မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

"မန်ရှူးကျမ်း (သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
မန်ရှူးကျမ်း (သို့မဟုတ်) နန်းစောနိုင်ငံဦးဆောင်းကျမ်းကိုနန်စောနိုင်ငံဦးဆောင်းကျမ်းကို အန်းနမ်နယ် နယ်မှူးချုပ် ချိုက်ယှီ၏ အတွင်းရေးမှူး ဖန်ချော့က ရေးသားခဲ့သည်။ ဖန်ချော့သည် ခရစ်နှစ် ၈၆၂ ခုနှစ်တွင် နယ်မှူးချုပ်အဖြစ် ခန့်အပ်ခံရသူ ချိုက်ယှီနှင့်အတူ အန်းနမ်နယ် ကျီ-ယောင်ကျီ (ယခု ဟနွိုင်ဒေသ) သို့ ရောက်လာခဲ့သည်။ ထိုအချိန်က နန်းစောမင်းနန်စောမင်း ရှိလုန်သည် အန်းနမ်နယ် ကျီ-ယောင်ကျီ ဒေသကို တတိယအကြိမ် ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။ ထန်မင်းဆက် တရုတ်နိုင်ငံပိုင်နက်ဖြစ်သော အန်းနမ်နယ်သည် နမ်စောတို့၏နန်စောတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ဖန်ချော့က ကောင်းစွာသတိပြုမိခဲ့သည်။ ကျီ-ယောက်ကျီသို့ ရောက်ပြီးနောက် နန်စောတို့နှင့် ပတ်သက်သော အကြောင်းအရာ၊ အချက်အလက်များကို စုံစမ်းလေ့လာခဲ့သည်။ ခရစ်နှစ် ၈၆၃ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် နန်စောက အလုံးအရင်းနှင့် တိုက်ခိုက်လာရာ၊ နယ်မှူးချုပ် ချိုက်ယှီသည် မိသားစုနှင့် အချွေအရံ စုစုပေါင်း ခုနှစ်ဆယ်ကျော်နှင့်အတူ ကျဆုံးခဲ့သည်။ ဖန်ချော့၏ သားအကြီး ဖန်ထောင်းသည်လည်း မိသားစုနှင့် အိမ်စေများ စုစုပေါင်း တစ်ဆယ့်လေးဦးနှင့်အတူ သေဆုံးခဲ့ရသည်။ ဖန်ချော့ကမူ ညာဘက်လက်ကောက်ဝတ်တွင် မြှားထိခဲ့သော်လည်း တစ်ဖက်ကမ်းသို့ရောက်အောင် ရေကူးနိုင်ခဲ့သဖြင့် လွတ်မြောက်သွားခဲ့သည်။ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ပြန်ရောက်လာသောအခါ ဖန်ချော့သည် နန်စောတို့နှင့် သက်ဆိုင်သောအချက်အလက်များကို စုဆောင်းလေ့လာခဲ့ပြန်သည်။ အခန်းဆယ်ခန်းပါဝင်သော မန်ရှူးကျမ်းကို ပြုစုရေးသားပြီး ဧကရာဇ် ယိကျုန်းထံ တင်ဆက်ခဲ့သည်။