"မန်ရှူးကျမ်း" ၏ တည်းဖြတ်မှု မူကွဲများ

၁၉၆၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
လိရွှေကို လုပေးမြစ် ဟူ၍လည်း ခေါ်၏။ (တိဗက်) လာဆာမြို့ စန်းဝေတောင်ခြေမှ မြစ်ဖျားခံသည်။ တောင်ဘက်သို့ စီးဆင်းလာရာ၊ လိရွှေမြို့ အနောက်ဘက်ကို ကျော်လွန်လာ၏။ ထို့နောက် တောင်ဘက်သို့ စီးဆင်း
လာရာ ချန်း(င်)ဝမ့်(င်)မြို့သို့ ရောက်သည်။ ထို့နောက် အရှေ့တောင်ဘက်တွင် တောက်ရွှမ်း(င်)ချိုင့်ဝှမ်း၊ တောက်ဝုချိုင့်ဝှမ်းကို ကျော်ဖြတ်လာ၏။ အနောက်ဘက်တွင် မီနောတောက်လိသစ်တပ်ကို ကျော်ဖြတ်လာ၏။ ထို့နောက် အနောက်ဘက်တွင် မီနော့မြစ် နှင့် ပေါင်းဆုံ၍ ပျူနိုင်ငံ (မြို့တော် သို့မဟုတ် အချက်အချာဒေသ)ကို ကျော်ဖြတ်လာ၏။ တောင်ဘက်တွင်ပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။
 
===ကောက်နှုတ်ချက် ၅===
မန်ရှူးကျမ်း အခန်း (၂)တွင် ဧရာဝတီမြစ်အကြောင်းကို ဖေါ်ပြထားပြီးနောက် ဆက်လက်၍ ချင်းတွင်းမြစ်အကြောင်းကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။
 
မီနော့မြစ်သည် လိရွှေ (ဧရာဝတီမြစ်) အနောက်ဘက်မှာ ရှိ၏။ အနောက်မြောက်ဘက်ရှိ ဗြဟ္မဏငယ်နိုင်ငံ (မဏိပူရ)မှ မြစ်ဖျားခံသည်။ တောင်ဘက်သို့ စီးဆင်းလာရာ ထီ-ယယ်(န်)ယယ့်ကျွီး ချိုင့်ဝှမ်း ကို ကျော်ဖြတ်၏။ ထို့နောက် အရှေ့တောင်ဘက်သို့ တိုးမီကျီး- ယားသစ်တပ် အထိ ရောက်သည်။ မြစ်ကြောခွဲ၍ သစ်တပ်ကို ပတ်၍ စီးဆင်းသည်။ (ထိုသစ်တပ်သည်) သဲသောင်ပြင်မှာ တည်ရှိ၏။ မြောက်ဘက်မှ တောင်ဘက်သို့ လီပေါင်း တစ်ရာရှိ၍ အရှေ့မှအနောက်သို့ လီပေါင်း ခြောက်ဆယ်ရှိသည်။
 
(ဧရာဝတီမြစ်)နှင့် ပေါင်းဆုံ၍ အရှေ့ဘက်တူရူ စီးဆင်းလာရာ၊ မီရှဲ(န်)နိုင်ငံကို ကျော်ဖြတ်၏။ တောင်ဘက်တွင် ပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။
 
== ပြင်ပလင့်ခ်များ ==
၆၂၀

တည်းဖြတ်မှုများ