ဆယ်လီနာ ဂိုမက်: တည်းဖြတ်မှု မူကွဲများ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
convert
စာကြောင်း ၁ -
{{copyedit}}
{{Infobox person
| name = ဆယ်လီနာ ဂိုမက်
| image = Selena Gomez - Walmart Soundcheck Concert.jpg<!-- Please discuss changing this image on the talk page before doing so. -->
| caption = ဂျူလိုင်လဇူလိုင်လ ၂၀၁၃ တွင် ဂိုမက်အားတွေ့ရစဉ်
| birth_name = ဆယ်လီနာ မာရီ ဂိုမက်
| birth_date = {{birth date and age|1992|7|22}}
Line ၂၄ ⟶ ၂၅:
'''ဆယ်လီနာ မာရီလ် ဂိုမက်''' ({{IPAc-en|s|ə|ˈ|l|iː|n|ə|_|m|ə|ˈ|ɹ|iː|_|ˈ|ɡ|oʊ|m|ɛ|z}} {{Respell|sə|LEE|nə}} {{Respell|mə|REE|'}} {{Respell|GOH|mez}};<ref>{{Cite web|url=https://www.youtube.com/watch?v=Ad0mRO6cr18|title=How to pronounce Selena Gomez}}</ref> {{IPA-es|seˈlena ˈɣomes}};<ref>In isolation, ''Gomez'' is pronounced {{IPA-es|ˈɡomes|}}</ref> (ဇူလိုင် ၂၂ ၁၉၉၂ ခုနှစ် မွေးဖွား) သည် အမေရိကန် သရုပ်ဆောင် ၊ တေးရေး တေးဆို တစ်ယောက်ဖြစ်သည်။ ငယ်စဉ် ကလေးဘဝကတည်းက ကလေး  ဘာနေးလ် နှင့် သူငယ်ချင်း ရုပ်မြင်သံကြား စီးရီး တွင် ပါဝင်ခဲ့သည်။ သူမသည် အဓိက သရုပ်ဆောင် အဖြစ် Disney channel series ''Wizards of Waverly Place'' (2007–12) ပါဝင်ခဲ့ပြီးနောက် နာမည် ကြီးလာခဲ့သည်။ အောင်မြင်မူများကြောင့် သူမသည် ရုပ်ရှင်များ၊ ရုပ်မြင်သံကြား နှင့် တေးဂီတတဆိုင်ရာ တွေ့ဆုံပွဲများတွင် ပါဝင်ခဲ့သည်။၂၀၀၈ ခုနှစ်တွင် သူမသည် Hollywood Records နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး မကြာမီ Selena Gomez & the Scene တီးဝိုင်းကို ထူထောင်ခဲ့သည်။
== ဘဝဇာတ်ကြောင်း ==
==ထွက်ရှိပြီးတေးစီးရီးအယ်လ်ဘမ်များ==
=== ၁၉၉၂–၂၀၀၆===
ဆယ်လီနာ သည် "Selena Gomez & the Scene" ဂီတအဖွဲ့တွင် ပင်တိုင်အဆိုတော်ဖြစ်ပြီး အခွေသုံးခွေထွက်ခဲ့သည်။ ထို့နောက်သူမတစ်ဦးတည်းအနေဖြင့် နှစ်ခွေထွက်ရှိထားသည်။
Selena Gomez ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကို မွေးဖွားခဲ့ပါတယ် ။ Texas ပြည်နယ် Grand Prairie ဇာတိဖြစ်ပြီး မိဘတွေ ကတော့ Ricardo Joel Gomez နဲ့ Amanda Dawn Cornett တို့ပဲ ဖြစ်ပါတယ် ။ Amanda က ပြဇာတ်မင်းသမီးဟောင်း တစ်ဦးဖြစ်ပြီး Mandy အမည်နဲ့ ကျော်ကြားပါတယ် ။ Selena ဆိုတဲ့ နာမည်ဟာ ၁၉၉၅ ခုနှစ်တုန်းက ဆုံးပါးသွားခဲ့တဲ့ Tejano အဆိုတော် Selena Quintanilla- Perez ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ ။ Sel ရဲ့ ဖခင်ဖြစ်သူက မက္ကစီကန်လူမျိုးဖြစ်ပြီး မိခင်ကတော့ အီတာလျံသွေးအနည်းငယ်ရောပါတယ် ။
Selena ငါးနှစ်သမီးအရွယ်မှာတင် မိဘများက ကွာရှင်းခဲ့ကြပြီး သူမကတော့ မိခင် Mandy နဲ့အတူ ကျန်ရစ်ခဲ့ပါတယ် ။ Sel ရဲ့ အောက်မှာ မွေးချင်း ညီမငယ်လေး နှစ်ဦးရှိပြီး အမည်တွေကတော့ Gracie Teefey နဲ့ Victoria Gomez တို့ပါ။
Selena ကို အိမ်မှာတင် စာသင်ကြားစေခြင်းဖြင့် ၂၀၁၀ ခုနှစ် မေလမှာ အထက်တန်းကျောင်း ဒီပလိုမာ ရရှိခဲ့ပါတယ် ။
Selena ကို မွေးခဲ့တုန်းက သူ့အမေဟာ ၁၆ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ် ။ Sel ရဲ့ ကလေးဘဝမှာတင် သူတို့မိသားစုဟာ ငွေရေးကြေးရေး ပြသနာတွေရှိခဲ့ပြီး သူ့အမေဖြစ်သူကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ် ။ သူတို့ရဲ့ ကားကို ဂတ်စ်ထည့်ဖို့ အတွက်တောင် အကြွေစေ့လေးတွေကို လိုက်လံရှာဖွေခဲ့ရပါတယ်လို့ Sel က ပြောဖူးပါတယ် ။ Sel အမေကလဲ " သူမတို့နှစ်ဦးဟာ ညစာအတွက် စပါဂတီလေးတွေ ဝယ်ဖို့အတွက် သူတို့ဒေသက Dollar Store ကလေးတွေဆီ မကြာခဏဆိုသလို လမ်းလျှောက်သွားရလေ့ ရှိပါတယ် " လို့ဆိုပါတယ် ။
Life and career
Sel က " ကျွန်မရဲ့ မိဘတွေ အတူတကွ မရှိခဲ့တာနဲ့ ပတ်သက်ပြီး သိပ်ကို ကလန်ကဆန်ပြုမူခဲ့ဖူးပါတယ် ။ အမေ အလုပ်လုပ်နေရတဲ့ နေရာဟာ ကျွန်မအတွက် ဒီ့ထက်ပိုကောင်းတဲ့ ဘဝတစ်ခုကို ထောက်ပံ့ပေးဖို့အတွက် သိပ်ခက်ခဲလွန်းပြီး ဘဝရဲ့ ထွက်ပေါက်ကို လုံးလုံး ရှာမတွေ့ခဲ့ပါဘူး ။ အကယ်၍ တက္ကဆက်မှာသာ ဆက်နေမယ်ဆိုရင် ကျွန်မ ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို တွေးပြီး ကြောက်ရွံ့ခဲ့ရပါတယ် " တဲ့
နောက်ပိုင်းမှာတော့ " ကျွန်မ အမေက ကျွန်မဘေးမှာ ကြံ့ကြံ့ခံခဲ့ပါတယ် ။ ၁၆ နှစ်အရွယ်မှာ ကျွန်မကို မွေးခဲ့တာဟာ သူ့အတွက် သိပ်ကိုကြီးလေးတဲ့ တာဝန်တစ်ခု ဖြစ်ရှာမှာပဲ ။ သူက ကျွန်မအတွက်နဲ့ အရာအားလုံးကို လက်လျှော့ပြီး အလုပ်သုံးခု လုပ်ခဲ့ရတယ် , ကျွန်မကိုလဲထောက်ပံ့ရတယ် ။ ကျွန်မအတွက်နဲ့ သူ့ဘဝသူ စတေးခဲ့ရပါတယ်" လို့ထပ်ပြောခဲ့ပါတယ်
Sel က ကလေးဘဝမှာ အဘိုးအဘွားဖြစ်သူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး အလှပြစီတန်း လှည့်လည်ဖျော်ဖြေမှု မျိုးစုံမှာ ပါဝင်ဆင်နွှဲရင်း ကြီးပြင်းလာသူပါ ။ Selရဲ့ မိဘတွေ ပညာသင်ကြားရေးကို အဆုံးသတ်နေချိန်မှာ သူမရဲ့ ဘိုးဘွားတွေကပဲ သူမကို အနီးကပ် ထိန်းကျောင်းလာခဲ့တာဟာ ဖျော်ဖြေရေးနယ်ပယ်တွေမှာ Sel အောင်မြင်ကျော်ကြားလာတဲ့ အထိပါပဲ ။
2002 - 2012
Sel ရဲ့ အနုပညာအပေါ် စိတ်ဝင်စားလာမှုတွေကတော့ သူမမိခင် ပြဇာတ်မင်းသမီးဖြစ်သူ Mandy ဖျော်ဖြေမှုအတွက် ပြင်ဆင်နေပုံတွေကို မြင်တွေ့ရရာမှ စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Sel က ဇာတ်ကောင်းအမျိုးမျိုးအတွက် အသံသွင်းမှုတွေ စတင်ပါတယ် ။ Barney And Friends အတွက် အသံသွင်းနေစဉ်အတောအတွင်းမှာတော့ Demi Lovato နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ဦးသားဟာ နောက်ပိုင်းမှာတော့ စီးရီးမှာ ပါဝင်ဖို့အတွက် ရွေးချယ်ခံခဲ့ရပါတော့တယ် ။ ဒီစီးရီးလေးက ဆလီနာ့အတွက် သရုပ်ဆောင်ရာမှာ ပထမဆုံးသော အတွေ့အကြုံဖြစ်ပါတယ် ။ Sel ကတော့ " ကျွန်မ ငယ်ငယ်လေးတုန်းက အရမ်းရှက်တတ်ခဲ့တာ ။ " Camera Right" ဆိုတာ ဘာမှန်းမသိခဲ့ဘူး ။ " Blocking" ဆိုတာလဲ ဘာမှန်းမသိခဲ့ဘူး ။ အရာအားလုံးကို Barney ကနေဆီပဲ သင်ယူခဲ့ရတာပါ " လို့နောက်ကြောင်းပြန်ပါတယ် ။
၂၀၀၂ ကနေ ၂၀၀၄ ခုနှစ်အတောအတွင်း ဒီရှိုးရဲ့ အပိုင်း ဆယ့်လေးခုမှာ Selena ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရှိုးထုတ်လုပ်သူတွေက Sel ကို ရှိုးတင်ဆက်ဖို့အတွက် အသက်ကြီးလွန်းသွားပြီ ဆိုပြီး ထုတ်ပယ်ခဲ့ကြပါတယ် ။
အဲ့ဒီနောက်ပိုင်း နှစ်မှာ Sel က တယ်လီဗေးရှင်း ရုပ်ရှင်လေးဖြစ်တဲ့ Walker, Texas Ranger : Trail by Fire အတွက် ဇာတ်ကောင်လေးတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ် ။ Spy Kids - 3D : Game Over မှာလဲ အခန်းအနည်းငယ် ပါဝင်နိုင်ခဲ့သလို The Suit Life Of Jack အမည်ရှိ ဒစ္စနေးစီးရီးကလေးမှာပါ ဧည့်သည် သရုပ်ဆောင်အဖြစ် တင်ဆက်နိုင်ခဲ့ပါတယ်။
=== ၂၀၀၇–၂၀၁၂===
၂၀၀၇ ခုနှစ်မှာ Sel က ဒစ္စနေးချယ်နယ်ရဲ့ ကျော်ကြားတဲ့ စီးရီး Hannah Montana မှာ ပေါ့ပ်စတား Mikayla နေရာကနေ သရုပ်ဆောင်ရပါတယ် ။ ဒီအချိန်မှာပဲ ဒစ္စနေးက စီးရီး နှစ်ခုဖြစ်တဲ့ Suite Life နဲ့ Lizzie McGuire တို့အတွက် Pilot Episodes လေးတွေ ရိုက်ကူးခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ Wizards of Waverly Place စီးရီးအတွက် အဓိက ဇာတ်ကောင် Alex Russo နေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့ပါတော့တယ် ။ ဒီဇာတ်ကောင်လေးကို ရတဲ့အတွက် Sel နဲ့ သူမမိခင်က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်က hollywood ကိုပြောင်းရွှေ့ခဲ့ကြပြီး Demi Lovato နဲ့ သူမ မိသားစုတို့ကလဲ ဒီကိုပဲ ပြောင်းလာခဲ့ပါတယ် ။
Wizards of Waverly Place မှာတော့ Sel က နယူးယောက်မြို့မှာ စားသောက်ဆိုင်တဆိုင်ပိုင်တဲ့ မှော်ဆရာမိသားစုက ဆယ်ကျော်သက်လေးတယောက်အဖြစ် သရုပ်ဆောင်ရတာဖြစ်ပြီး ဒီစီးရီးဟာ အလျင်အမြန်ပဲ ကွန်ရက်တွေမှာ အောင်မြင်ကျော်ကြားသွားခဲ့ပါတယ် ။ ဒီအချက်က Selena ကို ခေတ်ရေစီးကြောင်းမှာ အောင်မြင်မှုတွေ ပိုမိုရရှိလာစေဖို့ တွန်းအားပေးခဲ့တာဖြစ်ပြီး စီးရီးဟာလဲ များစွာသော ဆုတွေအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့ကာ အချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Sel က ဒီစီးရီးအတွက် ဇာတ်ဝင်တေး " Everything ia not what it seems " ကိုလဲ အသံသွင်းပေးနိုင်ခဲ့ပါတယ် ။
Jonas Brothers တွေသီဆိုခဲ့တဲ့ Burnin' Up သီချင်းရဲ့ music video မှာလဲ Selena ပါဝင်နိုင်ခဲ့တယ် ။ နောက်ပိုင်းမှာတော့ ဖြစ်ရပ်မှန်စီးရီး " Jonas Brothers: Living the Dream " မှာပါ အခန်းအနည်းငယ် ပါဝင်နိုင်ခဲ့ပါတယ်
Wizards Of Waverly Place ဒုတိယ Season အတွက် အလုပ်လုပ်ကိုင်နေစဉ်မှာ Sel က အခြား ဒစ္စနေး စတားတွေနဲ့ အတူ Disney Channel ရဲ့ Studio DC : Almost Live မှာ ဝင်ရောက် သရုပ်ဆောင်ပါတယ် ။ သူမ ကာဗာသီဆိုထားတဲ့ Cruella deVil သီချင်းကိုလဲ ထုတ်နိုင်ခဲ့ပြီးနော် တင့်ကားဘဲလ် ကာတွန်းရုပ်ရှင်အတွက် ဇာတ်ဝင်တေး Fly To Your Heart ကိုလဲ နောက်ပိုင်းမှာ သီဆိုပေးနိုင်ခဲ့ပါတယ် ။
မရှေးမနှောင်းမှာ သူမခေါင်းဆောင်ပါဝင်ထားတဲ့ A Cindrella Story ရုပ်ရှင်ဟာလဲ ထွက်ရှိလာခဲ့သလို ဒီရုပ်ရှင်အတွက် ဇာတ်ဝင်တေး သုံးပုဒ်ကိုလဲ အသံသွင်းပေးနိုင်ခဲ့တယ် ။ စီးပွားရေးအရ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ကာတွန်းကားလေး Horton Hears A Who မှာတော့ Selena က Helga ဆိုတဲ့ ဇာတ်ကောင်လေးကနေ အရန်နေရာက ဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ် ။
Sel ရဲ့ အသက် ၁၆နှစ်မှာတော့ သူမက တေးသံသွင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hollywood Records နဲ့ စာချုပ်ချုပ်ခဲ့ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင် ထုတ်လုပ်ရေး ကုမ္ပဏီ July Moon Productions ကိုပါ Sel ကတည်ထောင်ခဲ့ပါတယ် ။
Selena က ဒီထုတ်လုပ်ရေးကုမ္ပဏီနဲ့အတူ ရုပ်ရှင်နှစ်ခုကို ရိုက်ကူးဖို့ရည်ရွယ်ရင်း ရှိခဲ့တာပါ ။ ပထမတစ်ကားက "What Boys Want" အမည်နဲ့ဖြစ်ပြီး Selena ကတော့ ယောကျာ်းလေးတွေရဲ့ အတွေးတွေကို ကြားနိုင်တဲ့ မိန်းကလေးတယောက် အဖြစ် သရုပ်ဆောင်မှာပါ ။ နောက်ပိုင်းမှာလဲ Selena က 13 Reasons Why ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲ အသက်သွင်းဖို့ ကြေငြာခဲ့ပြီး သူမက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ မိန်းကလေး တယောက်အဖြစ် သရုပ်ဆောင်ဖို့ စီစဉ်ခဲ့တာပါ ။ ဒါပေမဲ့လဲ ဒီရုပ်ရှင်နှစ်ခုလုံးက အကောင်အထည်ပေါ်မလာခဲ့ပါဘူး။
၂၀၀၉ ခုနှစ်ဇွန်လမှာ ထုတ်လွှင့်ခဲ့တဲ့ Princess Protecting Program ဇာတ်ကားမှာတော့ Sel နဲ့ Demi Lovato က အတူ ဝင်ရောက် သရုပ်ဆောင်ခဲ့ပါတယ် ။ သူမတို့ ပါဝင်တဲ့ ဒီရုပ်ရှင်ကို စတင်ပြသတဲ့နေ့မှာတင် ပရိသတ် ၈.၃ သန်းကျော်က ကြည့်ရှုခဲ့ကြတယ် ။ အနုပညာဝေဖန်ရေးသမားတွေဆီကလဲ အကောင်းဘက်က ဝေဖန်ချက်တွေ အများအပြား ရရှိခဲ့ပါတယ် ။ ဒီရုပ်ရှင်အတွက် Sel နဲ့ Demi တို့က One and The Same အမည်ရှိ ဇာတ်ဝင်တေးလေးကို အသံသွင်းပေးနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Promotional Single အဖြစ်ထွက်ရှိလာပါတယ် ။ အဲ့ဒီနှစ်မှာပဲ Arthur and the revenge of Maltazard အမည်ရှိ ကာတွန်းကားလေးထဲမှာ ဝင်ရောက် အသံသရုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် သြဂုတ်လ ၂၈ မှာ Selena ပါဝင်သရုပ်ဆောင်ထားတဲ့ Wizard of Waverly Place : The Movie ထွက်ရှိလာပါတယ် ။ ဒီတယ်လီဗေးရှင်း ရုပ်ရှင်က စီးရီးအပေါ် အခြေခံရိုက်ကူးတာဖြစ်ပြီး ပထမဆုံး ထုတ်လွှင့်ပြသတဲ့နေ့မှာ ပရိသတ် ၁၁.၄ သန်းကျော် စောင့်ကြည့်အားပေးခြင်းခံရပါတယ် ။ ဒီရုပ်ရှင် High School Musical 2 ပြီးတဲ့နောက်မှာ ဒစ္စနေးချယ်နယ်ရဲ့ ( စတင်ပြသတဲ့နေ့မှာ ) ဒုတိယ လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်သွားခဲ့ပြီး ၆၂ ကြိမ်မြောက် Pimetime Emmy Awards ဆုပေးပွဲမှာ 'Outstanding Children's Program' ဆုကို ရရှိခဲ့ပါတယ် ။
ဂီတဘက်မှာပါ အောင်မြင်မှု ရရှိဖို့ မျှော်လင့်ရင်း
& the Scene အမည်ရှိ ဆယ်ကျော်သက် ဂီတအဖွဲ့ကိုပါ တည်ထောင်လိုက်ပါတယ် ။ Hollywood တေးသံသွင်း ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ် သြဂုတ်လ အရောက်မှာ သူမတို့အဖွဲ့ ပွဲဦးထွက် စတူဒီယို အယ်လ်ဘမ်ကို ထုတ်ဝေပါတယ်။ ဒီအယ်ဘမ်က Billboard 200 Albums Chart မှာ နံပါတ် ၉ နေရာအထိ ရောက်ရှိခဲ့ပြီး ထုတ်ဝေခဲ့တဲ့ ပထမအပတ်မှာတင် ကော်ပီပေါင်း ၆ သောင်းကျော်ကိုလဲ ရောင်းချခဲ့ရပါတယ် ။ အယ်လ်ဘမ်ရဲ့ Lead Singleဟာ စီးပွားရေးအရ အောင်မြင်မှု မရှိခဲ့သော်ငြား ဒုတိယ Single ကတော့ Disney က Promotion အများအပြားနဲ့ ဖျော်ဖြေမှုတွေကြောင့် အောင်မြင်ခဲ့သလို ရေဒီယိုမှာလဲ ကျော်ကြားခဲ့ပါတယ် ။
၂၀၁၀ ခုနှစ်မှာတော့ Selena က Ramona and Beezus အမည်ရှိ ဇာတ်ကားလေးထဲက ဇာတ်ဆောင်တနေရာကို ရပါတယ် ။ စာရေးဆရာ Beverly Cleary ရဲ့ ဝတ္ထု ဖြစ်ပြီး July လ 23 ရက် 2010 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပါတယ် ။ ဒီရုပ်ရှင်ဟာ အကောင်းဘက်က ဝေဖန်မှုတွေ များစွာ ကိုလဲ ရရှိထားခဲ့ပါတယ် ။
ဒီနှစ်ထဲမှာတင် Selena Gomez & the Scene အဖွဲ့ရဲ့ ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ် A year without rain ထွက်ပါတယ် ။
အရင်က အဝတ်အထည်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်တွေရှိတယ်လို့ ကြေငြာခဲ့တဲ့အတိုင်းပဲ Sel က Dream Out Loud အမည်ရှိ Fashion Line ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ပါတယ် ။ သူမရဲ့ အဝတ်အစားလိုင်းမှာတော့ ဂျင်းတွေ စကပ်တွေ ဂျက်ကတ်တွေ ဦးထုတ်တွေ လည်စည်းပဝါတွေ အလှဝတ်အကျီတွေ အပြင် Bohemian ဝတ်စုံတွေကိုပါ ထည့်သွင်းပါတယ် ။ ဒီအရာတွေအားလုံးကိုတော့ တစ်ဖန်ပြန်လည်သုံးစွဲထားတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အန္တရာယ်မရှိတဲ့ ကုန်ကြမ်းတွေနဲ့သာ ထုတ်လုပ်ပါတယ် ။
Sel က ဒီအကြောင်းကို
" ကျွန်မ အဝတ်အစား ကုမ္ပဏီနဲ့ ဝယ်ယူသူတွေကို သူတို့ရဲ့ ကိုယ်ပိုင်စတိုင်လေးတွေ ဘယ်လို ဖန်တီးရယူလို့ရပါတယ်ဆိုတဲ့ အကြောင်း အကြံဉာဏ်လေးတွေပေးချင်တာပါ ။ အဝတ်အစားတွေကိုလဲ အလွယ်တကူ ဖြုတ်ယူ / တပ်ဆင်လို့ရအောင် လုပ်ပေးထားပါတယ် ။ အထည်တွေက ဘေးပတ်ဝန်းကျင်ကို အန္တရာယ်မပြုမဲ့ ကုန်ကြမ်းတွေနဲ့ချည်း ဖန်တီးထားတာပါ ။ Organicဆိုတာ က တကယ်ကိုအရေးကြီးတယ် မဟုတ်လား ။ အထည်တိုင်းမှာလဲ ကျွန်မလေးစားနိုင်နာရတဲ့ စာသားကလေးတွေကို ရေးသားထားတဲ့ ကတ်ပြားတွေ ပါမှာဖြစ်ပြီး ကျွန်မ ဖောက်သည်တွေကို ကောင်းသော သတင်းစကားတွေ ပေးဆပ်ချင်လို့ပါ " တဲ့
2011 ခုနှစ်မှာတော့ Selena က Monte Carlo ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ကာရိုက်တာ 'Grace' က ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ' ပဲရစ်မြို့ကို ခရီးထွက်အလာမှာ လူမှားခံရတဲ့အကြောင်း' ကို ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ ဒီဇာတ်ရုပ်အတွက် Selena က ပိုလို ကစားတတ်အောင် သင်ယူခဲ့ပြီး မတူညီတဲ့ ဗြိတိန်လေယူလေသိမ်း နှစ်ခုအတွက် အသံလေ့ကျင့်မှုကို ရက်သတ္တပတ် နှစ်ပတ်ခန့် ကျင့်ယူခဲ့ပါတယ် ။
အဲ့ဒီနှစ်ထဲမှာတင် Selena Gomez & the Scene ဟာ သူတို့အဖွဲ့ရဲ့ တတိယမြောက် နောက်ဆုံး အယ်လဘမ်ကို ထုတ်ဝေခဲ့ပါတယ် ။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာတော့ Selena နဲ့ Adrenalina brand တို့ သဘောတူညီချက် စာချုပ်တစ်ခုကို လက်မှတ်ထိုးလိုက်ကြကြောင်း ကြေငြာချက်တစ်ခု ထွက်လာပါတယ် ။ Adrenalina ဆိုတာက Adventure-themed lifestyle အမှတ်တံဆိပ်(brand) တစ်ခုဖြစ်ပြီး Selena ရဲ့ ကိုယ်ပိုင် ရနံ့ရေမွှေးကို ထုတ်လုပ် ဖြန့်ချိဖို့ အတွက် ပူးပေါင်းလိုက်ကြတာပါ ။ Adrenalina ရဲ့ ဥက္ကဌ လဲ ဖြစ်သလို C.E.O လဲဖြစ်တဲ့ Ilia Lekach က ' Ms. Gomez နဲ့ အတူ အလုပ်တွဲလုပ်ရတဲ့ အပေါ် ကျွန်တော်တို့ အလွန် စိတ်ဝင်စားမှုရှိပါတယ် ။ ရေမွှေးရနံ့နဲ့ ပက်သတ်တဲ့ အချက်အလက်တွေကိုလဲ ဖြန့်ချိမဲ့ရက်နဲ့ နီးကပ်လာတာနဲ့ အမျှ ထုတ်ပြောတော့မှာ ဖြစ်ပါတယ် ' လို့ ပြောခဲ့ပါတယ် ။
===၂၀၁၂–၂၀၁၄===
Sel က ဒီအကြောင်းကို
၂၀၁၂ ခုနှစ်က နှစ်ဆန်းပိုင်းမှာတော့ Sel က သူမဟာ ရုပ်ရှင်ဘက်ကို ပိုမို အာရုံစိုက်လိုတာကြောင့် ဂီတအလုပ်တွေကိုခေတ္တ ရပ်စဲထားမှာ ဖြစ်ကြောင်း ကြေငြာပါတယ် ။
အဲ့ဒီနှစ်မှာပဲ Wizards of Waverly Place စီးရီးကလဲ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ လေးခု ထုတ်အပြီးမှာ တရားဝင် အဆုံးသတ်သွားခဲ့ပါပြီ ။ Sel က ဒစ္စနေး အပြင်ဘက်က ရုပ်ရှင်လောကကို ထိတွေ့ချင်ခဲ့တာမို့ Hotel Transylvania (2012) ရုပ်ရုင်မှာ ဝင်ရောက် အသံသရုပ်ဆောင်ပါတယ် ။ ဒီရုပ်ရှင်က ၃၇ ကြိမ်မြောက် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိလာခဲ့ပါတယ် ။
နောက်ပိုင်းမှာတော့ မင်းသား James Franco ပါဝင်တဲ့ Spring Breakers ( 2013)ရုပ်ရှင်မှာ သူမအတွက် ဇတ်ကောင် တစ်နေရာ ရပါတယ် ။ ဒီရုပ်ရှင်မှာတော့ သူမကို အရင့်အရင်က မြင်တွေ့ခဲ့ရပြီးသားပုံစံတွေနဲ့ မတူပဲ ပိုမို ရင့်ကျက်လာတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ ။
ဒီ ၂၀၁၃ ခုနှစ်မှာပဲ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Getaway ရုပ်ရှင်လဲ ဆက်တိုက်ဆိုသလို ထွက်လာခဲ့ပါတယ် ။ ဒီရုပ်ရှင်ကတော့ စီးပွားရေးအရ အရှုံးပေါ်မှုတွေ ရှိခဲ့ကာ Selena ကိုလဲ ၃၄ ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ ' Worst Actress' ဆိုတဲ့ ဆုအတွက် လျာထားခြင်း ခံခဲ့ရတဲ့အထိတွန်းပို့ ခဲ့ပါတယ် ။
ဂီတလုပ်ငန်းတွေကို ရပ်စဲထားမယ်လို့ အစောပိုင်းကာလတွေမှာ သူမကြေငြာထားတာ ရှိပေမဲ့လဲ ၂၀၁၂ ခုနှစ်ရဲ့ အောက်တိုဘာလမှာတော့ သူမမှာ ဂီတနဲ့ ပတ်သက်တဲ့ စိတ်ကူး အသစ်အဆန်းတွေက ရှိနေပြန်ပါတယ် ။ ဒီအတိုင်းပဲ နောက်ပိုင်းမှာတော့ သူမမှာ ပထမဆုံး ပွဲဦးထွက် တကိုယ်တော် အယ်လ်ဘမ် ထုတ်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြောလာပါတယ် ။ နောက်ပိုင်းမှာတော့ သူမပြောခဲ့တဲ့ အတိုင်း တကိုယ်တော် အယ်လ်ဘမ်က Lead Single 'Come and Get it' ထွက်ရှိလာပါတယ် ။ ဒီသီချင်းက Billboard Hot 100 က Top Ten List ကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ ပထမဆုံး သီချင်းလဲ ဖြစ်ပါတယ် ။
အဲ့ဒီ အယ်လ်ဘမ်ကပဲ ထွက်လာတဲ့ နောက်ထပ် Single ဖြစ်တဲ့ 'Slow Down' ကတော့ Billboard Chart ရဲ့ နံပါတ် ၂၇ နေရာကို ရောက်ရှိခဲ့ပါတယ် ။ Selena ရဲ့ Stars Dance Album ကတော့ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ခုနှစ်မှာ ထွက်လာခဲ့ပါတယ် ။ ဒီAlbum က Selena အဖို့ US Billboard 200 Chart မှာ ပထမဆုံး နံပါတ် ၁ နေရာအထိ ရောက်ရှိလာခဲ့တဲ့ တကိုယ်တော် Album လဲဖြစ်ပြီး ထွက်ရှိတဲ့ ပထမအပတ်မှာတငိ ကော်ပီပေါင်း ၉ သောင်းကျော် ရောင်းချခဲ့ရပါတယ် ။
2012 - 2014
၂၀၁၃ ခုနှစ်ရဲ့ ဩဂုတ်လမှာ Selena က သူမရဲ့ Stars Dane Tour ကို စတင်လိုက်ပါတယ် ။ မြောက်အမေရိကနဲ့ ဥရောပတခွင်မှာ လိုက်လံဖျော်ဖြေအပြီးမှာတော့ Tourကို ၂၀၁၄ ခုနှစ်အထိ ဆက်လက်ကျင်းပဖို့ စီစဉ်ထားခဲ့ကြတာပါ ။ ဒါပေမဲ့ Sel က'၂၀၁၃ ဒီဇင်ဘာအရောက်မှာ မိသားစုကို အချိန်ပေးချင်တဲ့အတွက် သြစတေးလျနဲ့ အာရှဘက်ကို ဖျော်ဖြေမဲ့ အစီ အစဉ်တွေ အားလုံးကို ရပ်စဲခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဇန်နဝါရီမှာတော့ Selena ဟာ Wickenburg , Arizona က ကုသရေးစင်တာမှာ နှစ်ပတ်လောက် ရှိနေခဲ့တဲ့ အကြောင်း သတင်းတွေ အရသိရပါတယ် ။ ဒီစင်တာက လူငယ်တွေမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု အစရှိတဲ့ ဝေဒနာတွေကို အထူးကုသပေးတဲ့ နေရာပါ ။
၂၀၁၄ ခုနှစ်က ရုပ်ရှင် Behaving Badly ထဲမှာတော့ မင်းသား Dylan McDermott နဲ့ အတူ Selena ပါ ပါဝင်ခဲ့ပါတယ် ။ ဒီရုပ်ရှင်က Selena ကုသရေးစင်တာကို ရောက်နေကတည်းက ရိုက်ကူးဖို့ လျာထားခဲ့တဲ့ အလုပ်ပါ ။ ဩဂုတ်လမှာ ဒီရုပ်ရှင်ထွက်ခဲ့ပြီး ဆိုးဆိုးဝါးဝါးဝေဖန်မှုတွေနဲ့ ကြုံခဲ့ရသလို မူလပထမ ဝတ္ထုက စာရေးဆရာကတောင် ရုပ်ရှင်ကို လက်ခံနိုင်ခြင်း မရှိခဲ့ပါဘူး ။
အဲ့ဒီနောက် ဆက်တိုက်ဆိုသလိုပဲ Rudderless ရုပ်ရှင် ထွက်လာပါတယ် ။
ဒီရုပ်ရှင်ကို ဒါရိုက်တာ William H.Macy က ရိုက်ကူးခဲ့တာ ဖြစ်ပြီး မင်းသား Billy Crudup လဲပါဝင်ပါတယ် ။
ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ သားတစ်ယောက်ရဲ့ အဖေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး Sel ကတော့ သားဖြစ်သူရဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။
၂၀၁၄ ရဲ့ ဧပြီလ အရောက်မှာတော့ Selena က သူမ မိခင် Mandy နဲ့ Mandy ရဲ့ နောက်အိမ်ထောင်ဖြစ်သူ ( Selena ရဲ့ Stepdad )ကို သူမ မန်နေဂျာအဖြစ်ကနေ အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ် ။ Mandy တို့ နှစ်ဦးက သူမရဲ့ အနုပညာလုပ်ငန်း စတင်ကတည်းက စီမံခန့်ခွဲလာခဲ့ကြတာပါ ။
နောက်ပိုင်းမှာတော့ ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ WME နဲ့ Brillstein ဟာ Selena ရဲ့ အနုပညာလုပ်ငန်းကို ခန့်ခွဲဖို့အတွက် Sel နဲ့ စာချုပ်ချုပ်လိုက်ကြပါတယ်
Selena ဟာ မန်နေဂျာ အသစ်တွေ ရလိုက်ပေမဲ့
သူမရဲ့ တေးသံသွင်းကုမ္ပဏီ Hollywood Records နဲ့ စာချုပ်ဟာ အဆုံးသတ်သွားခဲ့တာကြောင့် Sel ဟာ Label အသစ်ကို လိုက်ရှာဖွေနေခဲ့ပါတယ် ။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ Selena က 'The Heart Wants What It Wants' သီချင်းကို ထုတ်ပြီး သူမပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ် ။ ဒီ သီချင်းက Billboard Hot 100 Chart ရဲ့ Top Ten List ကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ ဒုတိယမြောက်သီချင်းဖြစ်လာခဲ့ပြီး US မှာတင် ကော်ပီပေါင်း တစ်သန်းကျော် ရောင်းချခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ Selက သူမ Label ဖြစ်တဲ့ Hollywood Records နဲ့ စာချုပ်အဆုံးသတ်ခြင်း အထိမ်းအမှတ်အဖြစ်နဲ့ ပထမဆုံး တကိုယ်တော် Compilation Album 'For You' ကို ထုတ်ခဲ့ပါတယ် ။ ဒါပေမဲ့လဲ အယ်လ်ဘမ်ကို Promotion လုပ်တာ အလွန်နည်းပါးလွန်းတာကြောင့် ဝင်ငွေအများအပြား ရရမဲ့အစား ရှုံးနိမ့်ခဲ့ပါတယ် ။ ဒီ Album လေးက Billboard 200 Chart မှာ နံပါတ် ၂၄ နေရာအထိသာ ရောက်ရှိနိုင်ခဲ့တာပါ ။
၂၀၁၄ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ Sel နဲ့ Interscope Records က တရားဝင် စာချုပ်ချုပ်လိုက်ပါတော့တယ် ။
2014
===၂၀၁၅–၂၀၁၆===
Interscope Label နဲ့ Sel အလုပ်တွဲလုပ်မဲ့ ပထမဆုံး တကိုယ်တော် Album အတွက် ပြင်ဆင်နေချိန်မှာ Sel က Zedd ရဲ့ ဒုတိယ Album ထဲမှာ ပါဝင်မဲ့ Single 'I want you to know' ကို အသံသွင်းပေးခဲ့ပါတယ် ။ ဒီ သီချင်းက နောက်ပိုင်းမှာ Billboard Hot 100 Chart ရဲ့ Top Twenty ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ လေးပုဒ်မြောက် သီချင်းလေးလဲ ဖြစ်လာခဲ့သလို RIAA က Platinum Certification ကို ရထားခဲ့တဲ့ သီချင်းလဲ ဖြစ်ပါတယ် ။
၂၀၁၅ ခုနှစ်မှာ Selena က Pantene ရဲ့ Brand Ambassador ဖြစ်လာခဲ့ပါတယ် ။ ဒီအတွက် Pantene ကနေ Selena ရတဲ့ လစာကတော့ $ 3 Million ဖြစ်ပါတယ်။
၂၀၁၅ ရဲ့ ဇွန်လ ၂၂ ရက်မှာတော့ Selena ရဲ့ Revival Album က Lead Single ' Good For You' ထွက်လာပါတယ် ။ ဒီသီချင်း ထွက်ထွက်ပြီးချင်း ပထမတပတ်မှာတင် ကော်ပီပေါင်း တသိန်း ၇ သောင်း ကျော် ရောင်းချခဲ့ရတယ်။ Billboard Hot 100 မှာလဲ နံပါတ် ငါး နေရာအထိရောက်ရှိခဲ့သလို 'Mainstream Top 40' Chart ရဲ့ ထိပ်ဆုံး နံပါတ် ၁ နေရာကို ရောက်ခဲ့တဲ့ Selena ရဲ့ ပထမဆုံး သီချင်း ဖြစ်လာပါတယ် ။
၂၀၁၅ မှာပဲ Selena က Hotel Transylvania 2 ရုပ်ရှင်အတွက် အသံသွင်းမှုများ ထပ်မံပြုလုပ်ခဲ့ပါတယ် ။
.2015 -2016
ဒီ ရုပ်ရှင်လေးက စက်တင်ဘာလမှာ ထွက်ရှိခဲ့ပြီး အကောင်း ဘက်က ရှုမြင်သုံးသပ်ခြင်းတွေနဲ့လဲ တွေ့ခဲ့ရပါတယ် ။
Revival Album ကတော့ ၂၀၁၅ ရဲ့ အောက်တိုဘာလ ကိုးရက် နေ့မှာ ထွက်လာပါတယ် ။ Album က Critics တွေကနေ Positive Reaction တွေ များစွာ ရခဲ့သလို Album ရဲ့ ထုတ်လုပ်မှုအပိုင်းနဲ့ ခံစားချက်အပြည့်ပါတဲ့ အချက်ကိုလဲ ကျေနပ်ခဲ့ကြကာ ချီးမွမ်းမှုတွေ ရှိခဲ့ပါတယ် ။
Billboard 200 Chart မှာလဲ တစ်စွဲခဲ့ပါသေးတယ် ။
Album ရဲ့ ဒုတိယ Single အဖြစ် ထွက်လာတာကတော့ Same Old Love ပါ ။ ဒီသီချင်းဟာလဲ Good For You လိုပဲ Billboard Hot 100 Chart မှာ နံပါတ် ငါး နေရာရောက်ခဲ့သလို 'Mainstream Top 40' Chart မှာ နံပါတ် ၁ နေရာကို ထပ်ရောက်ခဲ့တဲ့ Sel ရဲ့ ဒုတိယ မြောက် သီချင်းပါ
Hands To Myself ကတော့ Album ရဲ့ တတိယမြောက် Single ပါ ။ ဒီသီချင်းက ' Mainstream Top 40 ' Chart မှာ နံပါတ် ၁ နေရာ ရောက်ခဲ့တဲ့ Selena ရဲ့ တတိယမြောက် သီချင်းပါ ။
ဒါကြောင့် Selena ဟာ Album တစ်ခုထဲကနေ ဒီ Chart မှာ နံပါတ် ၁ နေရာကို ၃ ခါရခဲ့တဲ့ အမျိုးသမီးအဆိုတော် ၆ ဦးထဲက တစ်ဦး ဖြစ်ခဲ့ရပါတယ် ။
၂၀၁၆ ခုနှစ်ရဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ Selena က 'Saturday NightLive' ရှိုးပွဲမှာ အစီအစဉ် တင်ဆက်သူ Ronda Rousey နဲ့အတူ Musical Guest အဖြစ် ပါဝင်ခဲ့ပါတယ်။
Revival Tour ကို Selena က ၂၀၁၆ ခုနှစ်ရဲ့ မေလ ၆ ရက်နေ့မှာ စတင်လိုက်ပါတယ် ။
ဒါပေမဲ့ မြောက်အမေရိက Asia တခွင်နဲ့ Oceania တို့မှာ ဖျော်ဖြေအပြီးမှာတော့ သူမရဲ့ ကျန်ရှိနေသေးတဲ့ တောင်အမေရိကနဲ့ ဥရောပက Tour တွေကို ဖျက်သိမ်းလိုက်ပါတော့တယ် ။ ဒီလို လုပ်ရခြင်းအကြောင်းကတော့ သူမရဲ့ Lupus ရောဂါကြောင့် ပြင်းထန်စပြုလာတဲ့ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကြောင့်ပါပဲ
Sel က ဟာသရုပ်ရှင် ' Neighbors 2: Sorority Rasing ' မှာလဲ ဇာတ်ပို့ နေရာက ပါဝင်ခဲ့ပါတယ် ။
ဒီဇာတ်ကားမှာတော့ Sel က Phi Lambda က တက္ကသိုလ်ကျောင်းသူများရဲ့ လူမှုရေး အဖွဲ့ ဥက္ကဌ အဖြစ် သရုပ်ဆောင်ထားတာပါ ။
ဒီအတောအတွင်းမှာ သူမနဲ့ Charlie Puth ရဲ့ သီချင်း ' we don't talk anymore' ကလဲ Chart အချို့ရဲ့ Top Ten List ကို ဝင်ရောက်စ ပြုနေပြီ ဖြစ်နေပါတယ် ။
The Fundamentals of Caring အမည်ရှိ ဒရာမာ ရုပ်ရှင်မှာလဲ Selena ပါဝင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို မင်းသား James Franco နဲ့ သူမရဲ့ In Dubious Battle ရုပ်ရှင်လဲ ထွက်လာပါတယ် ။
Revival Tour လုပ်နေစဉ်အတောအတွင်းမှာတော့ Selena က Interscope Label နဲ့ ထုတ်မဲ့ သူမရဲ့ ဒုတိယမြောက် Album အတွက် စီစဉ်နေခဲ့တာပါ ။
ဒီ့အတွက် Tour လုပ်နေစဉ်မှာ Feel Me လို့ခေါ်တဲ့ သီချင်းအသစ် တစ်ပုဒ်ကိုပါ ဖျော်ဖြေပေးခဲ့ပါတယ် ။ ဒီသီချင်းကို ပထမဆုံး ဖျော်ဖြေမှုအပြီး ကိုးလ အကြာမှာတော့ Online မှာ Leak လာခဲ့ပါတယ် ။
Selena ကတော့ ဒီသီချင်းကို အခုချိန်မှာ Single အဖြစ်ထုတ်ဖို့ စိတ်ကူးမရှိတော့ပါဘူး ။
Tour ကို ဖျက်သိမ်းမှုတွေ အပြီးမှာတော့ Selက သူမရဲ့စိတ်ကျန်းမာရေး အတွက် ကျန်းမာရေးစင်တာကို နောက်တခါ ဝင်သွားခဲ့ပြီး Social Media ကနေပါ ပျောက်ကွယ်သွားခဲ့ပါတယ် ။
2016
သုံးလ ကျော်ကြာ ပျောက်ကွယ်နေမှုအပြီး ၂၀၁၆ ခုနှစ်ရဲ့ American Music Award ဆုပေးပွဲမှာတော့ Selena ကို ပထမဆုံး လူမြင်ကွင်းမှာ ပြန်တွေ့ခဲ့ကြရပါတယ် ။ ဒီဆုပေးပွဲအတွက် Selena က Artist of the year နဲ့ Favourite Pop/Rock ဆု အမျိုးအစား နှစ်ခုအတွက်လျာထားခြင်း ခံခဲ့ရပြီး ဒုတိယမြောက်ဆုကိုတော့ သူမရသွားခဲ့ပါတယ် ။
၂၀၁၆ ရဲ့ ဒီဇင်ဘာလမှာတော့ သူမဟာ Luxury brand တစ်ခုဖြစ်တဲ့ Coach ရဲ့ မျက်နှာစာ ဖြစ်လာပါတော့တယ် ။ Coach နဲ့ သူမ စာချုပ်ချုပ်လိုက်ပြီးတဲ့နောက် သူမရတဲ့ လစာကတော့ $ 10 Million ပဲ ဖြစ်ပါတယ် ။
===၂၀၁၇–လကျရှိ===
၂၀၁၇ ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာတော့ Sel က သူမရဲ့ သီချင်းသစ်အကြောင်းကို Instagram ကနေ အရိပ်အမြွက်ပြောပြခဲ့ပါတယ် ။ နောက်ငါးရက်အကြာမှာတော့ DJ Kygo က သူနဲ့ Selena တို့ရဲ့ Collaboration အကြောင်းကို ထုတ်ပြောခဲ့ပါတယ် ။ တပတ်အကြာမှာ Sel နဲ့ Kygo တို့က သူတို့သီချင်းအသစ်ရဲ့ နာမည် 'It ain't me' ကို အတည်ပြုခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ် ။
It ain't me ဟာ Billboard Hot 100 ရဲ့ Top Ten နေရာကို ရောက်ခဲ့ပါတယ် ။
.ဒီအတောအတွင်း Selena ဟာ သူမအကြိုက်ဆုံး စာအုပ်ဖြစ်တဲ့ 13 Reasons Why ကို စီးရီးတစ်ခုအဖြစ် ပြောင်းလဲရာမှာ Executive Producer အဖြစ်လဲလုပ်ကိုင်ခဲ့ပါတယ် ။ Sel က ဒီစီးရီးလေးရဲ့ ပထမဆုံး Trailer ကို ဇန်နဝါရီလ ၂၅ ရက် ၂၀၁၇ ခုနှစ်မှာ စတင် ပြသခဲ့တာပါ ။ စီးရီးကို မတ်လ ၃၁ ရက် မှာNetflix ကနေ စတင်ထုတ်လွှင့်ခဲ့ပါတယ် ။
ဒီပရောဂျက်အပြင် Sel လုပ်ကိုင်နေခဲ့တာကတော့ သီချင်းအသစ်အတွက်ပဲ ဖြစ်ပါတယ် ။
မေလ ၁၁ ရက်အရောက်မှာတော့ သူမ သီချင်း Bad Liar ထွက်လာပါတယ် ။
သူမဂုဏ်ယူရတဲ့ ဒီသီချင်းက အကောင်းဘက်က ရှုမြင်သုံးသပ်မှုများစွာနဲ့ ချီးကျူးခံခဲ့ရတဲ့သီချင်းဖြစ်ပြီး
bad liar ရဲ့ Music Video ကိုတော့ LGBT လူစုအတွက် နောက်တစ်လအကြာမှာ pride month မှာထုတ်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ နောက်ထွက်မဲ့ သီချင်း Fetish အတွက်ပါ အသိပေးခဲ့ပါတယ် ။
Fetish ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။တစ်နေ့ထဲမှာပဲ Selena သီဆိုထားတဲ့ Stained ဆိုတဲ့ အဆွေးသီချင်းလေးက Leak လာခဲ့ပါတယ် ။
၂၀၁၇
၂၀၁၇ ရဲ့ သြဂုတ်လမှာ Selena က ဒါရိုက်တာ Woody Allen ရိုက်ကူးတဲ့ A Rainy Day in Newyork ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ အရွေးခံရပါတယ် ။ ရုပ်ရှင်ကို နယူးယောက်မြို့မှာ ရိုက်ကူးအပြီးမှာတော့ Selena က ဒီရုပ်ရှင်က ရသမျှ အကျိုးအမြတ်အားလုံးကို Time's Up ပရဟိတ အသင်းခွဲတွေကို ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ကြောင်းကြေငြာပါတယ် ။
စက်တင်ဘာလ အရောက်မှာတော့ Selena က PUMA
ရဲ့ Family ဖြစ်လာပါတော့တယ် ။ PUMA နဲ့ သူမ စာချုပ်ချုပ်တာဟာ $30 Million ကျော် ကုန်ကျပြီး PUMA Campaign ကိုလဲ သူမပဲ ဦးဆောင်ခဲ့ကာ ဒီBrand အတွက် ဖိဖိစီးစီး ကြော်ငြာများ ဆက်တိုက်ဆိုသလို ရိုက်ကူးပေးနေခဲ့တာပါ ။
အဲ့ဒါအပြင် Selena နဲ့ Coach ရဲ့ ဒီဇိုင်နာတို့ ပူပေါင်းဖန်တီးထားတဲ့ 'Selena Grace' အမည်ရ Coach လက်ကိုင်အိတ်တွေကိုလဲ စက်တင်ဘာလမှာတင် နယူးယောက်မြို့မှာ စတင်ရောင်းချခဲ့ကြပါတယ် ။
အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သူမနဲ့ EDM producer 'Marshmello' တို့ဟာ သူတို့ရဲ့ သီချင်းအသစ်အတွက် Collaboration အကြောင်းကို အသိပေးလာပါတယ် ။
သူတို့ရဲ့ သီချင်းဖြစ်တဲ့ Wolves ကတော့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထွက်လာပါတယ် ။
၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက PUMA ရဲ့ Family ဖြစ်နေခဲ့တဲ့ Sel ဟာ ၂၀၁၈ ခုနှစ်ရဲ့ မတ်လအရောက်မှာတော့ သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့ Sneakers တွေနဲ့ ခြေအိတ်တွေကို PUMA နဲ့ ပူးပေါင်းပြီး ထုတ်ဖို့ စတင်စီစဉ်ပါတော့တယ် ။ သူမ ပထမဆုံး ဒီဇိုင်းဆွဲခဲ့တဲ့ PUMA ဖိနပ်တွေဟာ Phenom Lux လို့ ခေါ်ပြီး အလွယ်တကူ ဖြုတ်ယူ/ တပ်ဆင် လို့ရတဲ့ ခြေကျင်းလေးတွေနဲ့ပါ ။
ဒီဖိနပ်လေးတွေနဲ့ ခြေအိတ်လေးတွေက ဧပြီလ ၆ ရက်နေ့ကစလို့ ဈေးကွက်ထဲ စတင်ရောက်ရှိခဲ့ပြီး အချို့နိုင်ငံတွေမှာတော့ စရောင်းရောင်းပြီး နာရီ အနည်းငယ်အကြာမှာတင် ပစ္စည်းအားလုံး ပြတ်လပ်သွားခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ် ။
Sel ရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖိနပ်တွေနဲ့ ခြေအိတ်တွေကို ရောင်းချလို့ရတဲ့ အမြတ်ငွေထဲက $ 100,000 ကိုတော့ Lupus ရောဂါကို သုတေသနလုပ်ဖို့ လှူဒါန်းခဲ့ပါတယ် ။
Sel က ၂၀၁၈ ခုနှစ်ရဲ့ ဧပြီလမှာ LA က We Day California အခမ်းအနားကို တက်ရောက်ခဲ့ပါတယ် ။ ဒီ အခမ်းအနားမှာပဲ Sရှားပါးတဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ သူမပရိသတ်လေး Nellie Mainor ကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။
၂၀၁၈ ခုနှစ်ရဲ့ မေလမှာ Selena က သူမထုတ်လုပ်တဲ့ 13 Reasons Why စီးရီး ဒုတိယ ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေးဖြစ်တဲ့ Back To You ကို ထုတ်ပေးပါတယ်
ဇွန်လဆန်းပိုင်းမှာတော့ Selက သူမရဲ့ လေးခုမြောက် Emmy Award ကို " 13 RW " Serie နဲ့ ထပ်မံရရှိသွားခဲ့ပါတယ် ။
2018
သူမ ထုတ်လုပ်တဲ့ ဒီSeries တွေက Society မှာ အကောင်းဘက်က ရှုမြင်ခြင်းတွေနဲ့ လွှမ်းခြုံပေးနိုင်တဲ့ အတွက်ပါတဲ့ ။
အဲ့ဒါအပြင် IGTV အတွက် Sel ရဲ့Project အသစ်လေးဟာလဲ ဇွန်လကုန်ခါနီးမှာ ထပ်ထွက်လာပါတယ် ။
IGTV ဆိုတာဟာ Instagram ရဲ့ Tool အသစ်ဖြစ်ပြီး 15 စက္ကန့်ကနေ 60 မိနစ်လောက်အထိ ရှည်တဲ့ Video Clip တွေကို တင်လို့ရတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ် ။ Selena ကတော့ ဒီ Instagram ရဲ့ Platform အသစ်မှာ ပထမဦးဆုံး Video ကို တင်တဲ့သူ ဖြစ်ပါတယ် ။
သူ့ရဲ့ Video လေးကတော့ A love story လို့ခေါ်ပြီး Fetish mv ရဲ့ Directorလဲဖြစ်သလို Selena ရဲ့ သူငယ်ချင်းလဲ ဖြစ်တဲ့ Petra Collins ကပဲ ရိုက်ကူးပေးထားတာပါ။
Sel က Hotel Transylvania 3 ရုပ်ရှင်ရဲ့ Mavis ကာရိုက်အတွက် အသံသွင်းမှုတွေလဲ ထပ်မံပြုလုပ်ခဲ့ပါတယ် ။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်ရဲ့ ဇူလိုင်လမှာ ထွက်ရှိခဲ့တာပါ ။
ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၈ မှာတော့ လော့စ်အိန်ဂျလိစ် က အစိုးရရှေ့နေများက နယူးဂျာစီ အမျိုုးသမီးတစ်ဦးကို ထိန်းသိမ်း အရေးယူလိုက်ကြောင်း ကြေငြာပါတယ် ။
ဒီအမျိုးသမီးက Selena ပိုင်ဆိုင်တဲ့ Email acc တွေကို Hack ပြီး Sel ရဲ့ Instagram acc မှာလဲ ပုံတွေ ဝင်တင်ခဲ့တာကြောင့်ဖြစ်ပါတယ် ။
ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၈ မှာတော့ လော့စ်အိန်ဂျလိစ် က အစိုးရရှေ့နေများက နယူးဂျာစီ အမျိုးသမီးတစ်ဦးကို ထိန်းသိမ်း အရေးယူလိုက်ကြောင်း ကြေငြာပါတယ် ။
၂၀၁၈ ခုနှစ်ထဲမှာတင် ကြေငြာခဲ့တာကတော့ Sel ဟာ ဒါရိုက်တာ Stephan Gaghan ရိုက်ကူးတဲ့ The Voyage of Dr Dolittle ရုပ်ရှင်မှာ ဝင်ရောက် အသံသရုပ်ဆောင်မယ်ဆိုတာပဲ ဖြစ်ပါတယ် ။ ဒီရုပ်ရှင်ဟာ ဧပြီလ ၁၉ ရက် ၂၀၁၉ ခုနှစ်မှာ ထွက်လာမှာ ဖြစ်ပါတယ် ။
Selena က Jim Jarmusch ရဲ့ ရုပ်ရှင် The Dead Don't Die မှာလဲ ပါဝင်လာဦးမှာပါ ။
==ထွက်ရှိပြီးတေးစီးရီးအယ်လ်ဘမ်များ==
ဆယ်လီနာ သည် "Selena Gomez & the Scene" ဂီတအဖွဲ့တွင် ပင်တိုင်အဆိုတော်ဖြစ်ပြီး အခွေသုံးခွေထွက်ခဲ့သည်။ ထို့နောက်သူမတစ်ဦးတည်းအနေဖြင့် နှစ်ခွေထွက်ရှိထားသည်။
===Selena Gomez & the Scene albums===