ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၄၈ -
 
သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဉ္စစင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။ ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။
[[Image:ukaunghouse.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
 
==မင်းမှုထမ်းဘဝ==
တခါသော် အမရပူရ စုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။ ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည် နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။
စာကြောင်း ၁၀၄ -
<references/>
 
 
[[Image:ukaunghouse.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
 
[[Category:အတ္ထုပ္ပတ္တိ]]
စာကြောင်း ၁၁၁ -
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
[[en:Kinwun Mingyi U Kaung]]