ့ဘူးသည် ဖြစ်သည်ဟု သေနတ် အစုတပ်ပေါင်း ၂၂-တပ်၊ စစ်သည် လက်နက်ကိုင်ပေါင်း ၅-သောင်းကျော်တို့တွင် အကြီးအမှှုးအဖြစ်ဖြင့်အကြီးအမှူးအဖြစ်ဖြင့် “သေနတ်ဝန်”အရာ ထပ်မံခန့်ထား သူကောင်းပြုတော်မူလေသည်။
 
တဖန် ထိုနှစ်အတွင်းမှာပင် သားတော်-အိမ်ရှေ့မင်း အိန္ဒိယနိုင်ငံသို့လှည့်လည်လာသည်ကို အမိန့်တော်မြတ်အရ လက်ဆောင်တော်အများနှင့် ကာလကတ္တားမြို့သို့ သွားရောက်တွေ့ဆုံရသေးသည်။
Line ၇၄ ⟶ ၉၇:
 
==ဘဝနိဂုံး==
ဤသို့လျှင် အုပ်ချုပ်ရေးဘက် စာပေဘက်တွင်၄င်း၊လောကီဘက် လောကုတ္တရာဘက်တွင်၄င်း၊ အထူးကျော်စော ထင်ရှားခဲ့ပေသော ဝန်ရှင်တော် လယ်ကိုင်းမြို့စား သေနတ်ဝန် ကင်းဝန်မင်းကြီး မင်းသတိုးသုဓမ္မ မဟာသက်တော်ရှည် “စီအက်(စ်)အိုင်” သည် သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်သည်ဖြစ်၍ သက္ကရာဇ် ၁၂၇၀-ခုနှစ် ၀ါဆိုလဆန်းဝါဆိုလဆန်း ၃-ရက် အင်္ဂါနေ့ နံနက် ၅-နာရီ အသက် ၈၆-နှစ် ၄-လနှင့် ၂၂-ရက်တွင် အနိစ္စရောက်ရရှာလေသတည်း။
- <ref>သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊၁၉၆၈။ </ref>
 
<ref> urmese Encyclopedia Vol 2, p-406 printed in 1955</ref>
 
==ကိုးကား==
<references/>
- သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊၁၉၆၈။
 
[[Image:ukaunghouse.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
Line ၈၈ ⟶ ၁၁၁:
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
[[en:Kinwun Mingyi]]