မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
စာကြောင်း ၇၇ -
 
(နန်စော) အရိုင်း သောင်းကျန်းသူ များသည် ထိုဒေသကို တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ယနေ့ထက်တိုင် အခဲမကျေကြချေ။
 
===သုံးသပ်ချက် ၂===
ဤ“ယယ့်ပန့်” ဟူသော နေရပ်သည် သေးငယ်သော အရပ်ဒေသ တစ်ခုသာဖြစ်သည်။ ထန်မင်းဆက် သမိုင်းသစ် ပျူနိုင်ငံမှတ်တမ်းမှာ ပျူတို့ ထင်ရှားကျော်ကြားသော“မြို့ငယ်” ၃၂ ခု စာရင်းတွင် “ယယ့်ပန့်” ပါရှိ၏။ သို့ရာတွင် တည်နေရာကို မဖေါ်ပြထားချေ။ အထက်ပါ ကောက်နှုတ်ချက်တွင် ယယ့်ပန့်၏ တည်နေရာကို အတိအကျမပြထားသော်လည်း ယခု ဗန်းမော်အနီးအပါးတွင် တည်ရှိကြောင်း ထင်ရှားသည်။ ချန်း(င်)ဝမ့်(င်)ကို ယခု ဗန်းမော်၊ လိရွှေမြို့ကို ယခု ဝိုင်းမော်ဟူ၍ ဆရာကြီး လုစ်က ဖေါ်ထုတ်ခဲ့ပြီဖြစ်၏။ ယယ့်ပန့်၏ ရှေးဟောင်းဖတ်သံသည် ia-puan [တစ်နည်းအားဖြင့် Ja-puan (ယာ ပု-အန်)] ဖြစ်သည်။ ထိုအမည်၏ ရှေးဟောင်း အသံထွက်ကို လေ့လာခြင်းအားဖြင့် ထိုဒေသသည် ပုဂံခေတ် မြန်မာကျောက်စာလာ ယင့်ပည်နှင့် ထပ်တူဖြစ်တန်ရာသည်။ ယယ့်ပန့်သည် ယခု ဗန်းမော်အနီးရှိ ရွှေဂူပင်လောဟု တွေးထင်ဖွယ်ရှိသည်။ ခရစ်နှစ် ၇၆၂-၃ ခုနှစ် အတွင်း ကော်လော်ဖဲင့် စစ်ခင်းသည့်အခါ၊ ယယ့်ပန့်ကိုကျော်ဖြတ်ခဲ့ဖူးသော်လည်း တောနက်ထဲရှိ ယယ့်ပန့်သို့ မဝင်ရောက်နိုင်ခဲ့ချေ။
 
 
===ကောက်နှုတ်ချက် ၃===
Line ၈၂ ⟶ ၈၆:
 
ဟူ၍ ဖေါ်ပြထားသည်။
 
===သုံးသပ်ချက် ၃===
နားကြီးနိုင်ငံဟူသည် ကန္တူ (ကန္တူး = ကဒူး)ကို ရည်ညွှန်း၏။ မြန်မာကျောက်စာလာ “ကန္တူငနားကြီး” နှင့် ထပ်တူဖြစ်ပေမည်။ ထိုသူ၏ ရှေးဟောင်းနေရပ်သည် ဥရုချောင်းဒေသတလျှောက် ဖြစ်တန်ရာသည်။ ခရစ်နှစ် ၁၇ ရာစုတွင် တကောင်းသည် သူတို့၏အချက်အချာဒေသ ဖြစ်လာသည်။
 
===ကောက်နှုတ်ချက် ၄===
Line ၈၈ ⟶ ၉၅:
လိရွှေကို လုပေးမြစ် ဟူ၍လည်း ခေါ်၏။ (တိဗက်) လာဆာမြို့ စန်းဝေတောင်ခြေမှ မြစ်ဖျားခံသည်။ တောင်ဘက်သို့ စီးဆင်းလာရာ၊ လိရွှေမြို့ အနောက်ဘက်ကို ကျော်လွန်လာ၏။ ထို့နောက် တောင်ဘက်သို့ စီးဆင်း
လာရာ ချန်း(င်)ဝမ့်(င်)မြို့သို့ ရောက်သည်။ ထို့နောက် အရှေ့တောင်ဘက်တွင် တောက်ရွှမ်း(င်)ချိုင့်ဝှမ်း၊ တောက်ဝုချိုင့်ဝှမ်းကို ကျော်ဖြတ်လာ၏။ အနောက်ဘက်တွင် မီနောတောက်လိသစ်တပ်ကို ကျော်ဖြတ်လာ၏။ ထို့နောက် အနောက်ဘက်တွင် မီနော့မြစ် နှင့် ပေါင်းဆုံ၍ ပျူနိုင်ငံ (မြို့တော် သို့မဟုတ် အချက်အချာဒေသ)ကို ကျော်ဖြတ်လာ၏။ တောင်ဘက်တွင်ပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။
 
===သုံးသပ်ချက် ၄===
ဤအပိုဒ်တွင် မြစ်ကြီးနှစ်သွယ်၏ အမည်ကို ပြထား၏။ လိရွှေသည် ဧရာဝတီမြစ်ဖြစ်၍ မီနာ့မြစ်သည် ချင်းတွင်းမြစ် ဖြစ်သည်။ မီစေ့၏ ရှေးဟောင်းဖတ်သံသည် Mjie-Nak ဖြစ်၏။ မြန်မာဝေါဟာရ “မ္လစ်နက်” [MLAC-NAK]နှင့် နီးစပ်၏။ ပုဂံခေတ် ခေတ်ပြိုင် တရုတ်မှတ်တမ်း တစ်စောင်မှာလည်း ချင်းတွင်းမြစ်ကို “မြစ်နက်” [HEI-SHUT (BLACK RIVER)] ဟု ဖေါ်ပြထားသည်။ မီနာ့၏ ရှေးဟောင်းဖတ်သံသည် ရှေးဟောင်းမြန်မာအသံထွက် MLAC-NAK နှင့် နီးစပ်သော်လည်း ထိုအမည်ကို မြန်မာတို့ပေးခဲ့သောအမည်ဟု မမှတ်ယူသင့်ချေ။ ရှေးဦးမြန်မာတို့နှင့် ဘာသာစကားအားဖြင့် နှီးနွယ်သောမျိုးနွယ်စုတစ်စု ခေါ်တွင်ခဲ့သောအမည် ဖြစ်တန်ရာသည်။
 
ဤအပိုဒ်ကို လေ့လာခြင်းအားဖြင့် ထန်မင်းဆက်သမိုင်းသစ်လာ ပျူတပ်မြို့ကိုးမြို့ စာရင်းထဲက တစ်မြို့ဖြစ်သော “မီနော့တောက်လိ” [ရှေးဟောင်းဖတ်သံ MJIE NAK DAU: LIAP] ၏ တည်နေရာကို ခန့်မှန်းနိုင်ပြီ ဖြစ်၏။ မီနော့တောက်လိ သစ်တပ်ကို ယနေ့ မြင်းခြံကမ်းနား အနီးတဝိုက်ဖြစ်ကြောင်း ပါမောက္ခ လုစ် သတ်မှတ်ထားခဲ့ပြီဖြစ်သည်။ မီနော့တောက်လိမြို့သည် ယခု နွားထိုးကြီးမြို့ အရှေ့ဘက် ငါးမိုင်ခန့်အကွာရှိ ဘုရားကြီးရွာအနီး မြို့ဟောင်းရာ ဖြစ်ပေလိမ့်မည်။ ထိုမြို့ဟောင်းရာကို ဆရာဦးအောင်မြင့်က “ဝတီးမြို့ဟောင်း”ဟု အမည်ပေးထားသည်။
 
ထန်မင်းဆက် တရုတ်တို့က ဧရာဝတီကို “လိရွှေ” (လှပသောမြစ်/ မြစ်လှ)ဟုခေါ်တွင်ခဲ့၏။ နောင်အခါတွင် မြန်မာတို့က ဧရာဝတီမြစ်၏ မြစ်လက်တက် တစ်ခုကို “ရွှေလီ”ဟု ခေါ်တွင်လာသည်။
 
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ပေါင်းဆုံ၍ တောင်ဘက်သို့ စီးဆင်းလာရာ “ပျူတို့၏ အချက်အချာကို ကျော်ဖြတ်၍ ပင်လယ်ထဲသို့ စီးဝင်သွားကြောင်း” ဟူသောအချက်ကို ကြည့်ခြင်းအားဖြင့် ခရစ်နှစ် ရှစ်ရာစုနှင့် ကိုးရာစုအတွင်းက ပျူမြို့တော်သည် သရေခေတ္တရာသာ ဖြစ်ကြောင်း ထင်ရှားသည်။
 
===ကောက်နှုတ်ချက် ၅===